နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

+++++++++++++++++

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ့် နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကြော်ငြာတွေအတွက် ဒေါ်လာသန်းနဲ့ချီပြီး သုံးစွဲခဲ့ပါတယ်။

“ကာမယ်လာက သူတို့အတွက်၊ သမ္မတထရန့်က မင်းတို့အတွက်ပါ”

ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးတဲ့ အွန်လိုင်းနဲ့ ရုပ်သံကြော်ငြာတွေမှာ ဒီမိုကရက်တစ်ပြိုင်ဘက် ကာမယ်လာဟဲရစ်ကို ဝေဖန်ထိုးနှက်တဲ့ အသုံးအနှုန်းတွေအသုံးပြုခဲ့ပါတယ်။ အဲဒီကြော်ငြာတွေမှာ ကာမယ်လာဟာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ အမျိုးသားတွေပါဝင်လာစေဖို့နဲ့ အခွန်ငွေတွေနဲ့ ထောက်ပံ့ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကျဉ်းထောင်ထဲက အတူနေသူတွေအတွက် အားပေးနေတာဖြစ်တယ်လို့ ပုတ်ခတ်ပြောဆိုထားတာပါ။

သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်တို့ဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း လိင်ပြောင်းလဲခွင့်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်နေကြတာဖြစ်ပါတယ်။ အဲဒီပြဿနာက ဘယ်လောက်ထိအရေးပါနေပါသလဲ?

ဒေါ်နယ်ထရန့်နဲ့ သူရဲ့ နိုင်ငံရေးတွဲဘက် ဂျေဒီဗန့်စ်တို့ဟာ လူထုစည်းဝေးပွဲတွေနဲ့ အင်တာဗျူးတွေမှာ လိင်ပြောင်းလဲခွင့်နဲ့ပတ်သက်ပြီး မကြာခဏပြောဆိုလေ့ရှိပါတယ်။

“ ကျတော့်တစ်ဦးတည်းရဲ့ အမြင်နဲ့ ပြောမယ်ဆိုရင် အမျိုးသမီးအားကစားပွဲတွေမှာ အမျိုးသားတွေမပါတာ အကောင်းဆုံးပါပဲ”

မီချီဂန်ပြည်နယ် ပေါ့တေ့မြို့က ဂျေဒီဗန့်စ်ရဲ့ မဲဆွယ်ပွဲမှာ ဒေါ်နယ်ထရန့်ကို ထောက်ခံသူ ရစ်ချတ်မာရယ်က ဒီမိုကရက်တွေဟာ မူဝါဒပိုင်းဆိုင်ရာ အသေအချာချမှတ်နိုင်ခြင်းမရှိလို့ လိင်ပြောင်းလဲခွင့်ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

“အခုတောင် သူတို့ ခွင့်ပြုထားလိုက်ပြီလား မသိဘူး ။ အကျဉ်းသားတွေ လိင်ပြောင်းလဲခွင့်ရနေကြပြီလား သေချာစစ်ဆေးဖို့လိုပါတယ်။ ကျတော်တို့က သူတို့ကို ဘယ်လိုနာမ်စားနဲ့ခေါ်ရမလဲ၊ အဲဒါ နည်းနည်းတော့ ရယ်စရာကောင်းနေပါတယ်”

ဂရန်းရက်ပစ်မှာတော့ ကလေးဟီလေးဆိုသူက ရီပက်ဘလီကန်တွေရဲ့ ကြော်ငြာတွေကြောင့် ကာမယ်လာကို ထောက်ခံတဲ့ သူ့အတွက် အားဖြည့်ပေးသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ “ သူတို့က လိင်တူချစ်သူ အသိုင်းအဝိုင်းကို ဖယ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာလို့ မြင်ပါတယ်”

ဒါပေမယ့် မဲပေးသူတွေဟာ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမေးမြန်းလေ့ရှိတဲ့​ မေးခွန်းတွေထဲမှာ လိင်ပြောင်းလဲခွင့်နဲ့ပတ်သက်ပြီး စိတ်ဝင်စားခြင်းမရှိကြဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

“လိင်ပြောင်းလဲခွင့်က မဲဆန္ဒရှင်တွေ စိတ်ဝင်စားတဲ့ အရာတစ်ခုတော့မဟုတ်ဘူး’’ လို့ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ ပေါလ်ဘတ်က ပြောပြခဲ့တာပါ။

“သူတို့က လိင်ပြောင်းလဲခွင့်ကို ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းတွေအတွက် ခက်ခဲနိုင်တဲ့  ယဉ်ကျေးမှုဆိုင်ရာ ပြဿနာတစ်ခုလို့ ယူဆထားပုံရပါတယ်”

မကြာသေးခင်က Fox News ရုပ်သံနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကာမယ်လာက ကျား-မ ခွဲခြား စောင့်ရှောက်မှုအပါအဝင် အကျဉ်းထောင်တွေထဲက အတူနေသူတွေကို ဥပဒေအတိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုပြီး သူမရဲ့ ရပ်တည်ချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အကျဉ်းထောင်ဗျူရိုဟာ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းကာလအတွင်း အကျဉ်းထောင်တွေမှာ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း ကာမယ်လာက ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။

အောက်တိုဘာလ 31 ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ CNN ရုပ်သံစစ်တမ်းမှာ ကာမယ်လာဟဲရစ်ဟာ မီချီဂန်ပြည်နယ်မှာ ဒေါ်နယ်ထရန့်ကို 48 ရာခိုင်နှုန်းကနေ 43 ရာခိုင်နှုန်းအထိ ဦးဆောင်နေတယ်လို့ ပြသထားပါတယ်။ အခြားပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲစတင်မယ့် နိုဝင်ဘာလ 5 ရက်နေ့ အထိ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်တယ်လို့ ဖော်ပြထားပါတယ် ခင်ဗျာ ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 11 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 23 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး