နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာရုံးကို ပိတ်ပစ်ရန် အမိန့်ပေး

မေလ (၆) ရက်။

မေလ (၅) ရက်နေ့တွင် အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာ (Al Jazeera) ၏ ရုံးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါရုပ်သံလိုင်းအား “သွေးထိုးလှုံ့ဆော်နေသည့်ချန်နယ်” ဟု X (ယခင် Twitter) တွင် ပို့စ်တစ်ခုတင်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ၎င်း၏ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

နေတန်ယာဟု၏ အာရပ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ပိတ်သိမ်းရေးအမိန့်သည် ချက်ချင်းအသက်ဝင်မည်ဟု X တွင် ရေးသားထားသည်။ ၎င်း၏ ရုပ်သံလွှင့်စက်များကို သိမ်းဆည်းမည်ဖြစ်ပြီး ၎င်း၏ သတင်းထောက်များကို ပိတ်ပင်ရန်၊ အသံလွှင့်ရုံအား ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်ခြင်းမှ ဖယ်ထုတ်ကာ ၎င်း၏တရားဝင် ဝဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ဂျာဇီးရား သတင်းထောက်များသည် အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေပြီး ၎င်းတို့အား အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့၏ ပြောလိုသည်များကို ပြောဆိုပေးသည့် ကိုယ်စားလှန်များအဖြစ် ခေါ်ဝေါ်ကာ “ယခုအချိန်သည် ငါတို့နိုင်ငံမှ နှင်ထုတ်ရမည့်အချိန်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အစ္စရေး၏ ဆက်သွယ်ရေး ဝန်ကြီးဌာနသည် Al Jazeera ၏ ဂျေရုဆလင်ဗျူရိုကို ပိတ်ကာ ၎င်း၏ ဆက်သွယ်ရေး ကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း ကြေညာခဲ့သည်။ ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်မှုများနှင့် ဆိုက်သို့ ဝင်ရောက်ခွင့်ကိုလည်း ဖြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး ကေဘယ်လ်လိုင်းသည် အယ်လ်ဂျာဇီးရာထုတ်လွှင့်မှုကို ညသန်းခေါင်ယံ ၅ ရက်နေ့ ညသန်းခေါင်တွင် ရပ်နားထားကြောင်း ဒေသခံ CNN သတင်းထောက်များက အတည်ပြုခဲ့သည်။ ယင်းချန်နယ်တွင် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဆိုင်းငံ့ထားသည်ဟု ကြေညာထားသည်။

CNN မှ ရရှိသောဗီဒီယိုဖိုင်တွင် အစ္စရေးရဲများသည် အယ်လ်ဂျာဇီးရာ၏ ဂျေရုဆလင်ရုံးကို လုံခြုံရေးအရာရှိတစ်ဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြသခဲ့သည်။

အယ်လ်ဂျာဇီးရာက ဒါဟာ နိုင်ငံသားတွေရဲ့ သတင်းရယူခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ “အစ္စရေးက သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ဖို့ သတင်းထောက်တွေကို သတ်ဖြတ်တာတွေဖမ်းဆီးချုပ်နှောင်တာတွေလုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်တာတွေလုပ်ခဲ့ပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ သူတို့ မတားဆီးနိုင်ခဲ့ပါဘူး´´ ဟု ၎င်းက ပြောသည်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာဒေသမှာ စစ်ပွဲစကတည်းက အမှန်တရားကို တင်ပြခဲ့တဲ့ ပါလက်စတိုင်းဂျာနယ်လစ် အယောက် ၁၄၀ ကျော်ဟာ အသတ်ခံခဲ့ရတယ်လို့ ၎င်းက တင်ပြပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက