နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ကျိုးပျက်နေသော စီးပွားရေးအတွက် ယုံကြည်မှုကို ပြန်လည်ပြုပြင်ရန် ခေါင်းဆောင်များက ကြိုးစားနေချိန်တွင် တရုတ်နိုင်ငံ၏ အဓိက နိုင်ငံရေးအရစုဝေးမှုကို စတင်နေပါသည်။

၂၀၂၄ ခုနှစ်။ မတ်လ (၄) ရက်၊ ပေကျင်း။

တရုတ်နိုင်ငံတစ်ဝှမ်းမှ ထောင်နှင့်ချီသော ကိုယ်စားလှယ်များသည် နိုင်ငံ၏ အထင်ရှားဆုံး နှစ်ပတ်လည် နိုင်ငံရေး အခမ်းအနား တက်ရောက်ရန်အတွက် ယခုသီတင်းပတ်တွင် ဘေဂျင်းတွင် စုဝေးနေကြပြီး ခေါင်းဆောင်များက လာမည့်နှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို မည်သို့ထိန်းကျောင်းမည့် အစီအစဉ်ကို တင်ပြကြမည်ဖြစ်ပြီး— နက်ရှိုင်းစွာရှိနေသော စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖယ်ရှားရန်အတွက် ကြိုးစားကြမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အတည်ပြုထားသည့် ဥပဒေပြုလွှတ်တော်နှင့် ထိပ်တန်းအကြံပေးအဖွဲ့တို့ ခေါ်ယူကျင်းပသည့် လူသိများသော ရက်ရှည်ဆွေးနွေးသည့် အခမ်းအနားကို “လွှတ်တော်၂ရပ်” အဖြစ်လူသိများသည်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ၎င်း၏ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိများအတွက် အခမ်းအနားအစီအစဉ်တွင် ယုံကြည်မှု မြင့်မားလာစေရန်ဆောင်ရွက်ဖွယ်ရှိသည်။ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်း၊ ပြည်တွင်းအစိုးရကြွေးမြီများ၊ ငွေကြေးဖောင်းပွမှု၊ စတော့ဈေးကွက်သွားနေသည့် လမ်းကြောင်းနှင့် အမေရိကန်နှင့် နည်းပညာဆိုင်ရာ ပွတ်တိုက်မှုများကြောင့် ယခုနှစ်အတွင်း ကြီးမားသော စည်းဝေးပွဲကိုကျင်းပခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးပြီးကမ္ဘာ့ပါဝါဖြစ်လာရန် ပန်းတိုင်မရောက်မီအင်အားကုန်ခမ်းလာပြီး ဆုံးရှုံးမည်လားဟု မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။ ။

တရုတ်နိုင်ငံအတွင်း စီးပွားရေး ထိခိုက်မှုများ ကြီးထွားလာခြင်းကြောင့် ရှီသည်အများ၏ အာရုံစူးစိုက်မှုအောက်တွင်ကျ ရောက်နေခဲ့သည်။ ထိုစုစည်းမှုသည် သမတသက်တမ်း ၂ ကြိမ်သာ ထမ်းဆောင်ရမည့် အစဉ်အလာကို ကိုပယ်ဖျက်ကာ သမ္မတအဖြစ် တတိယသက်တမ်း စတင်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ထိုအစည်းအဝေးဖြစ်လာခြင်းဖြစ်သည်။ အတွေ့အကြုံရှိသလောက် သူ့အပေါ် သစ္စာစောင့်သိရန် ရွေးချယ်ထားသည့် အရာရှိများနှင့်အတူ ပါတီကို စုစည်းပြီး ပါတီတွင်း ခေါင်းဆောင်မှု အာဏာကို သူကရယူနိုင်ခဲ့သည်။

တစ်နှစ်အကြာတွင် –

ကိုဗစ်ရောဂါ အလွန် ပြန်လည်ထူထောင်ရေးတွင် မျှော်မှန်းထားသလောက် အပြည့်အဝ အကောင်အထည် မပေါ်သေးသဖြင့် လူငယ်များသည် အလုပ်အကိုင်ရှာဖွေရန် ရုန်းကန်နေရကာ ရင်းနှီးမြှုပ်နှံသူများသည်လည်း ဈေးကွက်ဆုံးရှုံးမှု များနှင့် လုံးထွေးနေကာ အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် ကမောက်ကမ ရုန်းကန်နေကြရသည် — ခေါင်းဆောင်၏ လမ်းညွှန်ချက်နှင့် သူ့အစိုးရအဖွဲ့အသစ်နှင့်ပတ်သက်၍ သံသယစိတ်များ မြင့်တက်လျက်ရှိသည်။ ။ ရှီ၏ စိုးရသစ်သက်တမ်း အစတွင် ဆိုးဆိုးဝါးဝါးပြဿနာများဇြစ်ခဲ့ပြီး ၎င်း၏အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲအစားထိုးမှုများကိုလည်း ကြီးကြပ် လုပ်ဆောင်ခဲ့ရသည်။

အဆိုပါစိန်ခေါ်မှုများသည် ဆယ်စုနှစ်များစွာအတွင်း တရုတ်၏အာဏာအရှိဆုံးနှင့် အာဏာရှင်အဆန်ဆုံးခေါင်းဆောင်ဖြစ်သည့် ရှီကို ခြိမ်းခြောက်မှုမဖြစ်နိုင်ပေ။ သို့သော် ထိုစိုးရိမ်မှုများကို သူ၏အဖွဲ့မှ ကိုင်တွယ်ဖြေရှင်းပုံသည် တရုတ်နှင့် တရုတ်ပြည်၏ ၁.၄ ဘီလီယံရှိပြည်သူတို့၏အနာဂတ်အတွက်သာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ သက်ရောက်မှုရှိလိမ့်မည်ဖြစ်သည်။ ထို့ပြင် ရှီ ၏ထိပ်တန်းအရာရှိများသည် အစည်းအဝေးသို့ ဝင်ရောက်လာချိန်တွင် ထိုဖိအားကိုခံစားရဖွယ်ရှိသည်။

ကမ္ဘာတဝှမ်းရှိ မြို့တော်များမှ မူဝါဒချမှတ်ရေးဆွဲသူများ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်ကလည်း အနီးကပ်စောင့်ကြည့်နေကြမည်ဖြစ်သည်။ အထူးသဖြင့် တနှစ်အတွင်းကျင်းပမည့်အမေရိကန်၏ သမ္မတရွေးကောက်ပွဲတွင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေမည့်သဘောလည်းရှိနေခဲ့သည်။

“တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ယေဘုယျအားဖြင့် အဆင်ပြေပြီး လမ်းကြောင်းမှန်ပေါ်ရောက်နေကြောင်း အချက်ပြဖို့ အစိုးရအနေနဲ့ ဒီပလက်ဖောင်းကို အသုံးပြုလိုပါတယ်” ဟု စင်ကာပူ အမျိုးသားတက္ကသိုလ် ၏အရှေ့အာရှ အင်စတီကျု့(National University of East Asian Institute) မှ အကြီးတန်း သုတေသနလုပ်ဖော်ကိုင်ဖက် ချန်ဂန်က ပြောကြားခဲ့သည်။

“အခု အုပ်ချုပ်ရေးသစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး သံသယတွေမယုံကြည်မှုတွေ အများအပြား ရှိနေပါတယ်… (ဒါကြောင့်) သူတို့ (ရှီရဲ့ နံပါတ်နှစ်) ဝန်ကြီးချုပ် လီ ချန်း (Li Qiang) ဦးဆောင်တဲ့ ဒီအစိုးရသစ်ဟာ စီးပွားရေးပြဿနာတွေကို ကိုင်တွယ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသလိုကြပါတယ်။ ” ဟု သူက ပြောပါသည်။

ကိုယ်စားလှယ်များ ပေါင်းစည်းကြခြင်း

ဘေဂျင်းမြို့၏ပြည်သူ့ခန်းမဆောင် တွင် ကျင်းပသည့် အဆိုပါ စုဝေးမှုသည် နှစ်စဉ် လူ ၃၀၀၀ နီးပါးရှိသော အမျိုးသား ပြည်သူ့ကွန်ဂရက်တွင် လူကိုယ်တိုင် တွေ့ဆုံသည့် တစ်ခုတည်းသော အကြိမ်ဖြစ်သည်။

တစ်နှစ်ပတ်လုံး တံခါးပိတ်အစည်းအဝေးများတွင် ပါတီမှ ချမှတ်ထားသောအဓိကမူဝါဒဦးတည်ချက်ကိုလိုက်နာပြီး ထိပ်တန်းအဖွဲ့ဝင်များက ဆုံးဖြတ်ချက်များချကြသည့်အတွက် နိုင်ငံအတွက် ရှေ့ရေးကို ရေးဆွဲရန် အမျိုးသား ပြည်သူ့ကွန်ဂရက်တွင် ပါဝါအနည်းငယ်သာရှိသည်။

သို့သော် ဆွေးနွေးပွဲအစုနှစ်ခုသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံခြားရေးမူဝါဒများအတွက် ၎င်း၏ မဟာဗျူဟာကို ထုတ်လွှင့်ရန်နှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ၎င်း၏ ဘတ်ဂျက်လိုငွေ ကန့်သတ်ချက်နှင့် လာမည့်နှစ်အတွက် စစ်အသုံးစရိတ်များ အပါအဝင် အဓိကညွှန်းကိန်းများကို ထုတ်ပြန်ရန် ဆွေးနွေးပွဲအစု နှစ်ခုသည် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်သည်။

ယခု “ဒါဟာ တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ကျဆင်းမှု၊ စတော့ဈေးကွက် အကျပ်အတည်း၊ အလုပ်လက်မဲ့ မြင့်မားမှုနဲ့ ဝယ်လိုအား ကျဆင်းမှုတို့လို အထူးအရေးကြီးတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်” ဟု ချန်ဂန်က ပြောကြားခဲ့သည်။ ဝါရှင်တန်က နည်းပညာပို့ကုန်ထိန်းချုပ်မှုများ တင်းကြပ်အားကောင်းလာသောကြောင့် ဆန်းသစ်တီထွင်မှုအားကောင်းလာစေရန် လေ့လာသူများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းပေါ်ရှိ တရုတ်၏ရပ်တည်ချက်၊ အမေရိကန်နှင့် ဆက်ဆံရေးကဲ့သို့သော အဓိကကိစ္စရပ်များအပေါ် ခေါင်းဆောင်များက မည်သို့ဆွေးနွေးမည် သို့မဟုတ် မှတ်ချက်ပေးခြင်းကို ဆန်းစစ်မည်ဖြစ်သည်။

“ ရှီသည် အမေရိကန်အပေါ် ပိုမို ပြေပြေလည်လည် ရပ်တည်ချက် ချမှတ်နိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ရေး ‘ဝံပုလွေသူရဲကောင်း သံခင်းတမန်ခင်း’ ကို ခေတ္တဆိုင်းငံ့ကာ ဗျူရိုကရေစီနှင့် တရုတ်စီးပွားရေး တည်ငြိမ်မှု ရှိစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပြန်လည် လမ်းညွှန်နိုင်သည်ဟု Guo က ဆိုသည်။ ယခုနှစ် စုဝေးပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးအသစ် ခန့်အပ်ခြင်းမှလည်း ထိုသို့သော လေသံ အပြောင်းအလဲကို အချက်ပြနိုင်သည်။ မကြာမီ ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူများက ဆိုကြသည်။

အကြီးတန်းသံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝမ်ယီ (Wang Yi) ၏ ယာယီရာထူးတာဝန်ကို လူအများက မျှော်လင့်ထားသည့်အတိုင်း ရာထူးကို ဆက်ခံသူ ချင်ဂန်း (Qin Gang) သည် လူသိရှင်ကြား ပျောက်ကွယ်သွားပြီးနောက် အကြောင်းပြချက်မရှိဘဲ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

သီတင်းပတ်အနည်းငယ်အကြာတွင် ရှီကိုယ်တိုင်ရွေးချယ်ထားသော တတိယသက်တမ်းတွင်ခန့်ထားသည့်အရာရှိများကို ဖယ်ရှားပြီးနောက် ထိုနေရာတို့တွင်အစားထိုးမှုတို့ဖြစ်ခဲ့သည်။ ထိုနောက်နောက်ဆက်တွဲကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu) ၏ ထုတ်ပယ်ခံရမှုကနောက်က လိုက်လာခဲ့သည်။ တဖန် ၎င်းသည် တရုတ်စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစွပ်စွဲချက်ဖြင့် သုတ်သင်ရှင်းလင်းမှုကို ရှင်းလင်းချက်ပေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။

အကဲခတ်သူများက အံ့အားသင့်စေသောရာထူးဖယ်ရှားမှုများ သည် ရှီ၏ သံမဏိအာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်မှု မဟုတ်ဟု ဆိုသော်လည်း ယင်းဖယ်ရှားမှုမှ လစ်လပ်နေရာများကိုခန့်အပ်မှုမ ရှိနေသေးသဖြင့် ၎င်း၏ဆုံးဖြတ်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးတာဝန်အပြင် ယခင်က လီနှင့် ချင်တို့ တာဝန်ယူခဲ့သော တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့တွင် အဆင့်မြင့်ရာထူး နှစ်ခုကိုလည်း ယခုနှစ် အစည်းအဝေး နှစ်ခုတွင် ဖြည့်စွက်နိုင်သည်ဟု လေ့လာသူများက ဆိုသည်။

စီးပွားရေးစိန်ခေါ်မှုများ

စည်းဝေးပွဲသို့ ဦးတည်သည့် လက္ခဏာများအရ တရုတ်အစိုးရသည် လာမည့်နှစ်တွင် စီးပွားရေး တိုးတက်မှုကို ပံ့ပိုးပေးရန် အာရုံစိုက်ရန် ပြင်ဆင်နေသော်လည်း တရုတ်နိုင်ငံသည် ကြီးမားသော လှုံ့ဆော်မှု တစ်စုံတစ်ရာကို ထုတ်ဖော်ပြသနိုင်လိမ့်မည် မဟုတ်ပေ။

“တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ရေတိုယုံကြည်မှု မြှင့်တင်ဖို့ ရည်ရွယ်တဲ့ နည်းဗျူဟာ အစီအမံတွေကို ကြေညာဖို့ ဆွေးနွေးပွဲနှစ်ခုကို ဘေဂျင်းက အသုံးပြုမှာ ဖြစ်ပေမယ့် ရှီရဲ့ အရင်းခံ အစိုးရမှ “ ကမကထ” ပြုလုပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကိုတော့ မပြောင်းလဲဘဲ ရှိနေမှာ ဖြစ်ပါတယ်” ဟု Asia Society Policy Institute ၏ Center for China Analysis မှ အရာရှိ နီးလ်သောမတ် (Neil Thomas) က ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် ဝန်ကြီးချုပ်လီမှ ပေးပို့မည့် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ကြေညာချက်သည် အစည်းအဝေး နှစ်ခုအတွင်း စောင့်ကြည့်ရမည့် အရေးအကြီးဆုံး ကိစ္စများထဲမှ တစ်ခုဖြစ်သည်။

စိန်ခေါ်မှုများ များပြားစုပုံလာသော်လည်း မူဝါဒချမှတ်သူများသည် စီးပွားရေးတိုးတက်မှုအပေါ် အာရုံစိုက်နေဆဲဖြစ်ကြောင်း ပြသသည့် ရည်မှန်းချက်ကြီးသောတိုးတက်မှုပန်းတိုင်အဖြစ်လီက ၅%ခန့်ကို ပြသနိုင်မည်လောဟု ခွဲခြမ်းစိတ်ဖြာသူများက ကျယ်ပြန့်စွာမျှော်လင့နေ်ကြသည်။

လေ့လာသူများကလည်း ဈေးကွက်တုံ့ပြန်ပုံကို အနီးကပ် စောင့်ကြည့်နေကြမည်ဖြစ်သည်။ စည်းဝေးပွဲကို ဦးတည်လေ့လာကြည့်ရာတွင် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် ယုံကြည်မှုနှင့် အစီအမံများသည် အကောင်းမြင်စိတ်ကို ပြန်လည်ရရှိရန် လုံလောက်သည်ဟု လူအများက သံသယဖြစ်နေကြသည်။ ဒါပေမယ့် သူတို့ကမလုပ်နိုင်ဘူးဆိုရင်တောင် ဒါဟာ ရှီရဲ့အာဏာကို နှောင့်ယှက်ဖို့ မဖြစ်နိုင်ပါဘူး။

ခေါင်းဆောင်မှုအနေနဲ့ မြင့်မားတဲ့တိုးတက်ဖွံ့ဖြိုးမှုနှုန်း နဲ့ လူနေမှုဘဝကိုတိုးတက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံရဲ့စီးပွားရေး ပြဿနာများဟာ သာမန်ပြည်သူတွေရဲ့ ယုံကြည်မှုကို လျော့နည်းကျဆင်း စေခဲ့တယ်လို့ Asia Society မှသောမတ်စ်ကဆိုသည်။

“ဒါပေမဲ့ ရှီအနေနှင့်ရွေးကောက်ပွဲများကိုအနိုင်ရဖို့ မလိုအပ်ပါဘူး။ သူအတွက်အရေးကြီးတာက သူ့အထက်လွှာလူတန်းစားတွေကို ထိန်းချုပ်ထားနိုင်ရေးဖြစ်ပြီး အများစုရဲ့ထောက်ခံမှုကို မလိုအပ်ပါဘူး။ နောက်ပြီးတော့ စီးပွားရေးဟာ ပါတီရဲ့ ဖိနှိပ်ချုပ်ချယ်မှု ယန္တရားတွေကို လွှမ်းမိုးနိုင်တဲ့အနေအထားမှာ မရှိဘဲ ပြိုလဲသွားမဲ့ပုံစံကနေ အလှမ်းဝေးပါတယ်။”

Source/Photo: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု