နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်နဲ့ ပြည်သူ့စစ်တို့က ကလေးစစ်သား (၁၀၀၀)ကျော် စုဆောင်းခဲ့တယ်ဆိုတဲ့ ကုလအစီရင်ခံစာကို စစ်ကောင်စီငြင်း

ဇူလိုင်လ (၄)ရက်။

စစ်တပ်အပါအ၀င် သူနဲ့ဆက်စပ်တဲ့အဖွဲ့တွေနဲ့ ပြည်သူ့စစ်တို့က ကလေးစစ်သား (၁၁၀၂)ဦးကို စုဆောင်းခဲ့တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာအပေါ် စစ်ကောင်စီကာကွယ်ရေး၀န်ကြီးရဲ့ မနေ့က ငြင်းဆိုထားချက်အရ သိရပါတယ်။

အခုနှစ်ထဲ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၃ခုနှစ်အတွက် ကလေးသူငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် (၁၀၀၀)ကျော်ကို စုဆောင်းကာ စစ်မှုထမ်းခိုင်းစေခဲ့တာအပါအ၀င် ကြီးလေးတဲ့ ကျူးလွန်မှု (၆)ရပ်ကိုလဲ ကျူးလွန်ခဲ့တယ်လို့‌ ပြောဆိုချက်ကိုလဲ စစ်ကောင်စီက ကန့်ကွက်ထားပါတယ်။

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ချိန် အသက်(၁၈)နှစ် မပြည့်သူတွေ မပါရှိစေဖို့အတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေး၀န်ကြီး တင်အောင်ဆန်းက ဆိုပါတယ်။

၂၀၂၃ခုနှစ်ထဲမှာ CTFMR ကပေးပို့တဲ့ အသက်မပြည့်တဲ့ ကလေးစစ်သား (၉)ဦးသာရှိခဲ့ပြီး တိုက်ဆိုင်စစ်ဆေးတာတွေပြုလုပ်နေကာ မမှန်ကန်ပါက စာရင်းကနေ ပယ်ဖျက်ဖို့ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

စီမံချက်တွေအရ CTFMR နဲ့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့်စစ်သား (၁၀၅၇)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘတွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သေးသူတွေ မပါရှိစေဖို့ ကြပ်မတ်ထားတယ်လို့ ပြောဆိုထားပေမယ့် မြေပြင်မှာတော့ အသက်မပြည့်သေးသူတွေအပြင် မသန်စွမ်းသူတွေပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံနေရတယ်လို့ သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 12 Views
မေလ (၁၈) ရက်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 76 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ
မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 18 Views
မေလ (၁၇) ရက်။ အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာ Arakan Princess Media မှာ ဖော်ပြပါတယ်။ မင်းပြားမြိုသိမ်းတိုက်ပွဲကာလအတွင်း
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ဂိုဏ်းအဖွဲ့မှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး အမရပူရ၊