နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရဖွဲ့မည်ဟုဆို

သြဂုတ်လ (၅) ရက်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရ ဖွဲ့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲက သြဂုတ် ၅ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

ဟာဆီနာသည် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ဆန့်ကျင်ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ဇူလိုင်လအစောပိုင်းကတည်းက ကြိုးပမ်းခဲ့သော်လည်း သြဂုတ် ၄ ရက်က လူ ၁၀၀ နီးပါး သေဆုံးခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်ပွားအပြီး တစ်ရက်အကြာတွင် နိုင်ငံထဲမှရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားသည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဝါကာအူဇ်ဇာမန်က ဝန်ကြီးချုပ် ဟာဆီနာ ရာထူးမှနုတ်ထွက်သွားကြောင်း အတည်ပြုခဲ့ပြီး စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပြီး စီးပွားရေးလည်း ထိခိုက်ခဲ့တယ်။ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရလို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အချိန်တန်ပြီ” ဟု ဝါကာက ဆိုသည်။

သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၎င်းင်း၏အိမ်တော်မှ စွန့်ခွာထွက်ပြေးသွားပြီးနောက် ဝမ်းသာအားရဖြစ်နေသည့် ဆန္ဒပြသူများသည် ၎င်းင်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

သြဂုတ် ၅ ရက် နံနက်ပိုင်းက ပျော်ရွှင်နေပုံရသည့် ဆန္ဒပြလူအုပ်ကြီးသည် အလံများဝှေ့ယမ်းခဲ့ပြီး အချို့ကမူ ဒါကာမြို့ရှိ လမ်း မပေါ်တွင်ရပ်ထားသည့် တင့်ကားတစ်စီးပေါ်သို့တက်ကာ ကခုန်ခဲ့သည်။ ထို့နောက် ရာနှင့်ချီသည့် ဆန္ဒပြသူများသည် ဟာဆီနာ၏ အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

(FILES) Bangladesh’s Prime Minister Sheikh Hasina speaks during an interview at a hotel in New York, on September 22, 2022. – Thousands of Bangladeshi protesters stormed the palace of Prime Minister Sheikh Hasina in Dhaka on August 5, 2024, with a source telling AFP she had fled mass demonstrations
demanding she quit. (Photo by Ed JONES / AFP)
A Bangladesh army personnel stands guard during a curfew following clashes between police and Anti-Discrimination Student Movement activists amid anti-government protests in Shahbag area of Dhaka on August 5, 2024. – Bangladeshi security forces patrolled the capital on August 5, as protesters demanding Prime Minister Sheikh Hasina’s resignation said they would take to Dhaka’s streets again following the deadliest day of unrest since demonstrations erupted last month. (Photo by Munir UZ ZAMAN / AFP)
Bangladesh army personnel stand guard during a curfew following clashes between police and Anti-Discrimination Student Movement activists amid anti-government protests in the Shahbag area of Dhaka on August 5, 2024. – Bangladeshi security forces patrolled the capital on August 5, as protesters demanding Prime Minister Sheikh Hasina’s resignation said they would take to Dhaka’s streets again following the deadliest day of unrest since demonstrations erupted last month. (Photo by Munir UZ ZAMAN / AFP)
Police use tear gas to disperse student protestors in Bogura on August 4, 2024. (Photo by AFP)
Police use tear gas to disperse student protestors in Bogura on August 4, 2024. (Photo by AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၇) ရက်။ “အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။ မက္ကဆီကိုဂိုဏ်းများသည်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ခြေကျဉ်းခတ်ပြီး ရာဇဝတ်သားတွေကဲ့သို့ ဆက်ဆံခဲ့သည့် ထရန့်၏ ပြည်နှင်ဒဏ်ကြောင့် အိန္ဒိယ ဒေါသထွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၇) ရက်။ အမေရိကန် တာဝန်ရှိသူတွေဟာ အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ရာမှာ စစ်သုံးလေယာဉ်ပေါ်မှာ နာရီ ၄၀ ကြာ စီးနင်းခဲ့ရချိန်မှာ ခြေကျဉ်းခတ်ထားပြီး အိမ်သာသွားချိန်အတွင်းပင် ဖြုတ်ပေးတာ မရှိဘူးလို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ပနားမားတူးမြောင်း ဖြတ်သန်းခ ပေးရန်မလိုတော့ဆိုသည့် သဘောတူညီချက်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်သော်လည်း ပနားမားက ငြင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆) ရက်။ ပနားမား တူးမြောင်းကိုဖြတ်၍ ဖြတ်သန်းသွားသော အမေရိကန် အစိုးရသင်္ဘောများအတွက် အခကြေးငွေ ပေးချေရန်မလိုဆိုသည့်အချက်ကို ပနားမားအစိုးရက သဘောတူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာခဲ့သည်။ သို့သော်လည်း ပနားမားက အဆိုပါကြေညာချက်ကို ငြင်းဆိုထားကြောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းမှာ သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်ရေးသမားတွေရဲ့ အလောင်းတွေ ပြန်ပို့ရေး လုပ်ငန်းစဉ် ရှုတ်ထွေးနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 12 Views
++++++++++++++++++++++++++++++++++++ ယူကရိန်း ရှေ့တန်းစစ်မျက်နှာမှာ အမေရိကန် နိုင်ငံသား ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ခြောက်လအတွင်း တိုက်ပွဲတွေမှာ အသေအပျောက်တွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ ယူကရိန်းစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားငါးဦးရဲ့
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်အောက်လွှတ်တော်ကြားနာပွဲကို NUG ဝန်ကြီးတွေ တက်ရောက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အမတ်တွေရဲ့ ရုံးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ကြားနာပွဲကို တက်ရောက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့ ထရန့် ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၅) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ထွက်ခွာစေချင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အရင်ကလည်း အဲ့ဒီလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဒေသတွင်းရှိ အခြားအာရပ်နိုင်ငံတွေကလည်း ပြတ်သားစွာ ငြင်းဆိုထားပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်တို့ကို ပါလက်စတိုင်းကို လွှဲပြောင်းယူဖို့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံဖက်ရှိ နေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၄) ရက်။ နက်ဖြန် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံဖက်ရှိနေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်လိုက်ကြောင်း