နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ မုဒိန်းကျင့်တာအပါအ၀င် ပစ်ခတ်တာတွေကြောင့် အမျိုးသမီး (၆၃)ဦး သေဆုံးခဲ့ရ

ဩဂုတ်လ (၆)ရက်။

ဇူလိုင်လထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ မုဒိန်းကျင့်တာအပါအ၀င် ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် နိုင်ငံတ၀န်းမှာ အမျိုးသမီး (၆၃)ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမျိုးသမီးတွေ သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ တိုက်ပွဲတွေကြား ကျည်ထိမှန်တာနဲ့ မုဒိန်းကျင့်ခံရတာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် (၃၃)ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရတာ (၁၀)ဦး၊ လေကြောင်းတိုက်ခိုက်ခံရတာ (၉)ဦး၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ (၄)ဦး၊ ကျည်ထိမှန်တာ (၄)ဦး၊ မီးရှို့သတ်ဖြတ်ခံရတာ (၂)ဦးနဲ့ မုဒိန်းကျင့်ခံရတာ (၁)ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် (၁၁)ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရတာကြောင့် (၂၆)ဦး၊ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ (၂)ဦး၊ ကျည်ထိမှန်တာ တစ်ဦးနဲ့ မုဒိန်းကျင့်ခံရတာကြောင့် (၃)ဦး စုစုပေါင်း (၄၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ဒေသအလိုက် သေဆုံးခဲ့တာဟာ ရှမ်းပြည်နယ်မှာ (၂၂)ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးမှာ (၁၇)ဦးနဲ့ စစ်ကိုင်းမှာ (၁၀)ဦးတို့ဖြစ်ကာ ပဲခူး၊ မကွေး၊ ကချင်၊ ရခိုင်နဲ့ မွန်တို့လဲ ပါ၀င်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ကာလကနေ အခုနှစ် ဇူလိုင်လအထိ အမျိုးသမီး (၅၆၁၁)ဦး ဖမ်းဆီးခံခဲ့ရပြီး (၄၀၆၆)ဦး ထိန်းသိမ်းခံထားရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်တာတွေအပါအ၀င် နေ့တိုင်း အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို