နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တံတားဦးမြို့မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

နိုဝင်ဘာလ (၄)ရက်။

နိုဝင်ဘာလ (၂)ရက် ည (၉)နာရီခွဲအချိန်က မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ဦးမိုးနွယ်ရဲ့ နေအိမ်ရှေ့ကနေ နာမည်ခေါ်သံ ကြားပြီး ခြံဝိုင်းထဲကထွက်ပြေးချိန် ဖမ်းဆီးပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးမိုးနွယ်ကို သူ့ရဲ့နေအိမ်ရှေ့မှာ ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာ (၉)ချက်နဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထနောင်းကိုင်းကျေးရွာအဝင်အနီးမှာ ကြံ့ခိုင်ရေးပါတီရဲ့ ရပ်ကျေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဦးကိုလဲ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဒဏ်ရာ (၄)ချက်နဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ပစ်ခတ်သူတွေဟာ ဦးမိုးနွယ်ကို သေနတ်နဲ့ပစ်ခတ်ပြီးနောက် ငါန်းဇွန်မြို့ဘက်ကို ကားလမ်းအတိုင်း ပြန်ထွက်သွားချိန် ဦးကျော်ဦးကို တွေ့ရှိပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တံတားဦးမြို့နယ်ထဲ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦးကို ပစ်ခတ်သူတွေဟာ PDF တွေလို့ စစ်ကောင်စီချန်နယ်တွေက ပြောဆိုထားပေမယ့် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 5 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 6 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 21 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စအပါအဝင် နယ်မြေထဲရှိ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့
မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ဧပြီလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ
မြန်မာသတင်း

ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 28 Views
ဧပြီလ (၂၈)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ အခု ဗန်းမော်မှာ ကျန်နေသေးတဲ့ စကစတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန်