နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်ခေါင်းဆောင်တွေအပါအဝင် ပါဝင်ပတ်သက်သူတွေကို တရားစွဲဆိုပြီး တရားမျှတမှု ပြန်ယူနိုင်ဖို့ ဆထက်တပိုး ကြိုးစားသွားမယ်လို့ NUG ထုတ်ပြန်

ဖေဖော်ဝါရီလ (၆)ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ကလေးငယ်တွေကို တရားမဲ့စွာ သတ်ဖြတ်နေတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလုပ်ရပ်တွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်တွေအပါအဝင် ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေကို ပြည်တွင်းတရားရုံးမှာသာမက နိုင်ငံတကာတရားရုံးတွေမှာပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့သူတွေအတွက် တရားမျှတမှု ပြန်ရယူနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ ဆထက်တမ်းပိုး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အခုလို စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာဟာ လူမဆန်တဲ့၊ ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီမော့ဆိုမြို့အနောက်ဘက်ခြမ်း၊ ဒေါဆီအီရွာက အလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တပ်က ကလေးငယ်တွေ စာသင်နေချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၄)ဦးသေဆုံးပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သလို ကလေးငယ် (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒေါဆီအီရွာနဲ့ (၁)မိုင်ခန့်သာဝေးတဲ့ လွိုင်နန်းဖရွာကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ရွာရှိ အထက်တန်းကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံတစ်ဦးသေဆုံးပြီး ဆရာ၊ ဆရာမ (၂)ဦးနဲ့ ဒေသခံ (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒရုန်းတွေနဲ့ ကင်းထောက်ပြီး ကလေးငယ်တွေရှိနေတဲ့ စာသင်ကျောင်းမှန်း သိလျက်နဲ့ ဗုံးကြဲခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီလုပ်ရပ်ဟာ ကလေး၊ သူငယ်တွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေး (၃)နှစ်တာကာလထဲ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးခဲ့ရပြီး အခြားအကြောင်းတွေကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းပေါင်း (၁၉၉)ကျောင်းရှိကာ စစ်တပ်ရဲ့ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်တာကြောင့် သေဆုံးခဲ့ရတဲ့ (၁၈)နှစ်အောက်ကလေးငယ် (၆၃၀)ကျော်ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က