နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက “ဗြိတိန်အနေနှင့် အနီးကပ် စောင့်ကြည့်နေကြောင်း” အစ္စရေးကို ပြောကြားခဲ့

ဂါဇာကမ်းမြောင်ဒေသအတွင်း အကူအညီများ ရွေ့လျားပေးပို့ နိုင်စေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိရေးအတွက် သင့်လျော်သော ပဋိပက္ခများ ကင်းရှင်းရေးသည် နယ်မြေအတွင်း ကျန်ရှိနေသူများ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံသား သုံးဦးအပါအဝင် လူသားချင်းစာနာမှု အကူအညီပေးနေသည့် လုပ်သားခုနစ်ဦး သေဆုံးစေခဲ့သည့် ကြောက်မက်ဖွယ်ဖြစ်ရပ်များကို ကင်မရွန်းက ရှုတ်ချခဲ့သည်။

“ ပြီးခဲ့တဲ့ နှစ်ရက်ရဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေဟာ ဝမ်းနည်းဖွယ် အသတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား သုံးဦး အပါအဝင် ရဲရင့်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေ ဆုံးရှုံးရမှုအတွက် ဝမ်းနည်းကြေကွဲခဲ့ရတဲ့ အခိုက်အတန့်ပါပဲ” ဟု ကင်မရွန်းက ဘရပ်ဆဲလ်မြို့တွင် နေတိုးဝန်ကြီးများ ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိလာစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။ . ဂါဇာရှိ ကမ္ဘာ့ဗဟိုစားဖိုချောင် (World Central Kitchen) အကူအညီပေးရေးလုပ်သားများ အသတ်ခံရမှုနှင့်ပတ်သက်၍ ဆင့်ခေါ်ခံရပြီးနောက် အင်္ဂါနေ့တွင် လန်ဒန်ဆိုင်ရာ အစ္စရေးသံအမတ်က သူ့ကို အဖြစ်အပျက်ကိုအပြည့်အဝ၊ အလျှင်အမြန် ပွင့်လင်းမြင်သာစွာ စုံစမ်းမေးမြန်းမည် ဖြစ်ကြောင်း ပြောကြားမှုကို သူက ကြိုဆိုကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။ “ဒီကိစ္စ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန် သိချင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများရရှိရန် ၎င်း၏ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး ၎င်းသည် “ မရှိမဖြစ်” လုပ်ဆောင်ရမှာ ဖြစ်ပြီး ဗြိတိန်သည် ၎င်းဖြစ်မြောက်လာရေးအတွက် “ အလွန်နီးကပ်စွာ” စောင့်ကြည့်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့သည် ဤအကြောင်းအရာကို ယခင်က ကတိပြုထားခဲ့ကြပြီး၊ အရေးကြီးသော ကုန်ပစ္စည်းများ ဖြတ်ကျော်တင်ပို့ရသော နေရာများတွင် ကြာကြာလမ်းဖွင့်ပေးချိန်များအပါအဝင် အမှန်တကယ်ဖြစ်လာရန် လိုအပ်သည်” ဟု ကင်မရွန် မှ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 15 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး