နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာသိမ်းတာ အမြန်ဆုံးအဆုံးသတ်ပြီး စနစ်အပြောင်းအလဲတွေကို အာမခံနိုင်တဲ့ သဘောတူညီချက်တွေ ဖော်ထုတ်ဖို့ ညှိနှိုင်းနေတယ်လို့ NUG ပြော

‌နိုဝင်ဘာလ (၆)ရက်။

စစ်အာဏာသိမ်းတာ အမြန်ဆုံးအဆုံးသတ်ပြီး စနစ်အပြောင်းအလဲကို အာမခံနိုင်တဲ့ သဘောတူညီချက်တွေ ဖော်ထုတ်ဖို့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ မနေ့ကပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ NUG က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ တင်ပြလိုတဲ့သတင်းစကားက စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းမှုနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုအခြေခံတွေနဲ့ ပြန်လည်တည်ဆောက်ယူကြမလဲဆိုတဲ့ အဖြေကို မဟာမိတ်တွေနဲ့အတူတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားဖြစ်ပါတယ်” လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

နိုင်ငံရေးသဘောတူညီချက်အတိုင်း တော်လှန်ရေးကာလထဲမှာပဲ အတတ်နိုင်ဆုံး ကျင့်သုံးနိုင်သလောက် ကျင့်သုံးဖို့ ဆွေးနွေးညှိနှိုင်းနေကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် လက်တွေ့အခြေအနေတွေကို ထင်ဟပ်တဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး အဲ့ဒီလိုညှိနှိုင်းတာတွေကနေ ဘုံသဘောတူညီချက်ကို ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကိုလဲ သတင်းစယရှင်းလင်းပွဲမှာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ရှင်းပြခဲ့ပါတယ်။

ထုတ်ပြန်ထားတဲ့ ဘုံသဘောတူညီချက် (၆)ချက်ကို အတိုချုံးမယ်ဆိုရင် (၃)ချက်သာရှိပြီး စစ်အာဏာသိမ်းထားတာကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့နဲ့ ပဋိပက္ခထဲ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတတဲ့လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသထဲ ကိုယ်ပိုင်အုပ်ချုပ်တာတွေကို ထောက်ခံအားပေးတဲ့ ပြည်ထောင်စုကို အောက်ခြေကနေ အခြေခံပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ် ချဉ်းကပ်တဲ့နည်းလမ်းနဲ့ နိုင်ငံပြန်လည်တည်ဆောက်နေကြတာဖြစ်တယ်လို့ ပဒိုစောတာဒိုမူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တပြည်ထောင်စနစ်၊ အာဏာရှင်စနစ်အပါအဝင် လူမျိူရေးနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအကြား တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပုံစံ တည်ဆောက်ဖို့ သဘောတူညီခဲ့တယ်လို့ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဒီလို သဘောတူညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့အခါ ဘယ်လိုဖက်ဒရယ်စနစ်နဲ့ တည်ဆောက်မယ်ဆိုတာအပါအဝင် ပြည်ထောင်စုနဲ့ ပြည်နယ်အကြား လုပ်ပိုင်ခွင့်အာဏာကို ဘယ်လိုခွဲဝေမလဲဆိုတာကို တော်လှန်ရေးအင်အားစုတွေကြား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အတူ ရှင်းရှင်းလင်းလင်းရှိနေဖို့ အထူးလိုအပ်တယ်လို့ သူက ‌ဆိုပါတယ်။

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းဖို့ဆိုတဲ့ ဖက်ဒရယ်စနစ်ကသာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အမျိုးသားရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ်ဆိုတာ ယုံကြည့်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

NUG၊ KNPP၊ KNU နဲ့ CNF တို့က တိုက်ပွဲဝင်နေတဲ အဖွဲ့တွေကိုယ်စား ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးတွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တာကို မြှင့်တင်လုပ်ဆောင်နေတာသာမကဘဲ ပြည်နယ်ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတွေ၊ အခြားနိုင်ငံရေးပါတီတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပုံမှန် တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 14 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 16 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့