နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အာဖရိကကိုအတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် မတည်ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကတိပြု

++++++++++++++++++++++++++++

အာဖရိကတိုက်ကို ရန်ပုံငွေသစ်အဖြစ် ဒေါ်လာ 50 ဘီလျံကျော် ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ 5 ရက်နေ့က ဘေဂျင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အာဖရိကထိပ်သီးဆွေးနွေးပွဲမှာ ရှီက အခုလို ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

“ တရုတ်နိုင်ငံဟာ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အခြေခံအဆောက်အဦ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကဏ္ဍတွေမှာ အာဖရိကနိုင်ငံတွေနဲ့ နက်နက်ရှိုင်းရှိုင်းဆောက်ရွက်သွားဖို့ ဆန္ဒရှိပါတယ်”

တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာငွေထဲက ဒေါ်လာ 30 ဘီလျံနီးပါးကို အကြွေးစနစ်နဲ့ ထုတ်ပေးသွားမှာဖြစ်ပြီး ကျန်တဲ့ ပမာဏကိုတော့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကနေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရှီက ပြောပါတယ်။ ဒါ့အပြင် ရှီက အာဖရိကမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွါးရေးဖြစ်လာစေမယ့် အခြေခံအဆောက်အဦစီမံကိန်း 30 ကျော်ကို တည်ဆောက်သွားမယ်လို့လည်း အာဖရိကနိုင်ငံပေါင်း 50 ကျော်က ခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါသေးတယ်။

ဘေဂျင်းမြို့မှာကျင်းပခဲ့တဲ့ တရုတ်-အာဖရိက ထိပ်သီးညီလာခဲ့မှာ တရုတ်အစိုးရက ထိုင်ဝမ်နဲ့ ဆက်ဆံရေးရှိနေတဲ့ ဆွာဇီလန်းနိုင်ငံက လွဲလို့ ကျန်တဲ့ အာဖရိကနိုင်ငံတိုင်းမှာ စီမံကိန်းတွေကို 3 နှစ်အတွင်း အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ ဘေဂျင်းအစိုးရဟာ တရုတ်စီးပွါးရေးကုမ္ပဏီတွေ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတဲ့ အဆင့်မြင့် နည်းပညာတွေကို တိုးတက်ဆဲနိုင်ငံတွေကို ရောင်းချဖို့ ဆန္ဒရှိနေတာပါ။

ထိပ်သီးအစည်းအဝေးမှာ ရှီက တရုတ်နိုင်ငံဟာ အာဖရိကမှာ စွမ်းအင်စီမံကိန်း 30 ကို စတင်ဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တောင်အာဖရိကသမ္မတ ရာမာဖိုဆာကတော့ အဲဒီအစည်းအဝေးပွဲမှာ ရာသီဥတုပြောင်းလဲမှုက ပျက်ဆီးဆုံးရှုံးမှုတွေကို ကျယ်ပြန်စေတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

“ ကမ္ဘာကြီးဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်ချက်တွေကို အကောင်အထည်ဖော်တဲ့ ကြိုးပမ်းမှုတွေမှာ နောက်ကျကျန်နေပါတယ်။ အရေးကြီးတဲ့ ဓါတ်သတ္တုထုတ်လုပ်မှုတွေမှာ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုက ပြင်းထန်နေပါတယ်။ အဲဒီစိန်ခေါ်မှုတွေက နိုင်ငံအားလုံးအပေါ် သက်ရောက်မှုရှိနေပေမယ့် အာဖရိကနိုင်ငံတွေအပေါ်တော့ ပိုပြီးသက်ရောက်နေတာပါ”

အခုတစ်ပတ်အစောပိုင်းက ရာမာဖိုဆာဟာ တောင်အာဖရိကနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ လျှော့ချလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါဟာ အာဖရိကနိုင်ငံအားလုံးရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် တရုတ်သမ္မတရှီကတော့ ဒေါ်လာ ဘီလီယံ ၃၀၀ တန်ကြေးရှိတဲ့ အာဖရိကကုန်ပစ္စည်းတွေကို ဝယ်ယူဖို့အတွက်တော့ ကတိပြုခဲ့ခြင်းမရှိခဲ့ပါဘူး။ အဲဒီအစား တစ်ဖက်သတ် စျေးကွက်ချဲ့ထွင်ဖို့အတွက်သာ ကတိပြုခဲ့တာပါ။ လေ့လာသူတွေရဲ့ ပြောဆိုချက်အရတော့ ဘေဂျင်းအစိုးရဟာ အာဖရိက စားသောက်ကုန်တွေ တရုတ်စျေးကွက်အတွင်း တင်ပို့မှုကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို