နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ အနောက်နိုင်ငံတွေရဲ့ ရန်သူတွေကို ရုရှားက လက်နက်ပေးနိုင်တယ်လို့ ပူတင် သတိပေး

ဇွန်လ (၆) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်များ ပံ့ပိုးပေးခြင်းကိုတန်ပြန်သည့်အနေနှင့် ၎င်းက အနောက်နိုင်ငံများ၏ရန်သူများကို လက်နက်များ တပ်ဆင်ပေးခြင်းဖြင့် “အလွန်ပြင်းထန်ပြီး အန္တရာယ်ရှိသော ခြေလှမ်း” ကို လုပ်ဆောင်နိုင်ကြောင်း သတိပေးခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပူတင်၏ အပြည့်အဝ ကျူးကျော်မှု စတင်ချိန်မှစ၍ ရုရှားတပ်များကို ပြန်လည်ချေမှုန်းရန် အနောက်မဟာမိတ်များက ထောက်ပံ့ပေးထားသော လက်နက်များအပေါ် ယူကရိန်းသည် ကြီးကြီးမားမား မှီခိုအားထားနေရပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားပိုင်နက်အတွင်း ကန့်သတ်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ဥရောပနိုင်ငံအများအပြားက ၎င်းတို့လက်နက်များ ထောက်ပံ့ပေးနိုင်မှုအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်ကို အမေရိကန်လက်နက်များ အသုံးပြုခွင့်ပေးခဲ့သည်။

ပဋိပက္ခဇုန်ကို လက်နက်တွေ ထောက်ပံ့ခြင်းဟာ ဘယ်တော့မှ ကောင်းတဲ့အရာ မဟုတ်ဘူး” ဟု ပူတင်က ဗုဒ္ဓဟူးနေ့က စိန့်ပီတာစဘတ်တွင် ကျင်းပသည့် နှစ်စဉ် စီးပွားရေးဖိုရမ်၏ ဘေးတွင် နိုင်ငံတကာ သတင်းအေဂျင်စီများမှ အယ်ဒီတာများအား ပြောကြားခဲ့သည်။ “အထူးသဖြင့် ၎င်းတို့အား ထောက်ပံ့သူများသည် လက်နက်များ ပေးအပ်ရုံသာမက ထိုလက်နက်တို့ကို မည်သို့စီမံခန့်ခွဲရမည်ဆိုသည်ပါ ပါဝင်နေသည်”ဟုဆိုသည်။

ယူကရိန်း ပဋိပက္ခမှာ အနောက်နိုင်ငံတွေက တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်ဆိုရင် ရုရှားက လက်တုံ့ပြန်နိုင်တယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။

“နောက်ဆုံးအနေနဲ့ ဒီနိုင်ငံတွေက ကျွန်တော်တို့ကို တိုက်ခိုက်ရာမှာ ပါဝင်လာတယ်ဆိုတာ ကျွန်တော်တို့မြင်ရရင်၊ ရုရှားဖက်ဒရေးရှင်းကို တိုက်တဲ့စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုရင် ကျွန်တော်တို့ကလည်း ဒီအတိုင်းပဲ ပြန်ပြီး လုပ်ပိုင်ခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ “ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဒီလိုလုပ်ဆောင်မှုဟာ ဆိုးဝါးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်။” ဟု သူက ဆိုသည်။

“ရုရှားအနေနဲ့ ဒီလိုတန်းတူ လက်နက်မျိူးတွေကို ရုရှားကို ဆန့်ကျင်နေတဲ့နိုင်ငံတွေရဲ့ ဒေသတွေမှာရှိတဲ့ အဆောက်အအုံတွေ ထိလွယ်ရှလွယ် နေရာတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ထောက်ပံ့ဖို့ ရုရှားမှာကော လုပ်ပိုင်ခွင့် မရှိဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။ ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ လက်နက်သိုလှောင်ရုံများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်မှ ထောက်ပံ့ပေးထားသော HIMARS ဒုံးပျံစနစ်များကို စတင်အသုံးပြုနေပြီဟု ယူကရိန်းပါလီမန်အဖွဲ့ဝင်တစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းပါလီမန် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၏ လက်ထောက်ဥက္ကဋ္ဌ Yehor Cherniev က အမေရိကန်လက်နက်များသည် ရုရှား S-300 ဒုံးကျည်များဖြင့် ခါကိ့ဗ်မြို့ကို ပစ်ခတ်မှုကို သိသိသာသာ လျှော့ချကာကွယ်ရန် ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝင်လာသော ဒုံးကျည်များကို ဖျက်ဆီးရန်အတွက် ရုရှားသည် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မြှင့်တင်မည်ဟု ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ပြောကြားချက်၌ ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။ မော်စကိုက ယူကရိန်းကို တိုက်ခိုက်တဲ့အတွက် ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို ယူကရိန်းက သူတို့ရဲ့ လက်နက်တွေနဲ့တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုခွင့်ပေးသင့်တယ်လို့ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က မှတ်ချက်ပေးခဲ့ပြီးနောက် ဝေဖန်မှုတွေအတွက် ဘာလင်ကို ပူတင်ကဝေဖန်ခဲ့ပါသည်။

ယူကရိန်းတွင် ဂျာမန်လုပ်တင့်ကားများ၏ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး ရုရှားတွင် “ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းမှုနှင့်ပတ်သက်ပြီး” ထိတ်လန့်မှုဖြစ်စေခဲ့ပြီး ဂျာမနီအပေါ် ယခင်က အလွန်ကောင်းမွန်သော သဘောထားရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ “အခု ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်မယ့် နောက်ထပ် ဒုံးကျည်တချို့ ရောက်ရှိလာမယ်လို့ ပြောတဲ့အခါ ဒါက ရုရှား-ဂျာမန် ဆက်ဆံရေးကို အဆုံးစွန်ထိ ဖျက်ဆီးနေတာပါပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့်မေ ၂၈ ရက်ကအတူရပ်တည်ပြီး ပြောကြားရာတွင် ဂျာမနီအဓိပတိ အော်လစ်ဖ် စလော့ဇ် (Olaf Scholz) က ယူကရိန်းသည် အမေရိကန်အပါအဝင် လက်နက်ထောက်ပံ့သည့်နိုင်ငံများနှင့် နိုင်ငံတကာဥပဒေများကို လေးစားနေသရွေ့ ယူကရိန်းအား ကာကွယ်နိုင်ခွင့်ကို ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံတကာဥပဒေအောက်မှာ ယူကရိန်းကဖြစ်နိုင်ခြေအားလုံးကို လုပ်ဆောင်နိုင်ခွင့် ရှိတယ်။ အဲဒါကို အတိအလင်း ပြောရမယ်” ဟု စလော့ဇ် က ပြောသည်။ “သူ့တို့ကိုယ်သူတို့ ခုခံကာကွယ်ခွင့်ကို တချို့က ခွင့်မပြုသင့်ဘူး။ ဒါကိုသင့်တော်တဲ့အစီအမံတွေကို လုပ်မယ်လို့ပြောဆိုငြင်းခုံတာဟာ ကျွန်တော့အတွက်တော့ ထူးဆန်းသလိုပါပဲ” ဟု သူကဆိုသည်။

ရုရှားမြေပေါ်ရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ခွင့်ပြုရန် ယူကရိန်းက ဝါရှင်တန်အား လပေါင်းများစွာ အသနားခံခဲ့ပြီး မော်စကိုသည် ခါကိဗ်ကို ရက်စက်ကြမ်းကြုတ်စွာ ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်နေခဲ့ပြီး ၎င်း၏ လက်နက်သိုလှောင်ရုံများ ကို အနောက်နိုင်ငံတွေက လက်နက်တွေနဲ့ ပစ်မှတ်မထားနိုင်ရန်၎င်း၏တပ်များကို ပြန်လည်စုဖွဲ့ရန် ရုရှားမြေအတွင်းသို့ အမေရိကန်၏ ATACMS ဟု လူသိများသော တာဝေးပစ် ဒုံးကျည်များမှာ ကီလိုမီတာ ၃၀၀ (မိုင် ၂၀၀ နီးပါး) အကွာမှ ပစ်မှတ်များကို ထိမှန်စေနိုင်ပြီး ထိုပေးအပ်ထားသည့် ကြောက်မက်ဖွယ်အကောင်းဆုံး ဒုံးကျည်များကို ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်ရန် ယူကရိန်းအား သုံးစွဲခွင့်မပြုရန် အခိုင်အမာ ရပ်တည်ထားပါသည်။ ယင်းအစား ယူကရိန်းသည် အကွာအဝေး ၇၀ ကီလိုမီတာ (မိုင် ၄၀ ဝန်းကျင်) ရှိသည့် GMLRS ဟု လူသိများသော တာတိုပစ်ဒုံးကျည်များကိုသာ အသုံးပြုနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက