နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

စပိန်ဘုရင်ဖိလစ်ကို ရေဘေးဒဏ်ခံရသည့် ဒေသခံများက ကြက်ဥများနှင့်ပစ်ပေါက်

နိုဝင်ဘာလ (၄) ရက်။

ရေလွှမ်းမိုးမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဗလင်စီယာဒေသကို စပိန်ဘုရင် ဖိလစ် (Felipe) နှင့် ဘုရင်မ လက်တီဇီယာ (Letizia) တို့ လာရောက်ကြည့်ရှုစဉ် ၎င်းတို့ကို ဒေသခံများက ဒေါသတကြီး အော်ဟစ်ငေါက်ပြီး ကြက်ဥများနှင့် ပစ်ပေါက်ခဲ့ကြပါသည်။

မုန်တိုင်းဒဏ်ခံရသော ပိုင်ရာပေါ်တာ (Paiporta) ၏ အပြင်ဘက်တွင် ဘုရင်သည် ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် (Pedro Sanchez) နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ကားလို့စ် မာဇွန် (Carlos Mazon) တို့နှင့်အတူ အပြင်းအထန် ဒဏ်ခံခဲ့ရသော ပိုင်ရာပေါ်တာ (Paiporta) သို့ သွားရောက်ကြည့်ရှုစဉ် ဘုရင်နှင့်အဖွဲ့ အား “လူသတ်သမားများ”ဟု ကြွေးကြော်ဆန့်ကျင်မှုကို ခံခဲ့ရသည်။ သဘာဝရေဘေးအန္တရာယ်အပေါ် အာဏာပိုင်များက ပေါ့လျော့စွာ တုံ့ပြန်ခဲ့ကြသည်ဟု ဒေသခံများက စွပ်စွဲခဲ့သည်။

ဘုရင်နှင့် အဖွဲ့က ယင်းနေရာတွင် ဓာတ်ပုံရိုက်ပြီးနောက် လူအုပ်ကြီးက ဘုရင်၊ မာဇွန် နဲ့ ဆန်ချက်ဇ်တို့ကို ပုတ်ခတ် စော်ကားလာခဲ့ကြပါသည်။ လူများက ပစ်ပေါက်လိုက်သည့်အရာတွေကနေ ကာကွယ်ရန် လုံခြုံရေးများက ထီးများဖွင့်ပြီး ကာပေးထားသည့်ကြားက လူအုပ်ကြီးက ရှေ့ကိုတိုးလာကြပါသည်။

ဖိလစ်ဘုရင်သည် မြို့ခံတစ်ဦးနှင့် ထိပ်တိုက်တွေ့သည့်အခါ တည်ငြိမ်စွာဖြင့် ထိုသူ၏စကားကို နားထောင်ရန် ထီးကို နှိမ့်ချလိုက်သည့်အခိုက်အတန့်တွင် စုဝေးနေသောသူများကို ထိန်းချုပ်ရန် ရဲများက ကြိုးစားရုန်းကန်နေရသည်။ ဘုရင်မလက်တီဇီယာသည်လည်း ဒေါသတကြီးဖြစ်နေသောသူများနှင့် စကားပြောဆိုကာ သူမ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သိသိသာသာ တုန်လှုပ်နေပုံရသည်။

ဆန္ဒပြပွဲအပြီးတွင် တော်ဝင်မိသားစု၏ ဆိုရှယ်မီဒီယာချန်နယ်တွင် ဘုရင်နှင့် မိဖုရားတို့သည် စိတ်ပျက်အားငယ်နေသူများအား အားပေးနှစ်သိမ့်ထားကြောင်းကို ပြသသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ အမျိုးသားတစ်ဦးသည် ဘုရင့်ရင်ခွင်ထဲသို့ဝင်ပြီး ငိုကြွေးနေပုံကို တွေ့ရပြီး နောက်တစ်ကြိမ်တွင် ဘုရင်သည် ငိုယိုနေသော အမျိုးသမီးနှစ်ဦးကို ပွေ့ဖက်ထားသည်ကို မြင်တွေ့ရသည်။

စပိန်ဘုရင်တစ်ပါးသည် ဤမျှပြင်းထန်သော လူထုဒေါသကို အနီးကပ်ရင်ဆိုင်ရသည်မှာ အထူးအဆန်းဖြစ်သည်။ ဖိလစ်ပီသည် ခမည်းတော် နန်းစွန့်ပြီးနောက် ထီးနန်းတက်ခဲ့သော အတော်လေး ရေပန်းစားသောပုဂ္ဂိုလ်ဖြစ်သည်။

အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း ဆက်နေရန် ဘုရင်က တောင်းဆိုထားသော်လည်း စောစောထွက်သွားသည့်မာဇုံနှင့် ဆန်ချက်ဇ်တို့အား လူထု၏ဒေါသကြီးက အဓိကသက်ရောက်လာခဲ့သည်။

ဆန်ချက်ဇ်၏ရုံးမှ ထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးချုပ်ကို လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း ထိုနေရာမှ ဖယ်ရှား ခေါ်ယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ X ၏ကြေငြာချက်တွင် မာဇွန်က သူသည် လူထုဒေါသကို နားလည်ပြီး ဘုရင်၏ “စံပြ” အပြုအမူကို ချီးမွမ်းခဲ့သည်။

ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၁၄ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူဦးရေမှာ တိုးမြင့်လာနိုင်သည်။ နောက်ဆုံး သေဆုံးသူများထဲတွင် တွေ့ရသည့်အလောင်းကို အိမ်မှ ၁၂ ကီလိုမီတာ (ခုနစ်မိုင်) ကျော်အကွာတွင် တွေ့ရှိခဲ့သည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

အကျပ်အတည်းကို နှေးကွေးပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမရှိသော တုံ့ပြန်မှုကြောင့် ဗလင်စီယာတွင် လူအများကို ဒေါသအမျက် ထွက်စေခဲ့သည်။ မိုးလေဝသဝန်ဆောင်မှုမှ ရေကြီးရေလျှံမှု သတိပေးချက်များထွက်လာပြီး နာရီများစွာအကြာမှ စာသားသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

စနေနေ့တွင်၊ ဆန်းချက်ဇ်သည် ရေလွှမ်းမိုးနေသောဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နောက်ထပ်တပ်ဖွဲ့ဝင် ၅၀၀၀ ကို အမိန့်ပေးခဲ့ပြီး မုန်တိုင်းအား ခရိုင်၏သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဟုခေါ်ဆိုခဲ့သည်။

အာဏာပိုင်များ၏ နှေးကွေးသော တုံ့ပြန်မှုကြောင့် လူထုက ဒေါသနှင့် စိတ်ပျက်မှုကို ဖြစ်ခဲ့ပြီး ၎င်း၏ဆောင်ရွက်မှုသည် “မလုံလောက်” ကြောင်း ဆန်းချက်ဇ်က ဝန်ခံခဲ့သည်။

ပြဿနာ၏ တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံရေးပင်ဖြစ်သည်။ မာဇွန်နှင့် ဆန်ချက်ဇ်တို့သည် မတူညီသောပါတီများမှဖြစ်ပြီး စပိန်၏ နိုင်ငံရေး စနစ်အောက်တွင်၊ စပိန်ဖက်ဒရယ်အစိုးရသည် ဒေသဆိုင်ရာအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အရေးပေါ်ရန်ပုံငွေများနှင့် အရင်းအမြစ်များကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ရေကြီးပြီး လေးရက်အကြာသည့် စနေနေ့အထိ အကူအညီများက ရောက်မလာခဲ့ပါ။

စပိန်မိုးလေဝသအေဂျင်စီက ကမ်းရိုးတန်း ဗလင်စီယာ ဧရိယာတွင် မိုးပိုများလာခြင်းကြောင့် အမြင့်ဆုံးအနီရောင်အဆင့်သို့ ရာသီဥတု သတိပေးချက် တိုးမြှင့်ထားလိုက်ပြီး တနင်္ဂနွေနေ့တွင် အာဏာပိုင်များက ဒေသခံများအား ခိုလှုံနေရာရှာကြရန် သတိပေး ခဲ့သည်။

စပိန်မိုးလေဝသဌာန AEMET ၏အဆိုအရ တနင်္လာနေ့တွင် အနီရောင် သတိပေးချက်မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်များသည် ကက်စတယ်လီယွန် (Castellón) နှင့် တာရာဂိုနာ(Tarragona) ၏နေရာအစိတ်အပိုင်းများအတွက် လိမ္မော်ရောင်နှင့် အဝါရောင်သတိပေးချက် မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်များ သက်ရောက်မှုရှိသော်လည်း တနင်္လာနေ့တွင် ဗလင်စီယာအတွက် အနီရောင်မိုးရွာသွန်းမှု သတိပေးချက်များ ကုန်ဆုံးသွားခဲ့သည်။

အယ်လ်ဒါယီယာ (Aldaia) မြို့တော်ဝန် Guillermo Lujan ကလည်း ဒေသခံများအား ၎င်းတို့၏ အလုပ်နေရာများမှ ထွက်ခွာကြရန် တိုက်တွန်းထားပြီး နောက်ဆုံးပေါ် သတိပေးချက်ကြောင့် လမ်းများပေါ်ထွက်ကြရန် ၎င်းတို့အား X သို့ ပို့စ်တင်ရန် တိုက်တွန်းခဲ့သည်။ တောင်ဘက်တွင် မိုးရွာသွန်းမှုကြောင့် အချို့နေရာများတွင် ရေများမြင့်တက်နေသဖြင့် Mazarrón မြို့ခံများအား ရှောင်ရှားရန် Murcia ဒေသဆိုင်ရာအစိုးရမှ သတိပေးချက်တစ်ခုပေးပို့ခဲ့သည်။

တစ်ချိန်တည်းတွင် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာသည် ရေဘေးအပျက်အစီးများကို ရှင်းလင်းရန် ပြည်နယ်အစိုးရ၏ တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြသည်။ အာဏာပိုင်များသည် ကြိုတင်ပြင်ဆင်နိုင်မှုမရှိဘဲ ဖြစ်ပေါ်လာမှုကြောင့် ရှုပ်ပွစုပုံနေသော အမှိုက်သရိုက်များကို ရှင်းလင်းခြင်း ၊ ရိက္ခာများ လျင်မြန်စွာ ကုန်သွားခြင်းနှင့်လူများကို ပို့ဆောင်ရန် ဘတ်စ်ကားများ ထပ်မံရှာဖွေရန် ရုန်းကန်နေကြရသည်။

စေတနာ့ဝန်ထမ်းများသည် နာရီပေါင်းများစွာ စောင့်ခဲ့ရပြီးနောက် စိတ်ပျက်စွာ ပြန်သွားခဲ့ရသည်။ အသက်၁၈ နှစ်အရွယ်ပက်ဒရို ဒီရှောင်း (Pedro de Juan) သည် ရုပ်ရှင်များတွင် ဤကဲ့သို့သော မြင်ကွင်းများကိုသာ မြင်တွေ့ခဲ့ရသော်လည်း စေတနာ့ဝန်ထမ်း ဘတ်စ်ကားပေါ်တက်ရန် နံနက် ၇ နာရီမတိုင်မီတွင် လာရောက်ခဲ့သည်။ “တော်တော်များများက စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်” ဟု သူက ‌ပြောသည်။

“အဲဒါ ငါတို့အပြစ် မဟုတ်ဘူး ဒါဟာ တခြားတစ်ယောက်ရဲ့ အပြစ်ပါ” လို့ အစိုးရက ပြောတာ အံ့သြစရာပဲ။ ဒါပေမယ့် ဒီအချိန်မှာ လက်ခုပ်တီးပြီး အချင်းချင်း ကူညီရမယ်” ​​ဟု တန်းစီစောင့်ဆိုင်းနေစဉ် စနေနေ့က CNN သို့ ပြောကြားခဲ့သည်။

“စစ်တပ်နဲ့ ရဲတွေက ကျနော်တို့ မျှော်လင့်ထားသလောက် မကူညီဘဲ ရက်တွေအများကြီးနောက်ကျမှ ရောက်လာတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက