နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU တပ်မဟာ(၆)နယ်မြေမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

ဩဂုတ်လ (၆)ရက်။

ဒီကနေ့ ဒူးပလာယာခရိုင်ရှိ KNU တပ်မဟာ (၆)တနေရာမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

MLA အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ဖို့နဲ့ မဟာလူမျိုးကြီးဝါဒ ပျက်သုန်းဖို့အတွက် တော်လှန်တိုက်ပွဲ၀င်နေကာ အရည်အသွေးနဲ့ စည်းကမ်းပြည့်၀တဲ့ ရဲဘော်တွေ စဉ်ဆက်မပြတ် ပေါ်ထွက်လာဖို့အတွက် အခြေခံစစ်ပညာသင်တန်းတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အခြေခံစစ်ပညာသင်တန်းကာလထဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်တန်းပြီးဆုံးတဲ့အထိ ကြိုးစားတက်ရောက်ခဲ့ကြတဲ့ သင်တန်းဆင်းရဲဘော်တွေအတွက် MLA က အထူးဂုဏ်ယူရတယ်လို့ ဖော်ပြထားပါတယ်။

စုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်ပေးကြတဲ့ TNLA တာ၀န်ခံ ဗိုလ်မှူးကြီး တားဆငည်းလေး၊ KNDO တပ်ရင်း(၆)ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းညွန့်မောင်၊ ကျုံဒိုးမြိုနယ်အတွင်းရေးမှူး မန်းကြာညို၊ ဂဋ္ဌုန်စစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး နိုင်စိုး၀င်းနဲ့အတူ တက်ရောက်လာကြတဲ့ အရပ်ဖက်၊ စစ်ဖက် တာ၀န်ရှိသူတွေနဲ့ ဧည့်သည်တော်တွေကို ကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ပုံရိပ်တွေကိုလဲ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF တွေကိုဖမ်းမိရင် ဓါးနဲ့မွှန်းမယ်ဆိုပြီး ကြွေးကြော်တဲ့ ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ မနေ့က ညနေ(၄)နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ကျွဲဘောင်ဘင်ရွာနေ ပျုစောထီး ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဗန်းမော်မြို့ထဲ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က ဗန်းမော်မြို့ထဲ နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီဟာ ဇန်နဝါရီလ (၂၃)ရက်နေ့ရက်စွဲနဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ နည်းဥပဒေကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်နဲ့ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနည်းဥပဒေထဲ စစ်မှုထမ်းဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီတပ်သား(၂)ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 4 Views
ဇန်နဝါရီလ (၂၄)ရက်။ စစ်ကောင်စီတပ်သား (၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အဲ့ဒီဗီဒီယိုက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလောက်က ဖြစ်ခဲ့တာပါ။ ကျောက်တော်မြို့နယ်ထဲက စကခ(၉)
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 11 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 13 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 18 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 19 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ