နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မြို့ပေါ်ရပ်ကွက်အချို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေ၊ ဒေသခံတွေ နေရပ်မပြန်ကြသေးဖို့ KA စစ်ဦးစီးချုပ်ပြော

ဇူလိုင်လ (၄)ရက်။

ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ ကရင်နီပြည်တပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ တိုက်ပွဲဖြစ်နေတာတော့ ဟုတ်ပါတယ်၊ စစ်ရေးကမပြီးပြဝ်သေးပါဘူး၊ ဒါကြောင့် ပြည်သူတွေ နေရပ်မပြန်ကြသေးဘဲ ဘေးလွတ်ရာရှောင်ကြဖို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။

လွိုင်ကော်မြို့ရှိ စက်မှုဇုန်ဘက်အခြမ်းရှိ ရပ်ကွက်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး နမ့်ဘော်၀မ်ရပ်ကွက်တွေမှာလဲ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကာ အရပ်သားတွေရှိနေတဲ့အတွက် ထိခိုက်တဲ့အခြေအနေကိုတော့ မသိရှိရသေးပါ။

လွိုင်ကော်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ “ ၁၁၁၁ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် (၆)လကျော်အကြာမှာ ဒေသခံတွေဟာ နေရပ်ပြန်လာကြတာတွေရှိသလို စစ်ကောင်စီဘက်ကလဲ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ တိုက်ပွဲတွေကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး)ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေပြီး အခုအခါ ယာယီဈေးအနေနဲ့ ဖွင့်လှစ်ထားပါတယ်။

တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့မှာ အရပ်သားပြည်သူတွေ အများဆုံး ထိခိုက်သေဆုံးတာတွေရှိခဲ့သလို အရပ်သားနေအိမ် ပျက်စီးခဲ့ရတဲ့မြို့တွေထဲ လွိုင်ကော်မြို့က ဒုတိယအများဆုံးဖြစ်တယ်လို့ PKPF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 7 Views
အောက်တိုဘာလ (၂၄) ရက်။ ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့
မြန်မာသတင်း

ဘုတလင်နယ် စိုင်ပြင်လေးရွာထဲက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးကို
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 6 Views
အောက်တိုဘာလ (၂၄)ရက်။ ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က
မြန်မာသတင်း

ဝေါမြို့ X-Ray စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ဝေါမြို့၊ ဗျူဟာလမ်းဆုံအနီးရှိ X-Ray စက် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ X-Ray စက် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသူတွေ အရေးပြားရောဂါခံစားနေကြရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ
မြန်မာသတင်း

ရွှေပြည်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

ဒီပဲယင်းနယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းနယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ သင်္ဃန်းဝတ် ဝါသဝအပါအဝင် စစ်တပ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေတဆင့် လှုံ့ဆော်ရေးသားနေတယ်လို့ သိရပါတယ်။ “ ဒီပဲယင်းကို