နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့များက ယီမင်ရှိ ဟူသီအမာခံနယ်မြေကို လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေ ပြုလုပ်

ဖေဖော်ဝါရီ (၅) ရက်။

ပြီးခဲ့အဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့က ယီမင်ရှိ အနည်းဆုံး နေရာ (၁၀) ခုမှာ ဟူသီသူပုန်အဖွဲ့ရဲ့ အမာခံနယ်မြေ ပစ်မှတ် 30 ထက်မနည်းကို အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့များက လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ အမေရိကန် အရာရှိ နှစ်ဦးက ပြောပါတယ်။

ပစ်မှတ်တွေထဲမှာ ဌာနချုပ်တစ်ခု၊ မြေအောက်လက်နက်သိုလှောင်ရုံတစ်ခုနဲ့ နိုင်ငံတကာသင်္ဘောလမ်းကြောင်းတွေကို တိုက်ခိုက်ဖို့ ဟူသီသူပုန်တွေ အသုံးပြုတဲ့ လက်နက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန် ဒုံးကျည်ဖျက်သင်္ဘော USS Gravely နှင့် USS Carney တို့က ပစ်ခတ်တဲ့ ခရုဇ်ဒုံးကျည် USS Tomahawk နဲ့ လေယာဉ်တင်သင်္ဘော USS Eisenhower တို့က FA18 တိုက်လေယာဉ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်တို့နဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ပင်လယ်နီမှာ တည်ငြိမ်မှု ပြန်လည်ရရှိဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ဟူသီခေါင်းဆောင်တွေကို ထပ်မံသတိပေးထားပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပြီး ကမ္ဘာ့ပေါ်မှာ အရေးအပါတဲ့ သင်္ဘောလမ်းကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ ဒီလမ်းကြောင်းကို ခြိမ်းခြောက်နေတာနဲ့ပတ်သက်ပြီး လူ့အသက်တွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး စီးဆင်းမှုတွေအတွက် ကျွန်ုပ်တို့ ကာကွယ်သွားမယ်။” လို့ ကြေညာခဲ့ပါတယ်။

အစောပိုင်းရက်များအတွင်း အမေရိကန်သမ္မတ ဘိုင်ဒန်က ဒီတိုက်ခိုက်မှုတွေကို ခွင့်ပြုခဲ့တာလို့ အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဟူသီနိုင်ငံရေးဝါဒီ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက “ ယီမင်မှာ အမေရိကန်နဲ့ ဗြိတိန်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျွန်ုပ်တို့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲဘူး´ လို့ ဖေဖော်ဝါရီလ (၃) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်ပြီး ဂါဇာကလူတွေ လွတ်မြောက်တဲ့အထိ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှု မတိုင်မီမှာ ဟူသီသူပုန်တွေက ပင်လယ်နီထဲသို့ ပစ်လွှတ်ရန် ကြိုးပမ်းခဲ့သညတဲ့သင်္ဘောဖျက် ဒုံးကျည် ခြောက်စင်းကို အမေရိကန် စစ်တပ်က ပစ်ချခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဂျော်ဒန်ရှိ အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သားသုံးဦး သေဆုံးခဲ့တဲ့ အရှေ့အလယ်ပိုင်းရှိ အီရန်လိုလားတဲ့အုပ်စုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘိုင်ဒင်အစိုးရက အလွှာလိုက် တုံ့ပြန်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အီရန်လိုလားတဲ့အုပ်စုတွေကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုတွေကိုလည်း ဆက်လက်လုပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Source: CNN

အမေရိကန်သင်္ဘောမှတိုက်ခိုက်စဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 111 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 20 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး