နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လစဥ်ကြေးပေးသွင်းသူများ ရုတ်သိမ်းသွားခြင်းနှင့်အတူ ဝန်ထမ်းများ နုတ်ထွက်ပြီးနောက် ဝါရှင်တန်ပို့စ်သတင်းစာကို ထောက်ခံခြင်းမရှိတော့သည့်အခြေအနေကို ဂျက်ဖ်ဘီဇို့စ်က ခုခံကာကွယ်

အောက်တိုဘာလ (၃၀) ရက်။

ဝါရှင်တန်ပို့စ်ပိုင်ရှင် ဂျက်ဖ်ဘီဇို့စ်သည်သူ၏ သမ္မတရွေးကောက်ပွဲတွင် သူ့သတင်းစာက မည်သူ့ကို ထောက်ခံကြောင်း ဆုံးဖြတ်မှုအတွက် လူအများအကြား အကြီးအကျယ် ဝေဖန်မှုများ ပြင်းထန်လာခဲ့ခြင်းကြောင့် သူ့ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်ဆွဲထားရန် ကာကွယ်သည့် ရေးသားမှုကို တနင်္လာနေ့ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားထုတ်ပြန်ပြီး ကာကွယ်ခဲ့သည်။

“သမ္မတ ထောက်ခံမှုတွေဟာ ရွေးကောက်ပွဲရဲ့ အတိုင်းအတာကို တိမ်းစောင်းသွားစေမဲ့ ညွှန်ပြဖို့ မဖြစ်စေပါဘူး” ဟု အာမေဇုန် (Amazon) တည်ထောင်သူ ဘီလီယံနာ ဂျက်ဖ်ဘီဇို့စ်က ရေးသားခဲ့သည်။ “ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ မဆုံးဖြတ်ရသေးသော မဲဆန္ဒရှင်များသည် ‘ကျွန်တော် သတင်းစာရဲ့ ထောက်ခံချက်ပေးထားတဲ့အတိုင်း မဲပေးကြပါ’ ဟု ပြော၍ သမ္မတရွေးကောက်ပွဲတွင် တဖက်ဖက်ကို ထောက်ခံချက်ပေးခြင်းမှာ အမှန်တကယ် ဘက်လိုက်မှုအပေါ် ခံယူချက်ဖြင့် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ အမြင်နဲ့လုပ်တာ မဟုတ်တဲ့ ခံယူချက်နဲ့ လုပ်တာဖြစ်တယ်။ သူတို့ပြိုင်ပွဲကို အဆုံးသတ် အဆုံးအဖြတ် ပေးခြင်းဖြစ်ပြီး ဒါဟာ မှန်ကန်ပါတယ်။” ဟု ဂျက်ဖ်ဘီဇို့စ်က ဆိုပါသည်။

ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ထောက်ခံခြင်းမပြုသည့် ဆုံးဖြတ်ချက်အတွက် ဝါရှင်တန်ပို့စ်၏ အယ်ဒီတာအဖွဲ့မှ အဖွဲ့ဝင် သုံးဦး နှုတ်ထွက်ပြီး နာရီပိုင်းအကြာတွင် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး ထောင်နှင့်ချီသော စာဖတ်သူများက သတင်းစာသို့ ၎င်းတို့၏ သတင်းစာ မှာကြားသည့် စာရင်းသွင်းမှုများကို ဖျက်သိမ်းခဲ့သည်။ ရာထူးကြီးသော ဝါရှင်တန်ပို့စ် ဝန်ထမ်းများသည် အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်နှင့် ပတ်သက်၍ ၎င်းတို့၏ စိတ်ထိခိုက်ဝမ်းနည်းကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဆယ့်တစ်နာရီကြာ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

ဝါရှင်တန်ပို့စ်အမှုဆောင်အယ်ဒီတာဟောင်း မာတီဘာရွန် (Marty Baron) အပါအဝင် ဝေဖန်သူများ ကမူ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို နိုဝင်ဘာလတွင် အိမ်ဖြူတော်၌ အာဏာပြန်လည်ရ လာမည်ကို မျှော်မှန်းပြီး အဆိုပါထရန့်ကိုထောက်ခံရန် ဆုံးဖြတ်ချချလိုက်ခြင်းသည် သူရဲဘောကြောင်ခြင်းနှင့် အရှက်မဲ့သည့်လုပ်ရပ်ဟု ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းစာ အယ်ဒီတာ ဘုတ်အဖွဲ့ဝင်များမှ ဟဲရစ်စ်အား ထောက်ခံချက်ကိုပို့စ်၏ အယ်ဒီတာအာဘော်တွင် ထည့်ရန်မူကြမ်းကို ရေးဆွဲခဲ့ပြီး အဆိုပါ မူကြမ်းကိုမထုတ်ပြန်မှီ ဂျက်ဖ်ဘီဇို့စ် ကပယ်ဖျက်ပစ်ခဲ့ကြောင်း သိရှိသူ တစ်ဦးမှ CNN သို့ ပြောကြားခဲ့သည်။

“အခုလိုရွေးကောက်ပွဲနီးလာပြီးစိတ်လှုပ်ရှားမှုမြင့်တက်နေချိန်ထက် ကျွန်တော့်အနေနဲ့ ယခုလုပ်ခဲ့တာထက်စောပြီး ပြောင်းလဲမှုကိုလုပ်ခဲ့ရင် ကောင်းမယ်လို့မျှော်လင့်ခဲ့ပါတယ်”လို့ ကာမလာကို မထောက်ခံဖို့ဆုံးဖြတ်ခဲ့ခြင်းကို ဂျက်ဖ်ဘီဇို့စ်က အသိအမှတ်ပြုပြောဆိုခဲ့ပါသည်။

“ဒါဟာ လုံလောက်တဲ့ အစီအမံ မဟုတ်သလို ရည်ရွယ်ချက်ရှိရှိ ဗျူဟာတစ်ခုလည်း မဟုတ်ပါဘူး။”

သောကြာနေ့တွင် ထုတ်ဝေသူ ဝီလ်လူဝစ်စ်က ကာမလာဟဲရစ်စ်ကို ထောက်ခံမှု မပြုရန် ဆုံးဖြတ်ချက်ကို ကြေညာပြီး နာရီပိုင်းအကြာတွင် ထရန့်သည် ဂျက်ဖ်ဘီဇို့စ်တည်ထောင်ထားသော အာကာသယာဉ်ပျံကုမ္ပဏီ Blue Origin မှ အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၎င်း၏ရွေးချယ်မှုတွင်၊ ဂျက်ဖ်ဘီဇို့စ်သည် ထရန့်နှင့်တွေ့ဆုံမှုကိုကြိုတင်သိရှိခြင်း မရှိဟုပြောပြီး ထရန့်၏မျက်နှာသာပေးရန်အတွက် ထောက်ခံချက်ကို ဆိုင်းငံ့ထားကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“ဒီမှာ ဘာအလုပ်မှ မလုပ်ရဘူးလို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ မဲဆွယ်စည်းရုံးမှု၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို မည်သည့်အဆင့်တွင်ဖြစ်စေ ဤဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သည့်နည်းဖြင့်မျှ တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အသိပေးခြင်းမပြုပါ။ကုမ္ပဏီအတွင်းမှာ လုံးလုံးလျားလျား လုပ်ထားတာ” ဟု ရေးသားထားသည်။

ထရန့်နဲ့ Blue Origin အမှုဆောင်အရာရှိချုပ် Dave Limp တို့ရဲ့ တွေ့ဆုံမှုအကြောင်း သိလိုက်ရတဲ့အခါ ဂျက်ဖ်ဘီဇို့စ်က “ဒီဟာကို မူအရ ဆုံးဖြတ်ချင်တာကလွဲလို့ အစည်းအဝေးကို ကျွန်တော် ကြိုမသိခဲ့ဘူး” ဟု ပြောဆိုခဲ့သည်။

အစည်းအဝေးနှင့် သတင်းစာ၏ ဆုံးဖြတ်ချက်ကြားတွင် “ဆက်စပ်မှုမရှိ” ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့ပြီး ထင်ကြေးပေးမှုများကို မှားယွင်းနေသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဂျက်ဖ်ဘီဇို့စ်သည် အာမေဇုန်နှင့် Blue Origin တစ်လျှောက်တွင် သူ၏အလုပ်သည် “သတင်းစာအတွက် ရှုပ်ထွေးမှုတစ်ခု” ဖြစ်ကြောင်း သတိပြုမိကာ “ပဋိပက္ခအသွင်အပြင်” ကို အသိအမှတ်ပြုခဲ့သည်။ ယင်းကဲ့သို့ပင်၊ သူ၏ ကြီးမားလှသော ချမ်းသာကြွယ်ဝမှုသည် နိုင်ငံရေးအရ မျက်နှာသာပေးစရာများ ဖြစ်လာနိုင်သည်ဟူသော အယူအဆကို ဖယ်ထုတ်လိုက်ပြီး သူ၏ ဘီလီယံနှင့်ချီသော “ခြိမ်းခြောက်မှု” ဟု ခေါ်ဆိုနေသော်လည်း သတင်းစာကို ဝယ်ယူပြီး ၁၁ နှစ်တာအတွင်း သတင်းစာ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက