နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူခေါ်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ကန်ပက်လက်မြို့နယ်က ချင်းဒေသခံတွေ ကန့်ကွက်

မတ်လ (၆) ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲကို ရက္ခိုင့်တပ်တော် (AA) ကို စစ်ကူခေါ်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ကန်ပက်လက်မြို့နယ် ဒေသခံပြည်သူတွေက ကန့်ကွက်စာ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (AA)အဖွဲ့ဟာ ကန်ပက်လက်မြို့နယ်အတွင်းကို လာရောက်စစ်ကူဖို့ ဖိတ်ခေါ်လာတာကြောင့် ကန်ပက်လက်မြို့နယ်ထဲက အမှတ်(၅) စစ်ဒေသအတွင်း AA အဖွဲ့အား နေထိုင်ခြင်း၊ သွားလာခြင်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ်(၅) စစ်ဒေသတွင်း ပြည်သူလူထုမှ နောင်အခါ တိုင်းရင်းသားအချင်းချင်းကြား ပြဿနာ၊ လူမျိုးနွယ်စုများကြား ပြဿနာ၊ ပြည်သူ့ကာကွယ်ရေးတပ် အချင်းချင်းကြား မလိုလားအပ်တဲ့ ပြဿနာပေါ်ပေါက်လာမှာကို များစွာ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ပြဿနာ တစုံတရာ ပေါ်ပေါက်လာပါက AA အဖွဲ့ကို ဖိတ်ခေါ်တဲ့ သက်ဆိုင်ရာမှ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝနဲ့ ခေါင်းခံဖြေရှင်းရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ကန်ပက်လက်မြို့နယ်က ပြည်သူလူထုတွေဟာ ခေတ်အဆက်ဆက်မှာ ဘယ်မျိုးနွယ်စု တိုင်းရင်းသားညီအစ်ကိုတွေနဲ့အမျှ ရန်ငြိုးထားခြင်း၊ အခင်းစစ်ဖြစ်ပွားခြင်း ဘယ်လူမျိုးကိုမျှ ထိပါးစော်ကားမှုကို မပြုမူခဲ့သလို သူတစ်ပါးရဲ့ အနိုင်ကျင့်စော်ကားပြုမူခြင်းကိုလည်း မခံစားဖူးခဲ့ရဘဲ၊ ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်လာခဲ့ခြင်းတို့ကို ထောက်ပြီး နောက်နောင်မှာလည်း ရှေးအရင်လိုပဲ ရပ်တည်လိုတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA)ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသလို အဲ့ဒီမြို့နယ်ထဲက ကုန်စည်အဝင်အထွက်တွေကို ၇ ရာခိုင်နှုန်း အခွန်ကောက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 32 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 26 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 23 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 27 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 24 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က