နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောင်တော်လှန်ရေးတပ်ဖွဲ့ CDSOM စုံညီအစည်းအဝေး ပြုလုပ်

*လိုကယ် (local) တွေ ပျောက်ကွယ်ရေး ကျင့်သုံးလာမှုတွေကို ဘယ်လို ကျော်ဖြတ်ကြမယ်ဆိုတာကို တိုင်ပင်ဆွေးနွေး *

ဖေဖော်ဝါရီလ (၅) ရက်။

တစ်နှစ်တစ်ကြိမ် ပြုလုပ်တဲ့ CDSOM အဖွဲ့ခွဲအားလုံးနဲ့ ၂၀၂၄ ခုနှစ်အတွက် (၃) ကြိမ်မြောက်စုံညီအစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ CDSOM ကို ဦးဆောင်သူ ကိုနွေဦးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အချက် (၅) ချက် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ အစည်းအဝေးမှာ အရင်ရှိထားပြီးတဲ့ စည်းကမ်းတွေအပြင် အသစ်ထပ်တိုးလာတဲ့ စည်းကမ်းများကို အသိပေးခြင်းနဲ့ ၂၀၂၄ အတွက် စစ်ရေးဆောင်ရွက်မှုများ အစီအစဥ်ချမှတ်ကြခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတာက အချက် (၃) မှာ Local တွေဟာ ပြည်သူတစ်ပိုင်း pdf တစ်ပိုင်းဖြစ်နေပြီး အသက်၊ ဘဝပေါင်းများစွာ ပေးဆက်ခဲ့ကြရပေမဲ့ အသိအမှတ်ပြုမှု မခံရတဲ့အပြင် local တွေဆီကို ထောက်ပံ့မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဟန့်တား ပိတ်ပင်ခံရမှုတွေ၊ နိုင်ငံရေး၊ စစ်ရေးနည်းလမ်းတွေနဲ့ လိုကယ် (local) တွေ ပျောက်ကွယ်ရေး ကျင့်သုံးလာမှုတွေကို ဘယ်လို ကျော်ဖြတ်ကြမယ်ဆိုတာကို တိုင်ပင်ဆွေးနွေးကြခဲ့တယ်လို့ သိရပါတယ်။

အချက် (၄) မှာတော့ အမိဝမ်းတစ်ခုအတွင်းမှ ပေါက်ဖွားလာကြတဲ့ ညီနောင်အဖွဲ့အသီးသီးအား အရေးကြုံရင် ညီနောင်သွေးချင်းများ စည်းလုံးညီညွှတ်စွာဖြင့် ရင်ဆိုင်ဖြတ်ကျော်ကြရန် တိုင်ပင်ကြတယ်လို့ ဆိုပါတယ်။

အချက် (၅) မှာတော့ ပြည်သူသာ အဓိကဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်လာတဲ့ ဘယ်အရာကိုမဆို ဆန့်ကျင်ပြီး ပြည်သူများဘက်မှ အပြည့်အဝ ကာကွယ်သွားရန်စတဲ့ အကြောင်းအရာတွေဆွေးနွေးခဲ့ကြပြီး ကောင်းမွန်တဲ့ရလာဒ်တွေ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှုသွားခဲ့ကြသော အဖွဲ့ဝင်ရဲဘော် (၂၆) ဦးတို့ရဲ့ မိသားစုဝင်တွေကို မြောင်လူငယ်ကွန်ရက် YFC က တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီတစ်ပိဿာနဲ့ ငွေသား ၂၀၀၀၀ ကျပ်တို့ကို မိသားစုများထံ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ အတွက် စစ်ရေးကိစ္စတွေ ပိုမိုလုပ်ဆောင်နိုင်ကြရန်နဲ့ ရာထူး အာဏာ နေရာရရေးသာ ကြိုးစားနေပြီး အဲ့ဒီ အရာတွေအပေါ် သာယာသွားပြီး ပြည်သူ့အတွက် အဆိပ်အတောက် ဖြစ်လာရင် သမိုင်းအမဲစက် ဖျောက်မရဖြစ်သွားမှာကို လက်ခံကြပြီး တော်လှန်ရေးအမြန်ပြီးဆုံးရေးကိုသာ အားသွန်ခွန်စိုက်လုပ်ဆောင်သွားကြရန် သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို