နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့ထဲက နွယ်ရုံရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်စခန်း (၆)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

ဇူလိုင်လ (၄)ရက်။

စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ နွယ်ရုံရဲစခန်းအပါအ၀င် တပ်စခန်းစုစုပေါင်း (၆)ခုအထိ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီတပ်စခန်း၊ ရွာတော်လေးတပ်စခန်းနဲ့ နွယ်ရုံရဲစခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စဉ့်ကူးစစ်ဆင်ရေးနယ်မြေထဲကနေ လက်နက်မျိုးစုံ (၄၀)ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း (၁၃)ဦးခန့်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စဉ့်ကူးစစ်ဆင်ရေးထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF ကို စဉ့်ကူးမြို့နယ်-ပကဖကလဲ ထောက်ပို့ဆိုင်ရာကိစ္စရပ်တွေ ပံ့ပိုးကူညီပေးနေတယ်လို့ ရေးသားထားပါတယ်။

MDY-PDF အနေနဲ့ စဉ့်ကူးမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကာ “ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

MDY-PDF က မတ္တရာမြို့နယ်ထဲရှိ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအပါအ၀င် စစ်ကောင်စီရဲ့ တပ်စခန်း (၈)ခုကို သိမ်းပိုက်နိုင်ခဲ့သလို အခုအခါ စဉ့်ကူးမြို့ထဲကစခန်းတွေကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 4 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 38 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 31 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ