နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့နယ်က ဘူးလက်လှဆွေ လက်အောက်ခံ ပျူစောထီးအဖွဲ့နှင့် စစ်တပ်က ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးကို သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အောင်ပွဲခံ

ဖေဖော်ဝါရီလ (၆) ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကို အရှင်ဖမ်းဆီးရရှိချိန်မှာ ရိုက်နှက်နှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်သံဖိုင်လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့နဲ့ စစ်တပ်ကို YDF ၊ YPDF ၊ CNA ၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ မဟာမိတ်တပ်ဖွဲ့က Alliance Operation အမည်နဲ့တိုက်ခိုက်ခဲ့ရာ ရဲဘော် (၂) ဦးကျဆုံးခဲ့တယ်လို့ YDF က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာထားခဲ့ပါတယ်။

YDF က ရဲဘော်နှစ်ဦး အရှင်ဖမ်းမိသွားတာကို မသိခဲ့ဘဲ ကျဆုံးသွားတယ်လို့သာ သိရတယ်လို့ YDF တပ်ရင်းနဲ့ နီးစပ်သူက ပြောပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီရဲ့ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှု ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂ ဦးရဲ့ အမည်က ဖိုးတေနဲ့ သားထောင်ဖြစ်တယ်လို့ YDF က ကြေညာထားပါတယ်။

YDF အဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်နေပေမယ့် တယ်လီဖုန်းလိုင်းတွေ မကောင်းတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ”
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 39 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 23 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်