နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှနေထိုင်သူများကို့ပြောင်းရွေ့ရန်အမိန့်ထုတ်

အစ္စရေးစစ်တပ်က ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှနေထိုင်သူများကို “ ချက်ခြင်းဘေးကင်းရာသို့ပြောင်းရွေ့ရန်” တောင်းဆိုခဲ့ပြီးနောက် ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှ တနင်္လာနေ့တွင်လူအများ ထွက်ခွာလာခဲ့ကြသည်။
အစ္စရေးက မြို့တော်ကို ကာလရှည်ကြာတိုက်ခိုက်ရန် ခြိမ်းခြောက်နေခြင်းကြောင့် မကြာမီ တိုက်ခိုက်မှုကို ပြုလုပ်တော့မည်လောဟု မေးခွန်းထုတ်ခဲ့သည်။ စစ်ပွဲ ခုနစ်လနီးပါးအတွင်း ပါလက်စတိုင်း ၁ သန်းကျော်သည် ရာဖာမြို့သို့ ထွက်ပြေးခဲ့ကြရပြီး၊ အစ္စရေး၏ မြောက်ဘက်ပိုင်းကို ဖျက်ဆီးပြီးနောက် ဟားမတ်စ်တို့က ထိုနေရာတွင် ပြန်လည်စုဖွဲ့ခဲ့သည်ဟု အစ္စရေးက ယုံကြည်နေသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု သည် ရာဖာတွင် မြေပြင်စစ်ဆင်ရေးကို အပြည့်အ၀ ဆင်နွှဲရန် အစ္စရေးလက်ယာအစွန်းရောက်များ၏ ဖိအားများကို ရင်ဆိုင်နေရသဖြင့် မြို့တော်သည် စစ်ပွဲ၏ဗဟိုချက်ဖြစ်လာနေသည်။ ဓားစာခံများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်သည်မည်သည့်အာမခံချက်ရှိပြီး ပြောင်းရွှေ့သောနေရာတွင် ဆက်လက် ချေမှုန်းရန် ရှိ၊မရှိအာမခံမှုကို မသိရသေးသော်လည်း မဝေးတော့သည့် အနာဂတ်တွင် ရာဖာ တွင် ပြင်းထန်သော စစ်ဆင်ရေးပြုလုပ်ရန်ပြင်ဆင် မျှော်လင့်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာရှိတပ်များအား ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုက ဂါဇာတွင် ၎င်း၏စစ်ဆင်ရေးကို ကန့်သတ်ရန် အတွက် နိုင်ငံတကာဖိအားများပေးနေမှုကြားမှ အစ္စရေးသည်တနိုင်ငံတည်း အထီးကျန် ဖြစ်နေစေကာမူ အစ္စရေးက မိမိကိုယ်ကို ခုခံကာကွယ်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အီဇက် အယ်ရာရှ် (Izzat Al-Rashq) က ရာဖာ အတွင်းသို့ ကျူးကျော်တိုက်ခိုက်ပြီးဝင်ရောက်လာပါက အစ္စရေးစစ်တပ်အတွက် “ပျော်ပွဲစား”ထွက်လာသကဲ့သို့ တော့ ဖြစ်လာမည် မဟုတ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများကို အန္တရာယ်ဖြစ်စေကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့် ဟားမတ်စ်တို့သည် သီတင်းပတ်ကုန်က သဘောတူညီမှု မရရှိခဲ့ကြသဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ညှိနှိုင်းမှုများသည် တစ်ဖန် ရပ်တန့်သွားခဲ့သည်။ နေတန်ယာဟုက စစ်ပွဲကို အဆုံးသတ်ရန် ငြင်းဆိုထားပြီး ဟားမတ်စ်က အစ္စရေးအား စစ်ပွဲကိုအဆုံးသတ်ရန် ကတိကဝတ်ပြုဖို့ တောင်းဆိုခဲ့သည်ဟု အစ္စရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အစ္စရေးအရာရှိအချို့က ထိုအရှေ့ပိုင်း ရာဖာမှဒုက္ခသည်များကို ပြောင်းရွေ့ခိုင်းခြင်းသည် ဟားမတ်စ်ကို သူတို့ရပ်တည်ချက်မှ ပြောင်းလဲလာပြီး သဘောတူညီမှုကို ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြသည်။

စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်ကသည် ဆွေးနွေးပွဲအတွက် ကိုင်ရိုတွင် ရပ်နားပြီးနောက် တစ်ရက်အကြာ တနင်္လာနေ့တွင် Doha တွင် ဆက်လက်ညှိနှိုင်းနေပါသည်။ ရာဖာ နှင့်ပတ်သက်ပြီး အစ္စရေး၏ သတိပေးချက်များသည် ညှိနှိုင်းနေမှု တိုးတက်မှုမရှိခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ဘိုင်ဒင် မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အစ္စရေးက ဟားမတ်စ်ကို ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ အရာရှိက ပြောကြားပြီး “အဆင်မပြေရင် အစ္စရေးက ရာဖာထဲကို ဝင်သွားလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ကီရမ် ရှာလုံမ် (Kerem Shalom) နယ်စပ် ဖြတ်ကျော်မှုဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် နေတန်ယာဟုက သဘောတူညီခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏အဆိုအရ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဟားမတ်စ်တို့ လက်ချက်ဖြင့် အနည်းဆုံး ဒုံးကျည် ၁၀ စင်းထိမှန်ခဲ့ပြီး အစ္စရေး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အခြား ၃ ဦး ဒဏ်ရာရရှိသွားသည့်အတွက် ထိုလမ်းကြောင်းကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ အဆိုပါဖြတ်ကျော်မှုဂိတ် သည် ဂါဇာကမ်းမြောင်သို့ အကူအညီများရရှိရန် အဓိကအချက်ဖြစ်သည်။ ကီရမ် ရှာလုံမ် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရာဖာအရှေ့ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးမှုအကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ IDF ၏ နိုင်ငံတကာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နာဒါဗ့် ရှိုစာနီ (Nadav Shoshani) က အစ္စရေး၏ အမိန့်သည် “ယာယီ ဘေးကင်းရန် အကန့်အသတ်ရှိသော စစ်ဆင်ရေး” ဖြစ်ပြီး “အများအပြားကို ကျယ်ပြန့်စွာ ရွှေ့ပြောင်းခြင်း မဟုတ်ကြောင်း” ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ရာဖာ အရှေ့ပိုင်းရှိ CNN မှ လူတစ်သိန်းခွဲသည် ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း လူများ သည် ကြောက်ရွံ့ထိတ်လန့်ကာတုန်လှုပ်သွားခဲ့ကြောင်း ဗီဒီယိုနှင့် ဓာတ်ပုံများတွင် ရွှေ့ပြောင်းဒုက္ခသည်များက ပစ်ကပ်ထရပ်ကားများ၊ ကားများနှင့် မြည်းဆွဲလှည်းများ၏ နောက်ကျောတွင် ထုပ်ပိုးထားကြောင်း သိရသည်။


ပါလက်စတိုင်းစစ်ဘေးရှောင်ဒုက္ခသည်များသည် လောင်စာဆီနှင့် ပလတ်စတစ်အိတ်များ အပြည့်ထည့်ထားသော သိုလှောင်အိတ်များအကြားတွင် ကလေးငယ်များ ထိုင်နေကြသည်ကို မြင်တွေ့ရပြီး မိသားစုများမှာ ကားခေါင်မိုးတွင် မွေ့ယာများဖြင့် ဝိုင်ပတ်ထားခဲ့ကြသည်။ အစ္စရေးကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ယူနစ်၏ အာရပ်မီဒီယာဌာနခွဲမှ အကြီးအကဲ အာဗီချေးအက်ရီး (Avichay Adraee) က “ သင့်လုံခြုံရေးအတွက်၊ စစ်ဆေးရေးဂိတ်များတွင် တိုးချဲ့ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဧရိယာသို့ ချက်ချင်း ရွှေ့ပြောင်းရန် ကာကွယ်ရေးတပ်မတော်မှ တိုက်တွန်းထားသည်” ဟုဆိုသည်။ အာဗီချေးအက်ရီး သည် “ရာဖာ ဧရိယာတွင်ရှိ အယ်ရှာဝါကာရှိ မြူနီစပယ်နှင့် ရပ်ကွက်များ တွင်နေထိုင်ကြသူများအား “အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု” ပြုလုပ်ခဲ့ပြီးပြောင်းရွေ့ရန်တိုက်တွန်းခဲ့သည်။


အစ္စရေးက “ တိုးချဲ့ထားသည့်လူသားချင်းစာနာထောက်ထားမှုဧရိယာ” အဖြစ်သတ်မှတ်ထားသော ခန်းယူနစ် (Khan Younis) ၏အနောက်ဘက်ရှိ ကျဉ်းမြောင်းပြီး စိမ်းစိုသောကမ်းရိုးတန်းအစွန်းမှ အယ်မောဝါစီ (Al-Mawasi) သို့ပြောင်းရွေ့နေထိုင်ရန် ညွှန်ကြားခဲ့သည်။ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA) က ၎င်းတို့သည် “ရွှေ့ပြောင်းခြင်း မပြု” ကြောင်းနှင့် အေဂျင်စီသည် “တတ်နိုင်သမျှ ကာလပတ်လုံး ရာဖာ တွင် တည်ရှိနေမည်ဖြစ်ပြီး လူများကို အသက်ကယ်ဆယ်ပေးရေး အကူအညီများ ဆက်လက် ပေးအပ်သွားမည်” ဟု ပြောကြားခဲ့သည်။ ရာဖာ ဖြတ်ကျော်မှုမှ UNRWA မီဒီယာဒါရိုက်တာဝါအယ်အဘူအိုမာ (Wael Abu Omar) က “ ယခုအချိန်အထိ ရာဖာ ကုန်းလမ်း ကူးသည်ခရီးသည်သွားလာမှုကို ပိတ်ထားခြင်းမရှိပါ။ ရာဖာ ကုန်သွယ်ရေးနဲ့ ကီရမ် ရှာလုံမ် (Kerem Shalom) ဖြတ်ကျော်မှုဂိတ်တွေမှာ ထရပ်ကားလှုပ်ရှားမှုနဲ့ အကူအညီတွေ ဝင်ရောက်မှုကို မနေ့က မွန်းလွဲပိုင်းကတည်းက ရပ်တန့်ထားပါတယ်။”
အစ္စရေးကာကွယ်ရေးတပ်က သူတို့လက်ကမ်းစာရွက်မျာားကိုလေယဉ်ပေါ်မှရာဖာတွင်နေထိုင်သူများပေါ်သို့ကြဲချခဲ့ကြောင်း စာထဲတွင် “ရာဖာစခန်း၊ ဘရာဇီးစခန်း၊နဲ့ အိမ်နီးချင်း အယ်ရျာဘူရာနဲ့ အယ်ဇိုဟာဝါ တို့မှလူများရွေးပြောင်းရန် ဆက်လက်ကျန်နေပါက သင့်အတွက် အသက်အန္တရာယ်ကို ကျရောက်စေသလိုဖြစ်မည်” ဟုပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်