နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်တင်အမေရိက

မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ

ဇွန်လ (၃) ရက်။

သမ္မတ လိုပက်စ်အိုဘရာဒို (Lopez Obrador) သက်တမ်းကုန်ဆုံးချိန် မက္ကဆီကိုနိုင်ငံတွင် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အာဏာရ Movement National Renewal (Morena) ပါတီမှ မက္ကဆီကို မြို့တော်ဝန်ဟောင်း ကလောက်ဒီယာ ရှိန်းဘွန်း (Claudia Sheinbaum) က အနိုင်ရသည်ဟု ရွေးကောက်ပွဲ အာဏာပိုင်များက ကနဦး မဲရလဒ်များကို ထုတ်ပြန်ခဲ့သည်။ ကလောက်ဒီယာ ရှိန်းဘွန်းသည် မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာမည် ဖြစ်သည်။

ကလောက်ဒီယာရှိန်းဘွန်းသည် ဆန္ဒမဲ၏ 58.3% နှင့် 60.7% ကြား ရရှိခဲ့သည်။ အတိုက်အခံညွန့်ပေါင်းအဖွဲ့မှ အထက်လွှတ်တော်အမတ် စောချစ်တယ်ဂါးလ်ဗဲလ်စ် (Sochil Gálvez) သည် ဆန္ဒမဲ 26.6% မှ 28.6% ရရှိရန် မျှော်လင့်ထားသည်။ ဗဟိုလက်ဝဲယိမ်း Civic Movement (MC) မှ ဟိုဟေးလ်ဟယ်ဗားရက်စ်မိုင်းနက်စ် ( Jorge Álvarez Maínez) သည် 9.9% မှ 10.8% အထိ ရရှိခဲ့သည်။

ရွေးကောက်ပွဲရလဒ်များ အတည်ပြုပြီးပါက ကလောက်ဒီယာရှိန်းဘွန်းသည် အောက်တိုဘာ ၁ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ဓာတ်ပုံ။

မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ကလောက်ဒီယာ ရှိန်းဘွန်း

Raquel Cunha/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်ပါတီသမတလောင်းအပြောင်းအလဲဖြစ်လာခြင်းအပေါ် CNN -ဖရီးဒ် ဇာကာရီရား ၏သုံးသပ်ချက်။

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 6 Views
သမတလောင်းကိုအစားထိုးပြောင်းလဲလိုက်ခြင်းဖြင့် ဗျူဟာပြောင်းလဲလိုက်ခြင်းသည် စွန့်စားရသော အလုပ်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အောင်မြင်နိုင်မည်လား။ လက်ရှိ အကျပ်အတည်းက ဒီမိုကရက်များအတွက် လမ်းကြောင်းသစ်ကို ပြန်လည်ချမှတ်ရန် အရေးကြီးသော
နိုင်ငံတကာသတင်း အမေရိကန်

ဒုသမ္မတ ကမ်မလာဟားရစ် ကန်းပိန်းပြုလုပ်၊ ၂၄ နာရီအတွင် ရန်ပုံငွေ ၈၁ သန်းကျော်ရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 24 ရက်
  • 10 Views
ဇူလိုင်လ (၂၄) ရက်။ အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဂျိုးဘိုင်ဒင်သည် ယခုနှစ် ၂၀၂၄ ခုနှစ် အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုတော့ဘဲ နှုတ်ထွက်သွားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်၏ခင်ပွန်းအမ်ဟော့ဖ် သည် ဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများကိုတွေ့ဆုံခဲ့သည်။

  • 2024 ခုနှစ်၊ ဇူလိုင်လ 23 ရက်
  • 11 Views
CNN ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့်ခင်ပွန်းဖြစ်သူ ဒေါက်အမ်ဟော့ဖ် (Doug Emhoff) တို့သည် မတ် ၃ ရက်တွင် အလာဘားမားပြည်နယ် မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် (Maxwell) လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြသည်  ။ ဒုတိယသမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရွေးကောက်ပွဲက နှုတ်ထွက်မှု ဆုံးဖြတ်ချက်ကို တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေ တုံ့ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 22 ရက်
  • 15 Views
တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်လည်အရွေးမခံဖို့ ဆုံးဖြတ်ချက်ကို တုံပြန်ခဲ့ကြပါတယ်။ ယူကရိန်း ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ မယိမ်းယိုင်တဲ့ ထောက်ခံမှုတွေအတွက် ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း “မကြာသေးမီနှစ်တွေအတွင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးချခဲ့ပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတအဖြစ် ဝင်ရောက်အရွေးခံတော့မည်မဟုတ်ဟု ဘိုင်ဒင်ကြေညာ

  • 2024 ခုနှစ်၊ ဇူလိုင်လ 22 ရက်
  • 13 Views
++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၂၂) ရက်။ အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖိုနဲ့ သူသမ္မတအဖြစ် ပြန်လည်အရွေးမခံဖို့တော့ဘူးလို့ သမ္မတဘိုင်ဒင်က မနေ့က ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ “ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့
နိုင်ငံတကာသတင်း အာရှ

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 15 Views
ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန် ++++++++++++++++++++++++ အခုမြင်တွေ့နေရတာကတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီးနောက်မှာ မြို့တော်ဒါကာမှာ စစ်သားတွေ ကင်းလှည့်နေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မကြာသေးမီ ကာလအတွင်းမှာပဲ လူအသေအပျောက်တွေနဲ့ ပိုမိုပြင်းထန်လာခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယခုဖြစ်ပွါးနေတဲ့
နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

EU နဲ့ နိုင်ငံအချို့ရဲ့ လူသားစာနာမှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကို စစ်ကောင်စီကန့်ကွက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 24 Views
ဇူလိုင်လ (၁၉)ရက်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအပေါ် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့က ပူးတွဲထုတ်ပြန်ခဲ့တာကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက ကန့်ကွက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၁၅)ရက်နေ့က ကုလသမဂ္ဂဌာနချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တဖက်သတ်စွပ်စွဲချက်တွေနဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 20 Views
AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ ++++++++++++++++++++ ယူကရိန်းနည်းပညာကုမ္ပဏီတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ အသာစီးရစေဖို့အတွက် ဒရုန်းတွေမှာ ဉာဏ်ရည်တုလို့ခေါ်တဲ့ AI နည်းပညာတွေထည့်သွင်းတီထွင်လာကြပါတယ်။ ယူကရိန်းအစိုးရဟာ AI နည်းပညာကြောင့် ရုရှားတွေ တားဆီးထားတဲ့