နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးခဲ့

နိုဝင်ဘာလ (၆)ရက်။

ဒီကနေ့ နံနက် (၈)နာရီခန့်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force(WTRF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဝမ်းတွင်းကနေ မန္တလေးဘက်ကိုလာတဲ့ စခယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ စခယာဉ်တန်းရဲ့ နောက်ဆုံးကားကို တိုက်ခိုက်ခဲ့တာ ထိုးရပ်သွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ ဝမ်းတွင်းမြို့ဘက်ကနေ မန္တလေးဘက်ကို ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ထွက်လာတဲ့အချိန် ညောင်ပင်လှကျေးရွာအနီးမှာ ယာဉ်တန်းရဲ့ နောက်ဆုံးကားကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကားဟာ ထိုးရပ်သွားခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အထိအခိုက်အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

“ စခယာဉ်တန်း မိုင်းခွဲခံရတာက ဘုရားစုရွာနဲ့ ညောင်ပင်လှရွာကြားမှာပါ။ ကားကပျက်စီးသွားပေမယ့် စစ်ခွေးအုပ်ရဲ့ အထိအခိုက်သတင်းတွေကိုတော့ စုံစမ်းနေပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ခွေးတွေက လမ်းပိုင်းကနေ အရှေ့ဘက်ကို တောနင်းရှာဖွေနေပါတယ်” လို့ WTRF က ထပ်မံပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီလမ်းပိုင်းကနေ အရှေ့ဘက်ကို တောနင်းရှာဖွေနေကာ လမ်းပိုင်းအသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ မိုင်းဖောက်ခွဲသူတွေဟာ တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက်နေ (၃၇)နှစ်အရွယ် မကြည်ကြည်ရွှေနဲ့ သားဖြစ်သူ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီပါတီရုံးမှာ ရုံးစောင့်တွေနဲ့ ပျူစောထီးတွေ အရပ်ဝိုင်းဖွဲ့သောက်နေတဲ့အချိန်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLD ပါတီရဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကရင်ပြည်နယ်က (၂)ဦး၊
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 47 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်(KSIP)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်ဖို့နဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မီးကုန်ယမ်းကုန် အသုံးပြုပြီး
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 50 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။