နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း

ရှီနှင့် ပူတင်တို့သည် အစ္စရေး-အီရန် အကျပ်အတည်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီး ထရန့်အား ဖုံးကွယ်ထားသော သတင်းစကားဖြင့် ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားတို့သည် အကျိုးအကြောင်းဆီလျော်စွာ ပြောကြာသူများအဖြစ် နေရာယူပြီး အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်ရန် စဉ်းစားနေသည့် ပဋိပက္ခကို အရှိန်လျှော့ချရန် တောင်းဆိုနေကြသည် ။ ၎င်းတို့သည် ကြာသပတေးနေ့တွင် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ အကြား ဖုန်းခေါ်ဆိုမှုအတွင်း ကြိုးပမ်းခဲ့သည့် မြင်ကွင်းများဖြစ်သည်။

အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အစ္စရေးနှင့် ပူးပေါင်းရန် ချိန်ဆနေချိန်တွင် အရှေ့အလယ်ပိုင်းတွင် ထိပ်တိုက်ရင်ဆိုင်နေကြသည့် ရန်သူနှစ်ဦးကြား အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေသည့် ပဋိပက္ခသည် ဘေဂျင်းနှင့် မော်စကို ကို အမေရိကန်၏ ပါဝါနေရာတွင်သူတို့အား အစားထိုးနိုင်ကြောင်းပြောကြားနိုင်သည့် နောက်ထပ်အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့သည်။

၎င်းတို့၏ တောင်းဆိုမှုတွင် ပူတင်နှင့် ရှီတို့က အစ္စရေး၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေများ၏ အခြားစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကရင်မလင်နန်းတော်က ဆိုသည်။ (မှန်သော်လည်း ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားမှလည်းနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်သည်၊ ဘေဂျင်းက အမြဲတစေရုရှားကို ရှုတ်ချဖို့ ငြင်းဆိုခဲ့သည်။)

ပေကျင်း၏ဖတ်ကြားချက်တွင် ရှီသည် သူ၏နိုင်ငံခြားရေးဝန်ကြီးမှ တဖက်အီရန်တို့နှင့် ဖုံး‌ပြောကြားမှုတွင် တင်းမာသောလေသံဖြင့် အစ္စ‌ရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သော်လည်း ရှီကသူ၏နိုင်ငံခြားရေးဝန်ကြီးနှင့် မတူဘဲ တွက်ဆစွာ ပြောကြားခဲ့သည်။

ယင်းအစား၊ တရုတ်ခေါင်းဆောင်က ဒေသတွင်း တိုက်ခိုက်နေသောဆန့်ကျင်ဖက် အစုအဝေးများ “ အထူးသဖြင့် အစ္စရေး” ကို ဒေသတွင်းတိုက်ခိုက်မှုများ ပြန့်နှံ့ မကြီးထွားလာစေရန် စစ်ပွဲများကို အမြန်ဆုံးရပ်စဲရန် တိုက်တွန်းခဲ့သည်။

ထင်ရှားသည်မှာ ထရန့် အားတိုက်ရိုက်မဟုတ်သော မက်ဆေ့ချ်ပေးမှုတွင် ရှီက ပဋိပက္ခ ဖြစ်ပွားနေသော ပါတီများအပေါ် အထူးလွှမ်းမိုးမှုရှိသော အင်အားကြီးနိုင်ငံများသည် “ဆန့်ကျင်ဘက်မဟုတ်ဘဲ အခြေအနေကို အေးချမ်းသွားစေရန် လုပ်ဆောင်သင့်သည်” ဟု အလေးပေးပြောကြားခဲ့သည်။

ဘေဂျင်းသည် ဝါရှင်တန်အား အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများနှင့် တင်းမာမှုများ၏ အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ကာလရှည်ကြာ စွပ်စွဲခဲ့ပြီး ယခုအခါ တရုတ်ပညာရှင်အချို့သည် အီရန်အကျပ်အတည်းကို ထောက်ပြ၍ သူတို့ပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်း ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။

ရှန်ဟိုင်း နိုင်ငံတကာလေ့လာရေးတက္ကသိုလ် (Shanghai International Studies University) မှ အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူ လူဇောင်မင်း (Liu Zhongmin) က ထရန့်၏ ဒုတိယသက်တမ်းသမ္မတ ရာထူးတွင် အရှေ့အလယ်ပိုင်းပေါ်လစီတွင် အခွင့်ကောင်းနှင့် ကိုယ်ကျိုးစီးပွားနှင့် အရောင်းအ၀ယ်သဘောသဘာဝကြောင့် ဖန်တီးထားသော မသေချာမရေရာမှုများနှင့် ၎င်း၏ အရှေ့အလယ်ပိုင်း မူဝါဒ၏ ဖရိုဖရဲဖြစ်မှုဟု ဆိုခဲ့သည်။

“ (ထရန့်) သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်မူဝါဒ၏ အခွင့်အာဏာနှင့် ယုံကြည်ကိုးစားမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ၎င်း၏မဟာမိတ်များကြားတွင် အမေရိကန်၏ ခေါင်းဆောင်မှုနှင့် ပုံရိပ်ကို ပျက်ပြားစေခဲ့ပြီး ဒေသတွင်းရန်ဘက်များကို ခြိမ်းခြောက်ခြင်းနှင့် ဟန့်တားနိုင်မှုတို့ကို အားနည်းစေခဲ့သည်” ဟု လူက ယခုသီတင်းပတ်တွင် နိုင်ငံပိုင်မီဒီယာတွင် ရေးသားခဲ့သည်။

နောက်ထပ် အရှေ့အလယ်ပိုင်း ‘ထာဝရစစ်ပွဲ’လား?

အချို့သော တရုတ်အွန်လိုင်းဝေဖန်ရေးဆရာများက ထရန် သည် အရှေ့အလယ်ပိုင်းတွင် ထာဝရစစ်ပွဲဟု ခေါ်သည့် နောက်ထပ်စစ်ပွဲတစ်ခုထဲသို့ အမေရိကန်ကို ပိုမိုနက်ရှိုင်းအောင် ဆွဲသွင်းနေသည့်သဘောပေါ်လာကြောင်း မှတ်ချက်ပြုထားသည်။

၎င်း၏ဒုတိယ သက်တမ်းအစတွင် ထရန့် နှင့်နီးစပ်သောအရာရှိများသည် အင်ဒို-ပစိဖိတ် ဒေသရှိ တရုတ်၏ ရည်မှန်းချက်များကို တန်ပြန်ရန် ဝါရှင်တန်သည် ၎င်း၏ အာရုံစူးစိုက်မှုနှင့် အရင်းအမြစ်များကို လမ်းကြောင်းပြောင်းရန် လိုအပ်ကြောင်း ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ ငါးလကြာသော် ယူကရိန်းနှင့် ဂါဇာတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ယခုထရန့်သည် အစ္စရေး-အီရန် ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို ချိန်ဆနေခဲ့သည်။

အစိုးရကို ဖြုတ်ချနိုင်သည့် အီရန်ကို အလုံးစုံ စစ်ပွဲဆင်နွှဲဖို့ ပေကျင်းက စိတ်မဝင်စားပါ။ အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီလက်ထက်တွင် အီရန်သည် အရှေ့အလယ်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာပြီး အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်ရန် အရေးပါသော နိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံက ဒေသတွင်းတွင် ၎င်းတို့၏ သံတမန်ရေးနှင့် စီးပွားရေး ခြေရာကို ချဲ့ထွင်ရန် လုပ်ဆောင်နေခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ပေကျင်းသည် မဟာပြိုင်ဘက်များဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့ကြား အံ့အားသင့်ဖွယ်ကောင်းစွာ ညှိနှိုင်းကူညီပေးခဲ့သည်။ ဒေသတွင်း ပါဝါရှိသော အကျိုးဆောင်အသစ်တစ်ဦးအဖြစ် ပေါ်ထွက်လာရန် ၎င်း၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ပြခဲ့သည့် သဘောတူညီချက်တစ်ခုဖြစ်သည်။

တရုတ်သည် အီရန်ကို ရေရှည်တည်တံ့ခိုင်မြဲသော ရေနံတင်သွင်းမှုနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ၎င်း၏နေရာထိုင်ခင်းရရှိရန်ကျောထောက်နောက်ခံပေးခဲ့သည်။ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း အပါအဝင် ၎င်းတို့၏ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းစေခဲ့သည်။ ဘေဂျင်းသည် တီဟီရန်အား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BRICS တွင် ကြိုဆိုခဲ့ပြီး အမေရိကန်ဦးဆောင်သော ကမ္ဘာ့အစီအစဉ်ကို စိန်ခေါ်ရန် တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် အဖွဲ့များတွင် ပါဝင်ခဲ့သည်။

အီရန်သည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း(Belt and Road Initiative) (BRI) တွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကိုဆောင်ရွက်ရာတွင် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သည်။ အီရန်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို ဝင်ရောက်ခွင့်ပေးသည့် ပါကစ္စတန်ရှိ မဟာဗျူဟာကျသော ဂျီဝါဒါ (Gwadar) ဆိပ်ကမ်းအနီးတွင် တည်ရှိပြီး ပါရှန်ပင်လယ်ကွေ့မှ တရုတ်ရေနံတင်သွင်းမှုအတွက် အရေးပါ အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ရုရှားကဲ့သို့ပင် တရုတ်သည် အစ္စရေး-အီရန် ပဋိပက္ခတွင် အလားအလာရှိသော ကြားဝင်ဖျန်ဖြေသူအဖြစ် ကမ်းလှမ်းထားပြီး ၎င်းသည် ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးအဖြစ် ရပ်တည်ကာ အမေရိကန်ခေါင်းဆောင်မှုထက် သူသည်အခြားရွေးချယ်စရာ တစ်ခုအဖြစ်ထင်ပေါ်လာခဲ့သည်။

ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံစဉ်တွင် ရှီသည် အီရန်နျူကလီးယားပြဿနာကို ဆွေးနွေးအဖြေရှာခြင်းနှင့် အရပ်သားများကို အကာအကွယ်ပေးခြင်းအပါအဝင် တင်းမာမှုများ တိုးမြင့်မလာစေရန် ကျယ်ပြန့်သော အဆိုပြုချက်လေးခုကို ချမှတ်ခဲ့ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။

ထိုအတောအတွင်း ရှီ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် အီရန်၊ အစ္စရေး၊ အီဂျစ်နှင့် အိုမန်နိုင်ငံတို့မှ သံတမန်ရေးရာကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ပြီး တစ်ပတ်တာ အလုပ်များစွာ ဖုန်းဖြင့် စကားပြောခဲ့သည်။

သို့သော်လည်း ပဋိပက္ခကို အမှန်တကယ် ပြေလည်အောင် ဆောင်ရွက်ပေးသည့်အခါတွင် ဘေဂျင်းက မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ပွဲအစောပိုင်းအဆင့်များတွင် တရုတ်နိုင်ငံက အလားတူကမ်းလှမ်းချက်တစ်ခုပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမြှင့်တင်ရန် ဒေသတွင်းအထူးသံတမန်တစ်ဦးစေလွှတ်ခဲ့သည်။ ခိုင်မာသောရလဒ်များနှင့်ပတ်သက်၍ နောက်ဆုံးတွင် အနည်းငယ်မျှသာ ရလဒ်ထွက်ပေါ်စေသည့် ကြိုးပမ်းမှုများဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးကို ကြားဝင်စေ့စပ်ခြင်းသည် အထူးသဖြင့် အတွေ့အကြုံ နည်းပါးသော သို့မဟုတ် ကြာရှည်ခံနိုင်သော ပဋိပက္ခများကို ကြားဝင်စေ့စပ် နိုင်သော ကျွမ်းကျင်မှု နည်းပါးသော တရုတ်နိုင်ငံအတွက် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး သို့မဟုတ် လုံခြုံရေး၊ တည်ငြိမ်မှုကင်းမဲ့သော နက်ရှိုင်းစွာကွဲပြားသော ဒေသတစ်ခုတွင် ကြီးမားသော အစီအစဉ်တစ်ခုကိုလုပ်ဆောင်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အရေးပါသော သြဇာလွှမ်းမိုးမှုရှိသည့် ပဋိပက္ခတစ်ခုဖြစ်သည့် ယူကရိန်းစစ်ပွဲတွင် တရုတ်သည် ကြားနေငြိမ်းချမ်းရေးပွဲစားအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း၊ ပူတင်၏စစ်ပွဲကို တည်တံ့ခိုင်မြဲစေရန်အတွက် သံတမန်ရေးရာနှင့် လိုအပ်နေသော စီးပွားရေးအထောက်အပံ့များကို ကမ်းလှမ်းပေးခဲ့သည်၊

သို့သော်လည်း၊ အထူးသဖြင့် တောင်ကမ္ဘာလုံးဆိုင်ရာအုပ်စု၏အမြင်တွင် အမေရိကန်၏ ကမ္ဘာ့ခေါင်းဆောင်မှုအပိုင်းကို ကြီးထွားလာနေသော စိစစ်မှုခံနေရချိန်တွင် အီရန်ပဋိပက္ခတွင် ထိန်းထိန်းသိမ်းသိမ်းအသံအဖြစ် သူ့ကိုယ်သူ တင်ပြခြင်းသည် ပေကျင်းအတွက် အောင်ပွဲတစ်ခုအဖြစ် မှတ်ယူနေပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း