နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

+++++++++++++++++

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ့် နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကြော်ငြာတွေအတွက် ဒေါ်လာသန်းနဲ့ချီပြီး သုံးစွဲခဲ့ပါတယ်။

“ကာမယ်လာက သူတို့အတွက်၊ သမ္မတထရန့်က မင်းတို့အတွက်ပါ”

ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးတဲ့ အွန်လိုင်းနဲ့ ရုပ်သံကြော်ငြာတွေမှာ ဒီမိုကရက်တစ်ပြိုင်ဘက် ကာမယ်လာဟဲရစ်ကို ဝေဖန်ထိုးနှက်တဲ့ အသုံးအနှုန်းတွေအသုံးပြုခဲ့ပါတယ်။ အဲဒီကြော်ငြာတွေမှာ ကာမယ်လာဟာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ အမျိုးသားတွေပါဝင်လာစေဖို့နဲ့ အခွန်ငွေတွေနဲ့ ထောက်ပံ့ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကျဉ်းထောင်ထဲက အတူနေသူတွေအတွက် အားပေးနေတာဖြစ်တယ်လို့ ပုတ်ခတ်ပြောဆိုထားတာပါ။

သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်တို့ဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း လိင်ပြောင်းလဲခွင့်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်နေကြတာဖြစ်ပါတယ်။ အဲဒီပြဿနာက ဘယ်လောက်ထိအရေးပါနေပါသလဲ?

ဒေါ်နယ်ထရန့်နဲ့ သူရဲ့ နိုင်ငံရေးတွဲဘက် ဂျေဒီဗန့်စ်တို့ဟာ လူထုစည်းဝေးပွဲတွေနဲ့ အင်တာဗျူးတွေမှာ လိင်ပြောင်းလဲခွင့်နဲ့ပတ်သက်ပြီး မကြာခဏပြောဆိုလေ့ရှိပါတယ်။

“ ကျတော့်တစ်ဦးတည်းရဲ့ အမြင်နဲ့ ပြောမယ်ဆိုရင် အမျိုးသမီးအားကစားပွဲတွေမှာ အမျိုးသားတွေမပါတာ အကောင်းဆုံးပါပဲ”

မီချီဂန်ပြည်နယ် ပေါ့တေ့မြို့က ဂျေဒီဗန့်စ်ရဲ့ မဲဆွယ်ပွဲမှာ ဒေါ်နယ်ထရန့်ကို ထောက်ခံသူ ရစ်ချတ်မာရယ်က ဒီမိုကရက်တွေဟာ မူဝါဒပိုင်းဆိုင်ရာ အသေအချာချမှတ်နိုင်ခြင်းမရှိလို့ လိင်ပြောင်းလဲခွင့်ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

“အခုတောင် သူတို့ ခွင့်ပြုထားလိုက်ပြီလား မသိဘူး ။ အကျဉ်းသားတွေ လိင်ပြောင်းလဲခွင့်ရနေကြပြီလား သေချာစစ်ဆေးဖို့လိုပါတယ်။ ကျတော်တို့က သူတို့ကို ဘယ်လိုနာမ်စားနဲ့ခေါ်ရမလဲ၊ အဲဒါ နည်းနည်းတော့ ရယ်စရာကောင်းနေပါတယ်”

ဂရန်းရက်ပစ်မှာတော့ ကလေးဟီလေးဆိုသူက ရီပက်ဘလီကန်တွေရဲ့ ကြော်ငြာတွေကြောင့် ကာမယ်လာကို ထောက်ခံတဲ့ သူ့အတွက် အားဖြည့်ပေးသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ “ သူတို့က လိင်တူချစ်သူ အသိုင်းအဝိုင်းကို ဖယ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာလို့ မြင်ပါတယ်”

ဒါပေမယ့် မဲပေးသူတွေဟာ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမေးမြန်းလေ့ရှိတဲ့​ မေးခွန်းတွေထဲမှာ လိင်ပြောင်းလဲခွင့်နဲ့ပတ်သက်ပြီး စိတ်ဝင်စားခြင်းမရှိကြဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

“လိင်ပြောင်းလဲခွင့်က မဲဆန္ဒရှင်တွေ စိတ်ဝင်စားတဲ့ အရာတစ်ခုတော့မဟုတ်ဘူး’’ လို့ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ ပေါလ်ဘတ်က ပြောပြခဲ့တာပါ။

“သူတို့က လိင်ပြောင်းလဲခွင့်ကို ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းတွေအတွက် ခက်ခဲနိုင်တဲ့  ယဉ်ကျေးမှုဆိုင်ရာ ပြဿနာတစ်ခုလို့ ယူဆထားပုံရပါတယ်”

မကြာသေးခင်က Fox News ရုပ်သံနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကာမယ်လာက ကျား-မ ခွဲခြား စောင့်ရှောက်မှုအပါအဝင် အကျဉ်းထောင်တွေထဲက အတူနေသူတွေကို ဥပဒေအတိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုပြီး သူမရဲ့ ရပ်တည်ချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အကျဉ်းထောင်ဗျူရိုဟာ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းကာလအတွင်း အကျဉ်းထောင်တွေမှာ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း ကာမယ်လာက ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။

အောက်တိုဘာလ 31 ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ CNN ရုပ်သံစစ်တမ်းမှာ ကာမယ်လာဟဲရစ်ဟာ မီချီဂန်ပြည်နယ်မှာ ဒေါ်နယ်ထရန့်ကို 48 ရာခိုင်နှုန်းကနေ 43 ရာခိုင်နှုန်းအထိ ဦးဆောင်နေတယ်လို့ ပြသထားပါတယ်။ အခြားပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲစတင်မယ့် နိုဝင်ဘာလ 5 ရက်နေ့ အထိ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်တယ်လို့ ဖော်ပြထားပါတယ် ခင်ဗျာ ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ