နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သတ္တိရှိရင် လာသတ်ဆိုပြီး PDF တွေကို စိန်ခေါ်တဲ့ အုပ်ချုပ်ရေးမှူး လောင်းကစားဝိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရ

‌နိုဝင်ဘာလ (၃)ရက်။

မနေ့က နေ့လယ် (၃)နာရီအချိန်က အုတ်ဖိုမြို့အနီးမှာ လောင်းကစားဝိုင်းပြုလုပ်နေတဲ့ မတောင့်တကျေးရွာအုပ်စုက ပျုခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“မတောင့်တ‌ကျေးရွာအုပ်စုက ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက်က အရပ်ဝတ် စကစတွေနဲ့ လုံခြုံရေးယူပြီး ပျူစောထီးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ လောင်းကစားဝိုင်းပြုလုပ်နေတာ။ အဲ့ဒီလောင်းကစားဝိုင်းကို ရဲဘော်တွေက ရှောင်တခင်စီးနင်းတိုက်ခိုက်ခဲ့တာ”လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ဦးဆောင်ပြီး အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ အခြားသူတွေ ထွက်ပြေးလွတ်မြောက်သွားကာ အောင်မင်းထက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်ပစ်ဗုံး(၁)လုံး၊ ဓါးမြောင်(၂)လက်၊ (၅၀၀၀၀)ကျပ်နဲ့ ခါးပတ်အိတ်တစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အောင်မင်းထက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးဟောင်း သက်တင်ရဲ့ တူအရင်းဖြစ်ပြီး PDF တွေကို သတ္တိရှိပါက လာသတ်ဖို့ မိုက်ကြေးခွဲစိန်ခေါ်ထားတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် ခြိမ်းခြောက်လူစုတာနဲ့ ငွေကြေးကောက်ခံတာ၊ သန်းခေါင်စာရင်းကောက်တာမှာ ဦးဆောင်ပါဝင်တာနဲ့ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ထောက်လှမ်းပေးပို့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ဒေသခံလူငယ်တွေကို စည်းရုံးကာ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးနေတာကြောင့် အခုလို အရေးယူတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို