နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

တောင်ကိုးရီးယား

တောင်ကိုးရီးယား နိုင်ငံတကာသတင်း အာရှ

တောင်-မြောက် တင်းမာမှုတွေကြားက စိုးရိမ်ပူပန်နေရတဲ့ နယ်စပ်မြို့လေး

တောင်-မြောက် တင်းမာမှုတွေကြားက စိုးရိမ်ပူပန်နေရတဲ့ နယ်စပ်မြို့လေး

+++++++++++++++++

မြောက်ကိုရီးယားနယ်စပ်စည်းနားမှာဖွင့်လှစ်ထားတဲ့ ယွန်ဆိုဟွန်းရဲ့ တည်းခိုခန်းဟာ အထီးကျန်ဆန်တဲ့ မြောက်ကိုရီးယားကို ချောင်းကြည့်ဖို့ စိတ်အားထက်သန်နေတဲ့ ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားရှေ့တန်းစစ်မြေပြင်နဲ့ 22 မိုင်သာ ကွာဝေးတဲ့ ပါဂျူမြို့က ယွန်ဆိုဟွန်းနဲ့ တခြားလူတွေဟာ လက်ရှိကိုရီးယားကျွန်းဆွယ်ရဲ့ တင်းမာမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။ ယွန်ဆိုဟွန်းရဲ့ တည်းခိုခန်းနဲ့ ခရီးသွားအေဂျင်စီဟာ တောင်-မြောက်နယ်စပ်စည်းက စစ်မဲ့ဇုန်ကို သွားတဲ့ တောင်တက်လမ်းကြောင်းပေါ်မှာ တည်ရှိနေတာပါ။

“ထိခိုက်တာပေါ့၊ ကျတော်လို အသေးစားလုပ်ငန်းလုပ်နေတဲ့သူတင် မဟုတ်ဘဲ စိုက်ပျိုးရေးလုပ်ငန်းအဝင် ဒီဒေသက လူတွေအားလုံးကို ထိခိုက်တာပါ။ ဒီနားတဝိုက်မှာ ငြိမ်းချမ်းရေးခရီးသွားလုပ်ငန်းတွေ လုပ်တဲ့သူ အများကြီးရှိတယ်။ ဒါပေမယ့် ခရီးသွားတွေကတော့ အခုနောက်ပိုင်းမှာတော်တော်လေးကို လျော့ကျသွားတယ်”

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ တစ်ပတ်က အမှိုက်နဲ့ မစင်တွေထည့်ထားတဲ့ မိုပျံပူဖောင်း ရာနဲ့ချီပြီး တောင်ကိုရီးယားနယ်စပ်စည်းကို ကျော်ဖြတ် လွှတ်တင်ခဲ့တာကြောင့် နယ်စပ်စည်းတလျှောက်မှာ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားရသလို မီဒီယာတွေကလည်း နယ်စပ်အခြေအနေကို ၂၄ နာရီးစလုံးစောင့်ကြည့် ဖော်ပြနေကြပါတယ်။

တင်းမာနေတဲ့အခြေအနေတွေကြောင့် တောင်ကိုရီးယားစစ်တပ်ဟာ နယ်စပ်စည်းတလျှောက် စစ်ရေးအသင့်အနေအထားအတွက် ပြင်ဆင်ပြီး တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအခြေအနေဟာ ပါဂျူးမြို့မှာ နေထိုင်နေတဲ့ဒေသခံတွေအတွက်ကတော့ စိုးရိမ်စရာအခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။

“အရင်တုန်းကတော့ လယ်ကွင်းတွေထဲမှာ သံချပ်ကာကားတွေ သွားလာနေကြရင်တောင် လူတွေက ဒါကို လေ့ကျင့်နေကြတာလို့ပဲ ထင်ကြတယ်။ အခုကျတော့ အဲဒီလို မြင်ကွင်းတွေမြင်ရပြီဆိုရင် တစ်ခုခုဖြစ်နေကြပြီလားလို့ စိုးရိမ်နေကြရတာပါ”

လွန်ခဲ့တဲ့ 2014 ခုနှစ် အောက်တိုဘာလအတွင်းက တောင်-မြောက်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ပါဂျူးမြို့ကနေ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားနိုင်ငံဘက်ကို လွှတ်တင်ခဲ့လို့ ဒေသခံတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားဘက်က ထွက်ပြေးလာခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ပတ်ဆန်ဟတ်ကတော့ ပူဖောင်းတွေကို မြောက်ကိုရီးယားဘက် ထပ်မံ လွှတ်တင်သွားမယ်လို့ ပြောဆိုထားပါတယ်။

ပါဂျူးမြို့မှာနေထိုင်တဲ့ နိုဟွန်ကီကတော့ သူတို့မြို့လေးဟာ နှစ်ဖက်တင်းမာမှုကြားက စိတ်ညစ်စရာအကောင်းဆုံးမြို့လို့ ဆိုပါတယ်။

“ အသံချဲ့စက်တွေပြန်လာတပ်ရင် မြောက်ကိုရီးယားက ဒီနေရာကို အမြောက်တွေနဲ့ ပြန်ပစ်မှာကို စိုးရိမ်နေရပါတယ်”

1950 ခုနှစ်အစောပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တိုက်ပွဲတွေ ပြီးဆုံးသွားခဲ့ပေမယ့် ကိုရီးယား နှစ်နိုင်ငံကြားမှာ နည်းပညာစစ်ပွဲတွေက ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။ နယ်စပ်စည်းတလျှောက်မှာ နှစ်ဖက်စစ်တပ်တွေ အမြဲ ထိပ်တိုက်ရင်ဆိုင်နေကြပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို ဦးတည်ထားတဲ့ ဒုံးကျည်တွေနဲ့ အမြဲခြိမ်းခြောက် နေတာဖြစ်ပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက