နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လစဥ်ကြေးပေးသွင်းသူများ ရုတ်သိမ်းသွားခြင်းနှင့်အတူ ဝန်ထမ်းများ နုတ်ထွက်ပြီးနောက် ဝါရှင်တန်ပို့စ်သတင်းစာကို ထောက်ခံခြင်းမရှိတော့သည့်အခြေအနေကို ဂျက်ဖ်ဘီဇို့စ်က ခုခံကာကွယ်

အောက်တိုဘာလ (၃၀) ရက်။

ဝါရှင်တန်ပို့စ်ပိုင်ရှင် ဂျက်ဖ်ဘီဇို့စ်သည်သူ၏ သမ္မတရွေးကောက်ပွဲတွင် သူ့သတင်းစာက မည်သူ့ကို ထောက်ခံကြောင်း ဆုံးဖြတ်မှုအတွက် လူအများအကြား အကြီးအကျယ် ဝေဖန်မှုများ ပြင်းထန်လာခဲ့ခြင်းကြောင့် သူ့ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်ဆွဲထားရန် ကာကွယ်သည့် ရေးသားမှုကို တနင်္လာနေ့ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားထုတ်ပြန်ပြီး ကာကွယ်ခဲ့သည်။

“သမ္မတ ထောက်ခံမှုတွေဟာ ရွေးကောက်ပွဲရဲ့ အတိုင်းအတာကို တိမ်းစောင်းသွားစေမဲ့ ညွှန်ပြဖို့ မဖြစ်စေပါဘူး” ဟု အာမေဇုန် (Amazon) တည်ထောင်သူ ဘီလီယံနာ ဂျက်ဖ်ဘီဇို့စ်က ရေးသားခဲ့သည်။ “ ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ မဆုံးဖြတ်ရသေးသော မဲဆန္ဒရှင်များသည် ‘ကျွန်တော် သတင်းစာရဲ့ ထောက်ခံချက်ပေးထားတဲ့အတိုင်း မဲပေးကြပါ’ ဟု ပြော၍ သမ္မတရွေးကောက်ပွဲတွင် တဖက်ဖက်ကို ထောက်ခံချက်ပေးခြင်းမှာ အမှန်တကယ် ဘက်လိုက်မှုအပေါ် ခံယူချက်ဖြင့် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ အမြင်နဲ့လုပ်တာ မဟုတ်တဲ့ ခံယူချက်နဲ့ လုပ်တာဖြစ်တယ်။ သူတို့ပြိုင်ပွဲကို အဆုံးသတ် အဆုံးအဖြတ် ပေးခြင်းဖြစ်ပြီး ဒါဟာ မှန်ကန်ပါတယ်။” ဟု ဂျက်ဖ်ဘီဇို့စ်က ဆိုပါသည်။

ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ထောက်ခံခြင်းမပြုသည့် ဆုံးဖြတ်ချက်အတွက် ဝါရှင်တန်ပို့စ်၏ အယ်ဒီတာအဖွဲ့မှ အဖွဲ့ဝင် သုံးဦး နှုတ်ထွက်ပြီး နာရီပိုင်းအကြာတွင် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး ထောင်နှင့်ချီသော စာဖတ်သူများက သတင်းစာသို့ ၎င်းတို့၏ သတင်းစာ မှာကြားသည့် စာရင်းသွင်းမှုများကို ဖျက်သိမ်းခဲ့သည်။ ရာထူးကြီးသော ဝါရှင်တန်ပို့စ် ဝန်ထမ်းများသည် အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်နှင့် ပတ်သက်၍ ၎င်းတို့၏ စိတ်ထိခိုက်ဝမ်းနည်းကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဆယ့်တစ်နာရီကြာ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

ဝါရှင်တန်ပို့စ်အမှုဆောင်အယ်ဒီတာဟောင်း မာတီဘာရွန် (Marty Baron) အပါအဝင် ဝေဖန်သူများ ကမူ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို နိုဝင်ဘာလတွင် အိမ်ဖြူတော်၌ အာဏာပြန်လည်ရ လာမည်ကို မျှော်မှန်းပြီး အဆိုပါထရန့်ကိုထောက်ခံရန် ဆုံးဖြတ်ချချလိုက်ခြင်းသည် သူရဲဘောကြောင်ခြင်းနှင့် အရှက်မဲ့သည့်လုပ်ရပ်ဟု ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းစာ အယ်ဒီတာ ဘုတ်အဖွဲ့ဝင်များမှ ဟဲရစ်စ်အား ထောက်ခံချက်ကိုပို့စ်၏ အယ်ဒီတာအာဘော်တွင် ထည့်ရန်မူကြမ်းကို ရေးဆွဲခဲ့ပြီး အဆိုပါ မူကြမ်းကိုမထုတ်ပြန်မှီ ဂျက်ဖ်ဘီဇို့စ် ကပယ်ဖျက်ပစ်ခဲ့ကြောင်း သိရှိသူ တစ်ဦးမှ CNN သို့ ပြောကြားခဲ့သည်။

“အခုလိုရွေးကောက်ပွဲနီးလာပြီးစိတ်လှုပ်ရှားမှုမြင့်တက်နေချိန်ထက် ကျွန်တော့်အနေနဲ့ ယခုလုပ်ခဲ့တာထက်စောပြီး ပြောင်းလဲမှုကိုလုပ်ခဲ့ရင် ကောင်းမယ်လို့မျှော်လင့်ခဲ့ပါတယ်”လို့ ကာမလာကို မထောက်ခံဖို့ဆုံးဖြတ်ခဲ့ခြင်းကို ဂျက်ဖ်ဘီဇို့စ်က အသိအမှတ်ပြုပြောဆိုခဲ့ပါသည်။

“ ဒါဟာ လုံလောက်တဲ့ အစီအမံ မဟုတ်သလို ရည်ရွယ်ချက်ရှိရှိ ဗျူဟာတစ်ခုလည်း မဟုတ်ပါဘူး။”

သောကြာနေ့တွင် ထုတ်ဝေသူ ဝီလ်လူဝစ်စ်က ကာမလာဟဲရစ်စ်ကို ထောက်ခံမှု မပြုရန် ဆုံးဖြတ်ချက်ကို ကြေညာပြီး နာရီပိုင်းအကြာတွင် ထရန့်သည် ဂျက်ဖ်ဘီဇို့စ်တည်ထောင်ထားသော အာကာသယာဉ်ပျံကုမ္ပဏီ Blue Origin မှ အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၎င်း၏ရွေးချယ်မှုတွင်၊ ဂျက်ဖ်ဘီဇို့စ်သည် ထရန့်နှင့်တွေ့ဆုံမှုကိုကြိုတင်သိရှိခြင်း မရှိဟုပြောပြီး ထရန့်၏မျက်နှာသာပေးရန်အတွက် ထောက်ခံချက်ကို ဆိုင်းငံ့ထားကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“ဒီမှာ ဘာအလုပ်မှ မလုပ်ရဘူးလို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ မဲဆွယ်စည်းရုံးမှု၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို မည်သည့်အဆင့်တွင်ဖြစ်စေ ဤဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သည့်နည်းဖြင့်မျှ တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အသိပေးခြင်းမပြုပါ။ကုမ္ပဏီအတွင်းမှာ လုံးလုံးလျားလျား လုပ်ထားတာ” ဟု ရေးသားထားသည်။

ထရန့်နဲ့ Blue Origin အမှုဆောင်အရာရှိချုပ် Dave Limp တို့ရဲ့ တွေ့ဆုံမှုအကြောင်း သိလိုက်ရတဲ့အခါ ဂျက်ဖ်ဘီဇို့စ်က “ ဒီဟာကို မူအရ ဆုံးဖြတ်ချင်တာကလွဲလို့ အစည်းအဝေးကို ကျွန်တော် ကြိုမသိခဲ့ဘူး” ဟု ပြောဆိုခဲ့သည်။

အစည်းအဝေးနှင့် သတင်းစာ၏ ဆုံးဖြတ်ချက်ကြားတွင် “ဆက်စပ်မှုမရှိ” ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့ပြီး ထင်ကြေးပေးမှုများကို မှားယွင်းနေသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဂျက်ဖ်ဘီဇို့စ်သည် အာမေဇုန်နှင့် Blue Origin တစ်လျှောက်တွင် သူ၏အလုပ်သည် “ သတင်းစာအတွက် ရှုပ်ထွေးမှုတစ်ခု” ဖြစ်ကြောင်း သတိပြုမိကာ “ ပဋိပက္ခအသွင်အပြင်” ကို အသိအမှတ်ပြုခဲ့သည်။ ယင်းကဲ့သို့ပင်၊ သူ၏ ကြီးမားလှသော ချမ်းသာကြွယ်ဝမှုသည် နိုင်ငံရေးအရ မျက်နှာသာပေးစရာများ ဖြစ်လာနိုင်သည်ဟူသော အယူအဆကို ဖယ်ထုတ်လိုက်ပြီး သူ၏ ဘီလီယံနှင့်ချီသော “ခြိမ်းခြောက်မှု” ဟု ခေါ်ဆိုနေသော်လည်း သတင်းစာကို ဝယ်ယူပြီး ၁၁ နှစ်တာအတွင်း သတင်းစာ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 7 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 9 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့်
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 14 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 15 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများစတင်ရန် အခြေခံအချက် အလက် များကို အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် နိုင်ငံပိုင်မီဒီယာ Tasnim ၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များသည် နောက်ဆုံးသဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းမှုများအတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ဆွစ်ဇာလန်ရှိ