နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဂျော်ဂျီယာ စာသင်ကျောင်းပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီး

စက်တင်ဘာလ (၅) ရက်။

ဝင်ဒါ (Winder), ဂျော်ဂျီယာ CNN။

ဂျော်ဂျီယာပြည်နယ် ဝင်ဒါအထက်တန်းကျောင်းမှ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် သံသယရှိသူကို ဗုဒ္ဓဟူးနေ့ညမှာ ထိန်းသိမ်းထားဟု ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာ ခရစ်ဟော့ဆေ (Chris Hosey) က ညနေခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသည်။ ဂျော်ဂျီယာပြည်နယ်၊ ဝင်ဒါရှိ အပလက်ချီ (Apalachee) အထက်တန်းကျောင်းတွင် ဆရာနှစ်ဦးနှင့် ကျောင်းသားနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ကို့လ်ဂရေး (Colt Grey) အား လူသတ်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများမှာ အသက် ၁၄ နှစ်အရွယ် မာဆန်စကီမာဟွန်း (Mason Schermerhorn)၊ ၁၄ နှစ်အရွယ် ခရစ်ရှန် အန်ဂူလို (Christian Angulo) နှင့် ရစ်ချတ် အက်ပင်ဝေါလ် (Richard Aspinwal)l ၃၉ နှစ်နှင့် ခရစ်ရှ်တီနာ အီရီမီ (Christina Irimie) ၅၃ နှစ်တို့ ဖြစ်ကြောင်း ခရစ်ဟော့ဆေ၏ ပြောကြားချက်အရ သိရသည်။ ကျောင်း၏ဝဘ်ဆိုဒ်တွင် ဆရာနှစ်ဦးစလုံးသည် သင်္ချာဆရာများဖြစ်ကြပြီး အက်ပင်ဝေါလ် သည်လည်း လက်ထောက် ဘောလုံးနည်းပြ တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ ဂရေးသည် အပလက်ချီ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ပြီး တရားရုံးစနစ်ဖြင့် လျှောက်လှမ်းရာတွင် အရွယ်ရောက်ပြီးသူအဖြစ် ကိုင်တွယ်မည်ဖြစ်ကြောင်း ခရစ်ဟော့ဆေက အစောပိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့နံနက် ပစ်ခတ်မှုအပြီးတွင် အခြားဒဏ်ရာရသူ ၉ ဦး အပါအဝင် ကျောင်းသား ၈ ဦးနှင့် ဆရာတစ်ဦးတို့ကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း GBI မှ သိရသည်။ ခရစ်ဟော့ဆေက အဆိုပါသေနတ်သည် AR-15 ပုံစံဖြစ်ပြီး အစောပိုင်းတွင် တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် ၎င်းသည် AR-15 ပုံစံဖြစ်ကြောင်းအတည်ပြု ပြောကြားခဲ့သည်။ ခရိုင်တဝှမ်းရှိ ကျောင်းများ ပိတ်ပစ်လိုက်ပြီး မိဘများက သတင်းအချက်အလက် ရရှိရန် အပြင်းအထန် ကြိုးပမ်းနေသလို သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသားများနှင့် ဆရာဆရာမများ အကြား တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်အရွယ် မေစီ ရိုက် (Macey Right) က သေနတ်သံကြားရ၍ “ သူ့အမေကို လာခေါ်ဖို့ ဖုန်းကနေ မက်ဆေ့ပို့လိုက်တယ်” ဟု ပြောပါသည်။ “ သူနဲ့ သူ့သူငယ်ချင်းတွေ လက်ချင်းကိုင်ဆွဲထားကြပီး စာသင်ခန်းထဲမှာ ဆုတောင်းနေခဲ့တယ်” ဟု သူမက ဆိုပါသည်။ ခဏအကြာတွင် ၎င်းတို့သည် တံခါးများကို ရိုက်ထုသံနှင့် အော်ဟစ်သံများကြောင့် စိတ်ချောက်ခြားခြင်း ဖြစ်ခဲ့ရကြောင်း မေစီက ဆိုသည်။

“ကျမစာသင်ခန်းအပြင်ဘက်မှာ သေနတ်သံတွေကြားရပြီး လူတွေအော်သံတွေကြားရတယ်၊ လူတွေက မပစ်ဖို့ တောင်းပန်တယ်၊ ပြီးတော့ ကျမဘေးမှာ ထိုင်တဲ့လူတွေက တုန်လှုပ်နေကြပြီး ငိုနေကြတယ်” ဟု မေစီက ပြောသည်။

ဂျော်ဂျီယာ အထက်တန်းကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရဲများက အတည်ပြုခဲ့သည်။ အာဏာပိုင်များက သံသယရှိသူနှင့် ၎င်း၏ဖခင်တို့ကို ယမန်နှစ်က စစ်ဆေးပြောဆိုခဲ့ဖူးကြောင်း ရှင်းပြခဲ့သည်။ FBI သည် ကျောင်းပစ်ခတ်မှု ကျူးလွန်ရန် အွန်လိုင်း ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် မေလတွင် သံသယရှိသူအား ဒေသတွင်းဥပဒေစိုးမိုးရေးရုံးတွင် လူတွေ့စစ်ဆေးမေးမြန်းခဲ့သည်၊။

အွန်လိုင်း ခြိမ်းခြောက်မှုတွင် သေနတ်နှင့် ဓါတ်ပုံများ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူ့အဖေက သူ့အိမ်မှာ အမဲလိုက်သေနတ်တွေ ရှိတယ်” ဟု ပြောဆိုခဲ့ပြီး သူ့သားကို ကိုင်တွယ်ခွင့်မပေးဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အွန်လိုင်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်တာကို ဒီလူငယ်က ငြင်းဆိုထားခဲ့ပါတယ်။” FBI ကတော့ အဲဒီအချိန်မှာ ဖမ်းဆီးခံရဖို့ ဖြစ်နိုင်ခြေ အကြောင်းရင်း မရှိဘူးဟု ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုသည် ယခုနှစ် ပြက္ခဒိန်နှစ်မှာ အသေအပျောက်အများဆုံး ကျောင်းပစ်ခတ်မှု ၄၅ မှုမြောက်ဖြစ်ကြောင်း CNN ၏ သုံးသပ်ချက်အရ သိရှိရပါသည်။ CNN က ကျောင်းပစ်ခတ်မှုကို စတင်ခြေရာခံသည့် ၂၀၀၈ ခုနှစ်ကတည်းက လေးဦး သို့မဟုတ် ထို့ထက်ပို၍ သေဆုံးခဲ့သည့် ကျောင်းပစ်ခတ်မှု ၁၁ မှုအနက်မှ တစ်ခုဖြစ်သည်။

သေနတ်သမား၏ တိုက်ခိုက်မှုကို ပထမဆုံး သတင်းပေးပို့ချက်အား နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အပလေချီ အထက်တန်းကျောင်းတွင် တာဝန်ကျသောကျောင်းမှ တာဝန်ပေးထားသည့် လက်ထောက်တစ်ဦးက ကျောင်းတွင်းရှိ သေနတ်သမားကို ရင်ဆိုင်ခဲ့ပြီး ဖမ်းဆီးထားခဲ့သည်ဟု ဘာရို (Barrow) ကောင်တီရဲအရာရှိ ဂျု့စမစ်(Jud Smith) က သတင်းထောက်များအား ပြောကြားခဲ့သည်။ သေနတ်သမားဟု သံသယရှိသူ၏ဘေးတွင် ထိုင်နေသော သက်သေ အသက် ၁၆ နှစ်အရွယ် လေယီလာ ဆရာရတ် (Lyela Sayarath) က အက္ခရာသင်္ချာအတန်းတစ်ခုတွင် ၎င်း၏ဘေးတွင်သေနတ်သမားကထိုင်နေခဲ့သည်ဟု CNN သို့ ပြောကြားခဲ့သည်။ “ မနက် ၉ နာရီ ၄၅ လောက်မှာ သူက အတန်းက စောစောထွက်ခဲ့ပေမယ့် အိမ်သာသွားဖို့ ခွင့်ပြုချက်ကို ယူမသွားခဲ့ဘူး” ဟု ပြောပါတယ်။ “ သူက အတန်းကို မတက်တော့ဘူး” ဟု သူမက ထင်ခဲ့သည်ဟု ဆိုသည်။

အတန်းပြီးခါနီးမှာ တစ်ယောက်ယောက်က သူ့အတန်းက ဆရာမကို အသံချဲ့စက်နဲ့ အီးမေးလ်ကို စစ်ဆေးဖို့ ပြောခဲ့တယ်လို့ သူမကဆိုသည်။ သိပ်မကြာခင်မှာပဲ ဂရေးဟာ စာသင်ခန်းတံခါးအပြင်ဘက်ကိုရောက်လာတယ် ဒါပေမဲ့အခန်းတံခါးက ပိတ်ထားတယ်လို့ လေယီလာ ဆရာရတ် က ပြောသည်။ တံခါးကို ဖွင့်ပေးရန်လျှောက်သွားသော အခြားကျောင်းသူတစ်ဦးက သူ့လက်ထဲမှာ သေနတ်ကိုင်ထားတာကို တွေ့တဲ့အခါ နောက်သို့ ခုန်ဆုတ်သွားသည်။ “ ကျွန်မတို့က သူ့ကို ဝင်ခွင့်မပြုဘူးဆိုတာကို သူက မြင်ခဲ့တယ်ထင်တယ်” ဟု လေယီလာ ကပြောသည်။ “ကျမဘေးက စာသင်ခန်းက တံခါးပွင့်နေတယ်ထင်တယ်၊ သူက အဲဒီစာသင်ခန်းထဲမှာစပြီး ပစ်တယ်ထင်တယ်” ပထမတော့ သူမဟာ သေနတ်သံ ၁၀ ချက်ကနေ ၁၅ ချက်ထိ ပစ်ခတ်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ရတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ပြီး နောက် သူဟာ တယောက်ပြီး တယောက်ကို ပစ်ခတ်မှုမျိုး ဖြစ်သွားခဲ့ပါတယ်ဟုဆိုသည်။

ကျောင်းသားများသည် ကြမ်းပြင်ပေါ်သို့ဝပ်တွားကာ အခန်းထောင့်သို့ တွားသွားခဲ့ကြောင်း လေယီလာက ဆိုသည်။ “ဒါက သူစီစဉ်ထားသလို မဖြစ်တဲ့သဘောပါပဲ သူက ကျွန်မတို့အခန်းတံခါးကို မပစ်တာက သေနတ်နဲ့ တကယ်ကျွမ်းဝင်ပုံမရှိ ဖြစ်ပုံရတယ်။ ကျွန်မတို့အခန်းထဲ မဝင်နိုင်ဘူး ဆိုတာတွေ့တာနဲ့ နောက်တစ်ခန်းကို သူက သွားတယ်။”

နောက်ဆုံးအကြောင်းအရာများ

အထက်တန်းကျောင်းသည် အစောပိုင်းက ဖုန်းခြိမ်းခြောက်မှုတစ်ခု လက်ခံရရှိခဲ့ကြောင်း ဥပဒေစိုးမိုးရေးအရာရှိ အများအပြားက CNN သို့ ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖုန်းခေါ်ဆိုမှုတွင် စာသင်ကျောင်းငါးကျောင်းတွင် ပစ်ခတ်မှုဖြစ်နိုင်ကြောင်း သတိပေးခဲ့ပြီး အပလေချီ (Apalachee) သည် ပထမဆုံးဖြစ်လာမည် ဖြစ်သည်ဟုဆိုသည်။ ဘယ်သူက ဖုန်းခေါ်ခဲ့သည်ကိုမူ မသိခဲ့ကြပါ။ စုံစမ်းစစ်ဆေးသူများသည် သံသယရှိသေနတ်သမားအား စကားပြောဆိုခဲ့ပြီး ၎င်း၏မိသားစုကိုလည်း အဆက်အသွယ်ထား ရှိခဲ့ကြောင်းစမစ်က ပြောကြားခဲ့သည်။

တိုက်ခိုက်သူသည် ၎င်း၏သတ်ဖြတ်မှုကိုခံခဲ့ရသည့်သူများနှင့် ဆက်နွှယ်မှုရှိမရှိ ချက်ခြင်းမသိရသေးကြောင်း ရဲမှူးက ပြောကြားသော်လည်း တာဝန်ရှိသူများက ၎င်းသည် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ ဘာရိုး (Barrow) ကောင်တီရှိ ကျောင်းများကို ကျန်အပတ်တွင် ပိတ်မည်ဖြစ်သည်။ အမေရိကန်တွင် ယခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၃၈၅ ခုထက်မနည်း ခံစားခဲ့ရပြီး CNN က ၄ ဦးနှင့်အထက်သတ်ဖြတ်မှုအား အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုဟု သတ်မှတ်သည့် သေနတ်နှင့်အကြမ်းဖက်မှု မှတ်တမ်း(Gun Violence Archive) အရ သိရသည်။ ၎င်းသည် နေ့စဉ် ပျမ်းမျှ အစုလိုက် အပြုံလိုက်ပစ်ခတ်မှုသည် ၁.၅ အထက် ဖြစ်ပါသည်။

ကျောင်းသားက သူ့အမေကို ‘ကြောက်တယ်’ ဟု မက်ဆေ့ချ်ပို့။

ဗုဒ္ဓဟူးနေ့နံနက်က အီယန် ကလပ် (Erin Clark) သည် အပလေချီ (Apalachee) အထက်တန်းကျောင်းတွင် အတန်းတက်နေသော အကြီးတန်းကျောင်းသား တစ်ဦးဖြစ်သူ သူ့သားထံမှ မက်ဆေ့ချ်များ အစီအရီ ရရှိသည့်အချိန်က သူ၏အလုပ်တွင် ရှိနေသည်။ “ ကျောင်းမှာပစ်ခတ်မှု ဖြစ်နေတယ်” “ ကျွန်တော် ကြောက်တယ်” ဟု ရေးသားခဲ့သည်။ “ကျေးဇူးပြုပြီး” “ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး” ဟု မက်ဆေ့ခ်ျတွေမှာ သူက ပျာယာခတ်ပြီး ရေးလိုက်ပါသည်။ “အမေ အလုပ်က ထွက်လာခဲ့တော့မယ်” ဟု ကလပ်က ပြန်ဖြေသည်။

“ကျွန်တော်အမေ့ကို ချစ်တယ်” ဟု သူ့သား အီသန်ဟန်နေ (Ethan Haney) အသက် ၁၇ နှစ်က စာရေးခဲ့ပါသည်။ “အမေကလည်း ချစ်ပါတယ် ကလေးရယ်” ဟု သူ့အမေက အထက်တန်းကျောင်းကို ပြေးမလာခင် စာပြန်ပို့ခဲ့သည်။ သားဖြစ်သူက စာသင်ခန်းတံခါးကို မပိတ်ခင် သေနတ်သံ ရှစ်ချက် သို့မဟုတ် ကိုးချက် ကြားခဲ့ရပြီး အခြားအတန်းဖော်များ၏ အကူအညီဖြင့် တံခါးကို ပိတ်ရန် ထိုင်ခုံများနှင့် စားပွဲများကို ရွှေ့လိုက်ကြောင်း ကလပ်က CNN သို့ ပြောကြားခဲ့သည်။ ကလပ်သည် သူမသား၏ စာများကို ဖတ်မိသောအခါ သူမသည် “လုံးဝတုန်လှုပ်သွားရတယ်” ဟု CNN သို့ပြောသည်။ “သူဘေးကင်းပါစေလို့ ဆုတောင်းနေခဲ့တယ်” ဟု သူမက ဆိုပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏သမီး အထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီ ကင်မလာအား ထောက်ခံစည်းရုံး ဟောပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄) ရက်။ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် အကြိတ်အနယ်ပြည်နယ်တခုဖြစ်သည့် ဝစ်ကွန်ဆင် ပြည်နယ် ရီပွန်မြို့ တွင် ဟဲရစ်နှင့်အတူ ရီပတ်ပလီကင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 11 Views
အောက်တိုဘာလ ၂ ရက်။ အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက အောက်တိုဘာလ (၁)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ် လက်ဘနွန်တောင်ပိုင်းမြေပြင်ကျူးကျော်တိုက်ခိုက်ကြောင်း ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 413 Views
အောက်တိုဘာလ (၁) ရက်။ ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် “ ကန့်သတ်မြေပြင်စစ်ဆင်ရေး” ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ နယ်စပ်အနီး CNN သတင်းအဖွဲ့၏ အခြေစိုက်စခန်းမှ သေနတ်သံများကြားရပြီး
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် ကျောင်းသား ၂၀၊ ဆရာမ ၃ ဦး သေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 7 Views
ကျောင်းလေ့လာရေးခရီးသည် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ပြီး ၁၉ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရ အောက်တိုဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက် အင်္ဂါနေ့တွင် Pathum Thani ၏ Rangsit ဧရိယာရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် Uthai
နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 5 Views
စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။ တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

Update’ အစ္စရေး-လက်ဘနွန်စစ်ရေးသတင်းများ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 5 Views
++++++++++++++++++++++++++++ ABC သတင်းများ ဘေရွတ်မြို့လယ်တွင် ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် လူအသေအပျောက် အများဆုံး တိုက်ခိုက်ခြင်းခံခဲ့ရ။ စက်တင်ဘာလ (၃၀) ရက်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ် ကိုလာ (Cola) ရပ်ကွက်ရှိ တိုက်ခန်းအဆောက်အုံတခုကို ညဘက်တွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မြန်မာနိုင်ငံမှထွက်ခွာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 29 Views
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား သံတမန်အဆင့် လျှော့ချလိုက်သည်။ စက်တင်ဘာလ (၂၈) ရက်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချိရို မာရုယာမာ (Ichiro Maruyama) သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။ နောက်ဆက်ခံမည့် သံအမတ်ခန့်အပ်ခြင်းအစား
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ သေဆုံးသွားပြီဖြစ်ကြောင်း ဟစ်ဇဘိုလာအဖွဲ့အတည်ပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 21 Views
စက်တင်ဘာလ (၂၈) ရက်။ လက်ဘနွန်အခြေစိုက် ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ (Hassan Nasrallah) သည် ပြီးခဲ့သည့်ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဒါဟီမြို့ကို လေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း