နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းကွန်ဒိုများ ပြည်တွင်းမှာ ရောင်းချသူ/ဝယ်ယူသူတွေကို စစ်ကောင်စီ ဖမ်းဆီး

ဇွန်လ (၃) ရက်။

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ပြပွဲပြုလုပ်ရောင်းချသူတွေကို ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ အခြေစိုက် Minn Thu ကုမ္ပဏီက ဒါရိုက်တာဦးအောင်ကျော်ထွန်းနဲ့ အထွေထွေမန်နေဂျာ ဦးမင်းကျော်သူတို့ကို ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေပြည်တွင်းမှာ တရားမဝင်ရောင်းချမှုနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ခွင့်ပြချက် မရှိဘဲ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ အရောင်းပြပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေက ပေးချေတဲ့ မြန်မာကျပ်ငွေတွေကို ထိုင်းနိုင်ငံကို တရားမဝင်ဟွန်ဒီကနေ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် Minn Thu ကုမ္ပဏီက ရောင်းချခဲ့တဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူထားတဲ့ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနဲ့ ဒေါ်မြတ်မြတ်မွန်တို့ ၃ ဦးကို ထိုင်းနိုင်ငံရှိ ဘဏ်တွေမှာ တရားမဝင် ဘဏ်စာရင်း ဖွင့်လှစ်မှု၊ တိုက်ခန်းဖိုး ငွေကြေး တရားမဝင် လွှဲပြောင်းမှုတို့နဲ့ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံတွေက ကွန်ဒိုတိုက်ခန်းတွေကို အွန်လိုင်းက ရောင်းချနေတဲ့ ကုမ္ပဏီတွေနဲ့ ဝယ်ယူသူတွေကို ဆက်လက်အရေးယူမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 6 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးထုတ်လုပ်ဖို့ တရုတ် ပံ့ပိုးကူညီနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးတွေ ထုတ်လုပ်ဖို့ကို တရုတ်က ပံ့ပိုးကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 24 Views
ဇူလိုင်လ (၁၇)ရက်။ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်ပြီးတော့ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 20 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက ပစ်လိုက်တဲ့
မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ
မြန်မာသတင်း

စစ်ကြောင်းတွေခွဲပြီး မြေပြင်၊ ဝေဟင် တိုက်ခိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ မြေပြင်၊ ဝေဟင် စစ်ဗျူဟာတွေ ပေါင်းစပ်ကာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးနဲ့
မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 22 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SNA က မြစ်သေးချင်းရွာအနီး နယ်မြေချဲ့ထွင်ကာ အထိုင်ချထားတဲ့ ကင်းစခန်းကို ကသာခရိုင်အမှတ်(၄)တပ်ရင်းက
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 24 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန်