နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဇူလိုင် (၄) ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲ

++++++++++++++++++++++

ဇူလိုင်လ (၄) ရက်၊ လန်ဒန်။

ကွန်ဆာဗေးတစ်အုပ်စိုးမှု ၁၄ နှစ်ကြာခဲ့ပြီးနောက် ၎င်းတို့အုပ်ချုပ်ခဲ့မှုအပေါ် ဗြိတိန်မဲဆန္ဒရှင်များက မည်ကဲ့သို့ သဘောထားသည်ကို လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံနေရသည့် အရေးပါသော အထွေထွေရွေးကောက်ပွဲအတွက် မဲပေးကြရန် ယနေ့ ဇူလိုင်လ (၄) ရက်၊ ကြာသပတေးနေ့တွင် မဲရုံများသို့ သွားနေကြသည်။ ဝန်ကြီးချုပ် ရီရှိဆူးနက်ခ် (Rishi Sunak) မှ ရုတ်တရက် ဆုံးဖြတ်ခေါ်ယူခဲ့သော လျှပ်တပြက် ရွေးကောက်ပွဲ ခေါ်ယူမှုသည် ၎င်း၏ပါတီဝင်အများအပြားကို အံ့အားသင့်စေခဲ့သည်။

အတိုက်အခံ လေဘာပါတီသည် အထွေထွေရွေးကောက်ပွဲများတွင် ၁၉၃၅ ခုနှစ်နောက်ပိုင်းမှစတင်၍ အဆိုးရွားဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ကီယား စတာမာ (Keir Starmer) ၏ ဦးဆောင်မှုအောက်တွင် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ကြာသပတေးနေ့တွင် ပြုလုပ်သည့် မဲပေးဆုံးဖြတ်မှုကို အဓိကပါဝင်သော ပါတီများအားလုံးက နိုင်ငံအတွင်း ထောက်ခံမဲရရှိရန် ခြောက်ပတ်ကြာ မဲဆွယ်စည်းရုံးမှုအပြီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အချေအတင်ဆွေးနွေးမှုအများစုသည် စီးပွားရေး၊ လူနေမှုစရိတ်၊ ဗြိတိန်၏ အများသူငှာဝန်ဆောင်မှုအခြေအနေ၊ အခွန်နှင့် လူဝင်မှုကြီးကြပ်ရေးတို့နှင့် ပတ်သက်သည်။

သို့သော် ဆွေးနွေးပွဲတွင် သိသိသာသာ မပါဝင်သည့်အကြောင်းအရာမှာ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဆက်ဆံရေးဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူခဲ့ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန်က နှုတ်ထွက်သွားခဲ့သည်။ ဗြိတိန်တွင် ဆက်တိုက်ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် သုံးဦးရှိခဲ့သည်။ နောက်ဆုံး ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဘောရစ်ဂျွန်ဆင် အပြတ်အသတ် အနိုင်ရခဲ့သည် ။

သို့သော် နိုင်ငံနှင့် သူ၏ပါတီအများစုသည် ဂျွန်ဆင်ကို ဖြုတ်ချပြီးနောက်တွင်၊ ကွန်ဆာဗေးတစ်ပါတီဝင်များသည် ဗြိတိန်သမိုင်းတွင် အသက်အတိုဆုံး ဝန်ကြီးချုပ်ဖြစ်လာသည့် လဇ်ထရပ်စ် (Liz Truss) ကို တင်မြှောက်ခဲ့ပြီးနောက် သူမ နေရာတွင် အစားထိုးရန်အတွက် ကွန်ဆာဗေးတစ်ပါတီဝင်များက ၂၀၂၂ ခုနှစ်တွင် မဲပေးပြီး ဆူးနက်ခ်ကို အစားထိုးရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

မဲဆွယ်ကာလတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု (Brexit) ၏ အထင်ရှားဆုံး ချန်ပီယံတစ်ဦးဖြစ်သည့် နီဂဲလ်ဖာရေချ့် (Nigel Farage) သည် ၎င်း၏ အခြေတည်စ လက်ယာစွန်း ပြုပြင်ပြောင်းလဲရေး UK ပါတီကို ဦးဆောင်ပြီးရှေ့တန်းမှ နိုင်ငံရေးပြန်လုပ်ရန် ကြေညာခဲ့သည်။

ဆူးနက်ခ်၊ စတာမင်၊ ဖာရေချ့် နှင့် အခြားပါတီကြီးများအားလုံး၏ အကြီးအကဲများသည် ၎င်းတို့၏ ဒေသမဲရုံများတွင် မဲပေးနေစဉ်ကာလတွင် တနေ့လုံးရှိကြရန် မျှော်လင့်ရသည်။

ဗြိတိန်နိုင်ငံသား ၄၆.၅ သန်းခန့်သည် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည်။ ၎င်းတို့သည် အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် မြောက်အိုင်ယာလန်နိုင်ငံတဝှမ်းရှိ သီးခြားမဲဆန္ဒနယ် ၆၅၀ တွင် ၎င်းတို့၏မဲများကို ပေးနေပြီး ပါတီတခုအနေနှင့် လူများစုထောက်ခံသည့် အစိုးရဖွဲ့ရန်အတွက် အမတ် ၃၂၆ နေရာ လိုအပ်သည်။

မဲရုံဖွင့်ချိန်တွင် မဲဆန္ဒရှင်များအား လွှမ်းမိုးနိုင်သည့် မည်သည့်သတင်းကိုမဆို သတင်းထုတ်ခွင့်ကို ပိတ်ပင်ထားသည်။ ည ၁၀ နာရီ ဒေသစံတော်ချိန် (ညနေ ၅ နာရီ ET) တွင် မဲရုံပိတ်မည်ဖြစ်ပြီး ဗြိတိန်အသံလွှင့်ဌာနများမှ ထွက်ပေါက်စစ်တမ်းမှ မည်သည့်ပါတီမှ အမတ်ထိုင်ခုံ စုစုပေါင်းကို မည်မျှရရှိကြမည်ကို ခန့်မှန်းမည်ဖြစ်သည်။ မဲရေတွက်ခြင်းကို တစ်ညလုံးနှင့် သောကြာနေ့ နံနက်အထိ ပြုလုပ်မည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက