နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် KIA နဲ့ PDF များကို ခြိမ်းခြောက်စာဖြန့်တာကို ဗိုလ်ချုပ်ဂွမ်မော် မေးခွန်းထုတ်

ဖေဖော်ဝါရီလ (၅) ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တစ်ချို့က ဈေးတွေမှာ ဒူးလေး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးရွှေမင်းအမည်နဲ့ ဗိုလ်ချုပ်ဂွန်မော်အပါအဝင် KIA, PDF တွေကို အသက်အန္တရာယ်ယ် ခြိမ်းခြောက်ထားတဲ့စာတွေ ဒီကနေ့ မနက်ပိုင်းမှာ ပြန့်နှံ့နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲဒီ ခြိမ်းခြောက်စာထဲမှာ ” ဇန်နဝါရီလ ၁၅ ရက်နေ့ ခေမာသီရိရပ်ကွက်မှာရှိတဲ့ ရွှေမင်းပြည်သူ့စစ်နေအိမ်ကို ဘယ်သူဘယ်ဝါ လာပစ်သွားတာဆိုတာ သိရှိထားတယ်။ ဗိုလ်ချုပ်ဂွန်မော်ရဲ့ နောက်လိုက်နွား PDF များနဲ့ ယောင်ဝါးအသင်းတော်ဆရာများ မြစ်ကြီးနားမြို့ထဲကနေ (၁၀) ရက်အတွင်းထွက်သွားကြဖို့နဲ့ ထွက်သွားခြင်းမရှိဘူးဆိုရင် ဂွမ်မော်မိသားစုများနဲ့အတူ ဦးဆောင်တဲ့အခြောက်အဖွဲ့ကို သုတ်သင်ပယ်ရှင်းသွားမယ်” ဆိုပြီး ရေးထားပါတယ်။

ဒီသတိပေးစာနဲ့ပတ်သက်ပြီး KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ဘက်က ဦးရွှေမင်းကို ဦးတည်ပြီး သတိပေးတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ “ မြစ်ကြီးနားမြို့မှာ ဖြန့်ဝေနေတဲ့စာဟာ ဦးရွှေမင်း ထုတ်ပြန်တဲ့စာ ဟုတ်/ မဟုတ် ဖေဖော်ဝါရီလ (၈) ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းဖို့ဆိုထားပြီး သတ်မှတ်ရက် ဖြေရှင်းတာမရှိဘူးဆိုရင် ဦးရွှေမင်းထုတ်ပြန်တဲ့စာ ဖြစ်ကြောင်းမှတ်ယူမယ်” လို့ ရေးသားထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စလင်းမြို့ ခလရ(၂၅၃)က စစ်ကောင်စီတပ်သား(၂)ဦး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က စလင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်စခန်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်(LPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်က မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မန်းခရိုင်ပကဖရဲ့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၁၈)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးထပ်ကြဲသွားတာ။ အရပ်သားထိခိုက်သေဆုံးတာနဲ့
မြန်မာသတင်း

ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့ ဇန်နဝါရီလ (၂၇)ရက်။ ဗန်းမော်လေယာဉ်ကွင်းနဲ့ အနီးရှိ စစ်ကောင်စီရဲ့ စရဖရုံးတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ အခု
မြန်မာသတင်း

ရေကြည်မြို့မှာ အရက်သေစာသောက်စားပြီး ချောင်းထဲရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 4 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ သီတာကုန်းပြင်က ချောင်းထဲ အရက်သောက်ပြီး ရေဆင်းကူးတဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ သမိုင်းအစဉ်အလာအရဆိုရင်တော့ အခုနယ်မြေအငြင်းပွားနေတဲ့ ရှမ်းမြောက်က နေရာတွေက TNLA မပေါ်ခင်ကထဲက KIA
မြန်မာသတင်း

လေကြောင်းရန်ကာကွယ်တဲ့နည်းလမ်းတွေ လိုက်နာဖို့ TNLA အသိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 8 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် သတင်းသမား (၄၃)ဦး ဖမ်းဆီးခံထားရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး