နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ အနောက်နိုင်ငံတွေရဲ့ ရန်သူတွေကို ရုရှားက လက်နက်ပေးနိုင်တယ်လို့ ပူတင် သတိပေး

ဇွန်လ (၆) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်များ ပံ့ပိုးပေးခြင်းကိုတန်ပြန်သည့်အနေနှင့် ၎င်းက အနောက်နိုင်ငံများ၏ရန်သူများကို လက်နက်များ တပ်ဆင်ပေးခြင်းဖြင့် “ အလွန်ပြင်းထန်ပြီး အန္တရာယ်ရှိသော ခြေလှမ်း” ကို လုပ်ဆောင်နိုင်ကြောင်း သတိပေးခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပူတင်၏ အပြည့်အဝ ကျူးကျော်မှု စတင်ချိန်မှစ၍ ရုရှားတပ်များကို ပြန်လည်ချေမှုန်းရန် အနောက်မဟာမိတ်များက ထောက်ပံ့ပေးထားသော လက်နက်များအပေါ် ယူကရိန်းသည် ကြီးကြီးမားမား မှီခိုအားထားနေရပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားပိုင်နက်အတွင်း ကန့်သတ်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ဥရောပနိုင်ငံအများအပြားက ၎င်းတို့လက်နက်များ ထောက်ပံ့ပေးနိုင်မှုအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်ကို အမေရိကန်လက်နက်များ အသုံးပြုခွင့်ပေးခဲ့သည်။

ပဋိပက္ခဇုန်ကို လက်နက်တွေ ထောက်ပံ့ခြင်းဟာ ဘယ်တော့မှ ကောင်းတဲ့အရာ မဟုတ်ဘူး” ဟု ပူတင်က ဗုဒ္ဓဟူးနေ့က စိန့်ပီတာစဘတ်တွင် ကျင်းပသည့် နှစ်စဉ် စီးပွားရေးဖိုရမ်၏ ဘေးတွင် နိုင်ငံတကာ သတင်းအေဂျင်စီများမှ အယ်ဒီတာများအား ပြောကြားခဲ့သည်။ “ အထူးသဖြင့် ၎င်းတို့အား ထောက်ပံ့သူများသည် လက်နက်များ ပေးအပ်ရုံသာမက ထိုလက်နက်တို့ကို မည်သို့စီမံခန့်ခွဲရမည်ဆိုသည်ပါ ပါဝင်နေသည်” ဟုဆိုသည်။

ယူကရိန်း ပဋိပက္ခမှာ အနောက်နိုင်ငံတွေက တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်ဆိုရင် ရုရှားက လက်တုံ့ပြန်နိုင်တယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။

“နောက်ဆုံးအနေနဲ့ ဒီနိုင်ငံတွေက ကျွန်တော်တို့ကို တိုက်ခိုက်ရာမှာ ပါဝင်လာတယ်ဆိုတာ ကျွန်တော်တို့မြင်ရရင်၊ ရုရှားဖက်ဒရေးရှင်းကို တိုက်တဲ့စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုရင် ကျွန်တော်တို့ကလည်း ဒီအတိုင်းပဲ ပြန်ပြီး လုပ်ပိုင်ခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ “ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဒီလိုလုပ်ဆောင်မှုဟာ ဆိုးဝါးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်။” ဟု သူက ဆိုသည်။

“ရုရှားအနေနဲ့ ဒီလိုတန်းတူ လက်နက်မျိူးတွေကို ရုရှားကို ဆန့်ကျင်နေတဲ့နိုင်ငံတွေရဲ့ ဒေသတွေမှာရှိတဲ့ အဆောက်အအုံတွေ ထိလွယ်ရှလွယ် နေရာတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ထောက်ပံ့ဖို့ ရုရှားမှာကော လုပ်ပိုင်ခွင့် မရှိဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။ ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ လက်နက်သိုလှောင်ရုံများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်မှ ထောက်ပံ့ပေးထားသော HIMARS ဒုံးပျံစနစ်များကို စတင်အသုံးပြုနေပြီဟု ယူကရိန်းပါလီမန်အဖွဲ့ဝင်တစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းပါလီမန် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၏ လက်ထောက်ဥက္ကဋ္ဌ Yehor Cherniev က အမေရိကန်လက်နက်များသည် ရုရှား S-300 ဒုံးကျည်များဖြင့် ခါကိ့ဗ်မြို့ကို ပစ်ခတ်မှုကို သိသိသာသာ လျှော့ချကာကွယ်ရန် ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝင်လာသော ဒုံးကျည်များကို ဖျက်ဆီးရန်အတွက် ရုရှားသည် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မြှင့်တင်မည်ဟု ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ပြောကြားချက်၌ ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။ မော်စကိုက ယူကရိန်းကို တိုက်ခိုက်တဲ့အတွက် ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို ယူကရိန်းက သူတို့ရဲ့ လက်နက်တွေနဲ့တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုခွင့်ပေးသင့်တယ်လို့ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က မှတ်ချက်ပေးခဲ့ပြီးနောက် ဝေဖန်မှုတွေအတွက် ဘာလင်ကို ပူတင်ကဝေဖန်ခဲ့ပါသည်။

ယူကရိန်းတွင် ဂျာမန်လုပ်တင့်ကားများ၏ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး ရုရှားတွင် “ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းမှုနှင့်ပတ်သက်ပြီး” ထိတ်လန့်မှုဖြစ်စေခဲ့ပြီး ဂျာမနီအပေါ် ယခင်က အလွန်ကောင်းမွန်သော သဘောထားရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ “အခု ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်မယ့် နောက်ထပ် ဒုံးကျည်တချို့ ရောက်ရှိလာမယ်လို့ ပြောတဲ့အခါ ဒါက ရုရှား-ဂျာမန် ဆက်ဆံရေးကို အဆုံးစွန်ထိ ဖျက်ဆီးနေတာပါပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့်မေ ၂၈ ရက်ကအတူရပ်တည်ပြီး ပြောကြားရာတွင် ဂျာမနီအဓိပတိ အော်လစ်ဖ် စလော့ဇ် (Olaf Scholz) က ယူကရိန်းသည် အမေရိကန်အပါအဝင် လက်နက်ထောက်ပံ့သည့်နိုင်ငံများနှင့် နိုင်ငံတကာဥပဒေများကို လေးစားနေသရွေ့ ယူကရိန်းအား ကာကွယ်နိုင်ခွင့်ကို ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံတကာဥပဒေအောက်မှာ ယူကရိန်းကဖြစ်နိုင်ခြေအားလုံးကို လုပ်ဆောင်နိုင်ခွင့် ရှိတယ်။ အဲဒါကို အတိအလင်း ပြောရမယ်” ဟု စလော့ဇ် က ပြောသည်။ “သူ့တို့ကိုယ်သူတို့ ခုခံကာကွယ်ခွင့်ကို တချို့က ခွင့်မပြုသင့်ဘူး။ ဒါကိုသင့်တော်တဲ့အစီအမံတွေကို လုပ်မယ်လို့ပြောဆိုငြင်းခုံတာဟာ ကျွန်တော့အတွက်တော့ ထူးဆန်းသလိုပါပဲ” ဟု သူကဆိုသည်။

ရုရှားမြေပေါ်ရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ခွင့်ပြုရန် ယူကရိန်းက ဝါရှင်တန်အား လပေါင်းများစွာ အသနားခံခဲ့ပြီး မော်စကိုသည် ခါကိဗ်ကို ရက်စက်ကြမ်းကြုတ်စွာ ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်နေခဲ့ပြီး ၎င်း၏ လက်နက်သိုလှောင်ရုံများ ကို အနောက်နိုင်ငံတွေက လက်နက်တွေနဲ့ ပစ်မှတ်မထားနိုင်ရန်၎င်း၏တပ်များကို ပြန်လည်စုဖွဲ့ရန် ရုရှားမြေအတွင်းသို့ အမေရိကန်၏ ATACMS ဟု လူသိများသော တာဝေးပစ် ဒုံးကျည်များမှာ ကီလိုမီတာ ၃၀၀ (မိုင် ၂၀၀ နီးပါး) အကွာမှ ပစ်မှတ်များကို ထိမှန်စေနိုင်ပြီး ထိုပေးအပ်ထားသည့် ကြောက်မက်ဖွယ်အကောင်းဆုံး ဒုံးကျည်များကို ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်ရန် ယူကရိန်းအား သုံးစွဲခွင့်မပြုရန် အခိုင်အမာ ရပ်တည်ထားပါသည်။ ယင်းအစား ယူကရိန်းသည် အကွာအဝေး ၇၀ ကီလိုမီတာ (မိုင် ၄၀ ဝန်းကျင်) ရှိသည့် GMLRS ဟု လူသိများသော တာတိုပစ်ဒုံးကျည်များကိုသာ အသုံးပြုနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်