နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီလို့ စစ်ကောင်စီဝန်ခံ၊ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်လို့ ဇော်မင်းထွန်းပြော

ဩဂုတ်လ (၅) ရက်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတွေနဲ့ သြဂုတ် ၃ ရက်နဲ့ ည ၆ နာရီခွဲအချိန်ထိ ဆက်သွယ်မှု ရရှိခဲ့ပြီး အခုအချိန်မှာ ဆက်သွယ်မှုပြတ်တောက်ခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကိုအစွမ်းကုန်ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။

“တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်တွေ၊ အရပ်သားတွေ ပါရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတာ ရှိပါတယ်။ အချို့တဲ့ ရဲမေများဟာ စစ်သည်တွေနဲ့ တန်းတူမဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေတွေ၊ မှီခိုသူမိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတွေနဲ့ သြဂုတ် ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်ထိ ဆက်သွယ်မှု ရရှိခဲ့ပြီး အခုအချိန်မှာ ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။”

“အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်းစစ်ဌာနချုပ်၊ လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာကို အသိအမှတ်ပြုလေးစားပါတယ်။ နိုင်ငံတော်အစိုးရ တပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားသည့်အထဲမှာ MNDAA ပူးပေါင်းအဖွဲ့ဟာ အပစ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး လားရှိုးကို ဇူလိုင်လ ၃ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားအပြစ်မဲ့ပြည်သူရာကျော်သေဆုံးခဲ့ရပြီး ရာနဲ့ချီတဲ့ရှော့တိုက်ဗုံးတွေ၊ ဒရော့ဗုံးတွေကို အသုံးပြုခဲ့သလို စိတ်ကြွဆေးတွေ သုံးစွဲတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

MNDAA အနေနဲ့ ရမခကို သိမ်းပိုက်ရရှိခဲ့တဲ့အချိန် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း (၄၇၀၀)ကျော်ဟာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလို သမိုင်းအစဉ်အလာကြီးမားတဲ့ တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးလိုက်ရတာဟာ (၇၅) နှစ်တာကာလထဲ စစ်တပ်ရဲ့ ပထမဆုံးကျရှုံးတဲ့ တိုင်းစစ်ဌာနချုပ်တခုအနေနဲ့ မှတ်တမ်းဝင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို