နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းလှမြိုမှာ ကျည်လွဲအဆောင်ရှိတယ်ဆိုတဲ့ ကျည်ကာ၀တ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးသေဆုံး

ဩဂုတ်လ (၅)ရက်။

ဒီကနေ့ နံနက် (၉)နာရီအချိန်က မင်းလှမြို့နယ်မှာ ကျည်လွဲအဆောင်ရှိတယ်ဆိုတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ညွန့်မြိုင်ကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။

မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စုရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ညွန့်မြိုင်ကို ဘွတ်စိန်ဘုရွာထိပ် တံတားအနီးမှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော်တွေက သေနတ်နဲ့ (၁၂)ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

သူ့ဆီကနေ သေနတ်အတို (၁)လက်၊ လက်ပစ်ဗုံး (၂)လုံး၊ ကျည် (၁၆)တောင့်၊ လေးခွတစ်လက်၊ ကျည်ကာအင်္ကျီတထည်၊ ဆိုင်ကယ်တစ်စီး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ငွေသား (၁၂၅၀၀၀)ကျပ်၊ မှတ်ပုံတင်တစ်ခုနဲ့ စစ်မှုထမ်းဟောင်းပင်စင် ငွေထုတ်ကတ်တခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးမှူး ညွန့်မြိုင်ဟာ ကျည်လွဲအဆောင်ရှိတယ်လို့ နာမည်ကြီးနေတဲ့ စစ်မှုထမ်းဟောင်း စစ်ကောင်စီထောက်တိုင် အမာခံတဦးဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF ရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ သတင်းပေးပို့နေတာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအလိုကျ ပြည်သူတွေကိုခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံတာအပြင် ပြည်သူတွေကို စစ်တပ်အားကိုးနဲ့ အမျိုးမျိုးဒုက္ခပေးနေတာကြောင့် သတိပေးပစ်ခတ်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလို သတိပေးပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးတာ၀န်ကနေ နှုတ်ထွက်တယ်လို့ သတင်းလွှင့်ပြီး အရင်ကထက် ပြည်သူတွေအပေါ် ပိုမိုဖိနှိပ်လာတာနဲ့ လက်နက်ကိုင်ရမ်းကားလာတာတွေကြောင့် အခုလိုအရေးယူတာလို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေသူတွေ၊ စစ်မှုထမ်းဖို့ အတင်းအကြပ်လူစုတာနဲ့ ခြိမ်းခြောက်ငွေတောင်းနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ