နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

နေတိုးရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဆွီဒင်တပ်တွေ ပူးပေါင်းလေ့ကျင့်

ဆီးနှင်းတွေထူထပ်နေတဲ့ ဖင်လန်နိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာ စစ်အေးကာလအပြီး ပထမဆုံးပြုလုပ်တဲ့ နေတိုးရဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုမှာ ဖင်လန်နဲ့ဆွီဒင်တပ်တွေ ပူးပေါင်းလေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဆွီဒင်နဲ့ ဖင်လန် နှစ်နိုင်ငံတပ်တွေ အခုလို စစ်ရေးပူးတွဲလေ့ကျင့်နေကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။

အဲဒီနှစ်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ထဲကို နက်နက်ရှိုင်းရှိုင်းပူးပေါင်းပါဝင်လာခဲ့ကြလို့ အခုဆိုရင် ရှုထောင့်မျက်နှာစာသစ်တွေလည်း ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က နေတိုးအဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး အခုအခါမှာ ဆွီဒင်နိုင်ငံကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ဖို့ ကြိုးစားနေတာပါ။

ဆွီဒင်နိုင်ငံဟာ ပြီးခဲ့တဲ့ ကမ္ဘာစစ်တွေအတွင်း ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုအခါမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်ဖို့ ခြိမ်းခြောက်လာမှုကြောင့် နေတိုးအဖွဲ့နဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ဖင်လန်စစ်တပ်နဲ့ အခုလို စစ်ရေးပူးတွဲလေ့ကျင့်မှုဟာ သင်ယူလေ့လာမှုတွေပြုလုပ်နိုင်အောင်ဖြစ်တယ်လို့ ဆွီဒင်ဗိုလ်မှူးချုပ် ရစ်ချတ်ယိုဟန်ဆင်က ပြောပါတယ်။

“ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကျတော်တို့ ပြင်ဆင်မှုတွေအများကြီးလုပ်ထားပြီးပါပြီ၊ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လည်း ကျတော်တို့မျှော်လင့်နေပါတယ်”လို့ ဗိုလ်မှူးချုပ် ရစ်ချတ်ယိုဟန်ဆင်က ပြောပြခဲ့တာပါ။

တင့်ကားတွေပါဝင်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ဘက်အစွန်ဆုံးဖြစ်တဲ့ နော်ဒစ်ဒေသမှာ မဟာမိတ်တွေရဲ့ အားဖြည့်ကူညီတိုက်ခိုက်မှုစွမ်းရည်ကို စမ်းသပ်ဖို့ ရည်ရွယ်လေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဖင်လန်နိုင်ငံရဲ့ နယ်စပ်စည်းကို ဝိုင်းဝန်းကာကွယ်ဖို့ ဆွီဒင်တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုလည်းဖြစ်ပါတယ်။

ဆွီဒင်တပ်တွေအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ လတ်ဗီးယားရဲ့ တပ်ဖြန့်မှုတွေမှာ ပါဝင်ကူညီသွားမယ်လို့လည်းဆိုပါတယ်။ ဆွီဒင်စစ်မှုထမ်းတစ်ဦးဖြစ်တဲ့ ဖီးလစ်တောကတော့ သူတို့အနေနဲ့ တခြားနိုင်ငံတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောပါတယ်။

“ ဥရောပမှာ အခုအခြေအနေက တကယ့်ကို လုံခြုံမှုမရှိဘူးလို့ ကျတော် ထင်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တာ မြင်တော့ ဆွီဒင်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်မှ လုံခြုံမယ်လို့ခံစားရပါတယ်။ ဒါကြောင့် တစ်ခုခုဆိုနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်မှုကို ရနိုင်သလို ကျတော်တို့ကလည်း တခြားနိုင်ငံတွေကို ကူညီပေးနိုင်ပါတယ်”

မေလအထိကျင်းပမယ့် နေတိုးရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ တပ်ဖွဲ့ဝင်အင်အား 90000 အထိ ပါဝင်လေ့ကျင့်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက