နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

လရဲ့အမှောင်ဘက်ခြမ်းကို လေ့လာမယ့် မောင်းသူမဲ့ယာဉ်ကို တရုတ်လွှတ်တင်

လရဲ့အမှောင်ဘက်ခြမ်းကို လေ့လာမယ့် မောင်းသူမဲ့ယာဉ်ကို တရုတ်လွှတ်တင် ++++++++++++++++++++++++++ တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားကို လေ့လာဖို့အတွက် မောင်းသူမဲ့ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့တာကြောင့် သမိုင်းဝင်မစ်ရှင်ကို ကြိုးပမ်းတဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒီမစ်ရှင်အတွက် တရုတ်နိုင်ငံရဲ့ အကြီးဆုံးဒုံးပျံဖြစ်တဲ့ Long March 5 ကို တောင်ပိုင်းက ဟိုင်နန်ကျွန်းမှာ Chang’e 6 အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့အတူ လွှတ်တင်ခဲ့တာပါ။ နှစ်လနီးပါးကြာမြင့်မယ့် အဲဒီမစ်ရှင်အတွင်း လကမ္ဘာ အမှောင်ဘက်ခြမ်းက ကျောက်တုံးတွေနဲ့ မြေဆီလွှာတွေကို သယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘာမြေကနေ မမြင်ရတဲ့ လကမ္ဘာအမှောင်ဘက်ခြမ်းက မြေဆီနမူနာတွေကို စူးစမ်းလေ့လာခွင့်ရတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတော့မှာပါ။ ဒါဟာ တရုတ်နိုင်ငံ အာကာသလေ့လာစူးစမ်းရေးအစီအစဉ်ရဲ့ သမိုင်းမှတ်တိုင်သစ်လည်းဖြစ်ပါတယ်။ ဆယ်စုနှစ် ၄ ခုတာကာလအတွင်းက ယခင်မစ်ရှင်တွေမှာ လူသားတွေဟာ လကမ္ဘာပေါ်ကို အခြေချနိုင်ဖို့ ကြိုးစားခဲ့ကြသလို တရုတ်နိုင်ငံက မောင်းသူမဲ့ ယာဉ်နဲ့ လပေါ်ဆင်းသက်ခြင်းတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ တရုတ်မောင်းသူမဲ့အာသယာဉ်အနေနဲ့ လကမ္ဘာပေါ် နောက်ဆုံးအကြိမ်ဆင်းသက်မှုကို ဇွန်လအတွင်းပြုလုပ်သွားမှာဖြစ်ပြီး မြေဆီနမူနာကို ၄ ပေါင်ခန့်ရဖို့ နှစ်ရက်ကြာ စုဆောင်းရမှာဖြစ်ပါတယ်။ လကမ္ဘာပေါ်က အချက်အလက်တွေစုဆောင်းခြင်းနဲ့ စူးစမ်းလေ့လာမှုဟာ တရုတ်နဲ့ရုရှားတို့ဦးဆောင်မယ့် လကမ္ဘာပေါ် သုတေသနစခန်းတစ်ခုတည်ဆောက်မယ့် အစိတ်အပိုင်တစ်ခုလည်းဖြစ်ပါတယ်။ ဒုံးပျံလွှတ်တင်ချိန်မှာ ဥရောပနဲ့ ပါကစ္စတန်က သိပ္ပံပညာရှင်တွေ၊ သံတမန်တွေနဲ့ အာကာသအေဂျင်စီမှ တာဝန်ရှိသူတွေလာရောက်လေ့လာခဲ့ကြပေမယ့် အမေရိကန်အဖွဲ့အစည်းတွေကတော့ လာရောက်ခြင်းမရှိကြဘူးလို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ တရုတ်နိုင်ငံကို အမေရိကန် အာကာသအေဂျင်စီ နာဆာနဲ့ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မပြုလုပ်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ် ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဘဏ္ဍာရေးဝန်ကြီးဘက်ဆင့်နှင့် အီလွန်မတ်စ်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ်ငြင်းခုံရန်ဖြစ်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 8 Views
ဧပြီလ (၂၄) ရက်။ ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် သတင်းဝဘ်ဆိုဒ် Axios က ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်၊
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ထရန့်-ဇလန်းစကီး စကားစစ်ပွဲအပြီး ရုရှားက ကိယက်ဗ်ကို တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 11 Views
ဧပြီလ (၂၄) ရက်။ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ၂၄ ရက်နေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှု မစမီ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏ အမိမြေလုံခြုံရေးဝန်ကြီး လုံခြုံရေးများ ရှိနေသည့်ကြားက ပိုက်ဆံအိတ် အခိုးခံရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 16 Views
++++++++++++ ဧပြီလ (၂၃) ရက်။ အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနုံးမ် (Kristi Noem) သည် အီစတာနေ့ (ဧပြီလ ၂၀ရက်နေ့) တွင် မိသားစုများနှင့် ဝါရှင်တန်ဒီစီရှိ စားသောက်ဆိုင်တခုတွင် စားသောက်ပွဲကျင်းပနေစဥ် သူမ၏လက်ကိုင်အိတ်ကို ခိုးယူခြင်းခံခဲ့ရ‌ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ ဟိမ၀န္တာဒေသမှာ အရပ်သားအများ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလို့ ယူဆရပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသား၊
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 10 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့ကို သွားရောင်းလည်ပတ်ရင်း ဂျေဒီဗန့်စ်က အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအချို့ရဲ့ “တူညီခြင်းနဲ့
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
ဧပြီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဖြစ်သော်လည်း သုညတော့ ဖြစ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်တွင် ဧပြီလ (၂၃) ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။ ထရန့်၏ မှတ်ချက်များသည် တရုတ်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်က DOGE တွင် အချိန်ပြည့် အာရုံစိုက်ဆောင်ရွက်နေသည့်အချိန်ကို သိသိသာသာ လျော့ချပြီး တက်စလာ(Tesla) ကားလုပ်ငန်းကို အာရုံပြန်စိုက်တော့မည်ဟုပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 10 Views
တက်စလာ (Tesla) သည် ဝင်ငွေ သိသာစွာ လျော့ကျမှုများကို အစီရင်ခံခဲ့ပြီး နိုင်ငံရေးနှင့် ထရန့်၏အခွန်မူဝါဒများသည် ကုမ္ပဏီအပေါ် ထိခိုက်စေမည်ဟု သတိပေးခဲ့သည်။ မတ်စ်က အကောက်ခွန်ကို လျှော့ကောက်ရန်အတွက် အကြံပြုမည်ဟု ပြောကြားခဲ့သည်။ နည်းပညာဘီလျံနာ အီလွန်မတ်စ်က လာမည့်လမှစတင်ကာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပူတင်အဆိုပြု

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 12 Views
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နှစ်အတန်ကြာအတွင်း ပထမဆုံးအနေဖြင့် ယူကရိန်းနဲ့ အပြန်အလှန်ဆွေးနွေး မယ်လို့ အဆိုပြုလိုက်ပါတယ်။ အဲဒီအဆိုပြုချက်မှာ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထပ်မံပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးတည်ထောင်ဖို့ ဝါရှင်တန်က ဖိအားပေး နေချိန်မှာ ပူတင်ရဲ့