နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

“ကမ္ဘာ့အခက်ခဲဆုံး” ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ကျောင်းသား ၁၃ သန်း စံချိန်တင်

ဇွန်လ (၇) ရက်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းသူကျောင်းသား အများအပြားသည် စီးပွားရေးနှေးကွေးမှုနှင့် ရုန်းကန်နေရသောတိုင်းပြည်တွင် ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည့် အပြိုင်အဆိုင် ပြင်းထန်သော စာမေးပွဲကို စတင်ဖြေဆိုနေကြပြီ ဖြစ်သည်။

“gaokao” ဟု လူသိများသော နှစ်ရက်ကြာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကမ္ဘာ့အကြီးဆုံး ပညာရေးစာမေးပွဲ ဖြစ်သည်။ မြင့်မားသော မျှော်လင့်ချက်များ၊ ပြင်းထန်သောပြိုင်ဆိုင်မှုတို့ကြောင့် ကျောင်းသားများသည် ၁၂ နှစ်အတွင်း သင်ယူခဲ့သမျှ လက်တစ်ဆုပ်စာ ဘာသာရပ် စာမေးပွဲများတွင် မိမိတို့ လေ့လာသင်ကြားခဲ့သမျှကို ဘာသာရပ်တခုစီတွင် အများဆုံး နှစ်နာရီကြာ ဖြေဆိုကြခြင်းကို တရုတ်အစိုးရ မီဒီယာက ကမ္ဘာ့အခက်ခဲဆုံး စာမေးပွဲအဖြစ် အသိအမှတ်ပြုထားသည်။ ယခုနှစ် စာမေးပွဲအတွက် စာရင်းသွင်းထားသည့် ကျောင်းသားပေါင်း ၁၃.၄ သန်းကျော်ရှိပြီး ယမန်နှစ်က စံချိန် ၁၂.၉ သန်းကို ကျော်လွန်ကာ ၎င်းကို တရုတ်နိုင်ငံတွင် ကျင်းပဖူးသမျှ အကြီးမားဆုံး “gaokao” ဖြစ်လာစေခဲ့သည်။

မြင့်မားသောရမှတ်သည် နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များသို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် ပြင်းထန်သော ခက်ခဲသော စာမေးပွဲအတွက် တရုတ်ကျောင်းသားများသည် နှစ်အတန်ကြာအောင် ကြိတ်ကြိတ်တိုးနေခဲ့ရသည်။ စာမေးပွဲတွင် တရုတ်စာပေ၊ သင်္ချာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေးနှင့် သမိုင်းစသည့် ဘာသာရပ်များ ပါဝင်သည်။ ကျောင်းသားအများစုသည် SAT စာမေးပွဲများကို ပြန်လည်ဖြေဆိုနိုင်သော အမေရိကန် ကျောင်းသားများနှင့်မတူဘဲ ကြမ်းတမ်းခက်ခဲသော စာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် လူငယ်အလုပ်လက်မဲ့များ မြင့်တက်လာခြင်း၏ ကောင်းမွန်သည့်အထက်တန်းပညာရေး ရရှိနိုင်ရန် ဖိအားများအပေါ် တွန်းအားပေးခဲ့သည်။

စာမေးပွဲပထမရက်သောကြာနေ့တွင် မိဘများသည် သားသမီးများကို စာမေးပွဲခန်းထဲသို့ ပို့ပြီးနောက် ကျောင်းအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ကြသည်။ မိဘများနှင့် ဆရာအများအပြားသည် တရုတ်နိုင်ငံတွင် အောင်ပွဲခံအရောင် အနီရောင်ကို ဝတ်ဆင်ကြပြီး အချို့မှာ နေကြာပန်းများကို ကိုင်ဆောင်ထားကြပြီး ပညာရေးအောင်မြင်မှုအတွက် ကံကောင်းသောပန်းဟု ယူဆကြသည်။ အာဏာပိုင်များသည် စာမေးပွဲနေရာတဝိုက်တွင် တည်ငြိမ်မှု ရှိစေရန် အစီအမံအချို့ကို ထုတ်ပြန်ခဲ့သည်။ ပေကျင်းတွင် ခရီးသွားများအကြား ရေပန်းစားသည့် ထင်ရှားသော ရှုခင်းသာနေရာဖြစ်သည့် နွေရာသီနန်းတော်အနီး စာသင်ကျောင်းတစ်ဝိုက်တွင် ယာဉ်အသွားအလာ ချောမွေ့စေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်အတွက် နံနက် ၆ နာရီတွင် ယာဉ်ထိန်းရဲများ လမ်းမများပေါ်တွင် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

ရှန်ဟိုင်းတွင် တက္ကစီ ပို့ဆောင်ရေး စင်တာများသည် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက် လွန်ခဲ့သည့် တစ်ပတ်မှ စတင်၍ ကြိုတင်စာရင်းသွင်းမှုများ စတင်လက်ခံနေပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။ X ကဲ့သို့ ပလက်ဖောင်းတခု ဖြစ်သည့် တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် “gaokao” သည် ထိပ်တန်း ခေါင်းစဉ်တစ်ခုအဖြစ် ကံကောင်းပါစေဟူသည့် မက်ဆေ့ချ်များနှင့် အားပေးမှုများဖြင့် ပြည့်လျှံသွားခဲ့သည်။ စာမေးပွဲဖြေဆိုသူများ “ကံကောင်းပါစေ” ဟုဆုမွန်ကောင်းတောင်းရင်း တရုတ်အနုပညာရှင်များစွာနှင့် နိုင်ငံတကာကြယ်ပွင့်အချို့က ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြပါသည်။ ဗြိတိန်ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းက သူ့၏ပရိသတ် ၁၀ သန်းရှိသည့် Weibo တွင် ဆုမွန်ကောင်းတောင်းသည့်ကို ပို့စ်တင်ခဲ့ပါသည်။

“မကြာခင် စာမေးပွဲဖြေမယ့် ကျောင်းသားအားလုံးကို ‘ကံကောင်းပါစေ’ လို့ ပြောချင်ပါတယ်။ မင်းတို့ အရမ်းကြိုးစားလုပ်ဆောင်ခဲ့ကြတယ်။ Jin Bang Ti Ming!” ဟု ပြောခဲ့သည်။ အရေးကြီးသော စာမေးပွဲများတွင် ဂုဏ်ထူးများနှင့် အောင်မြင်ခြင်းဟု အဓိပ္ပာယ်ရသော တရုတ်စာပိုဒ်တိုကို လက်ခံကျင့်သုံးသည့် ဗီဒီယိုတစ်ခုတွင် ဘက်ခမ်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ။

2024 ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန်၌ “gaokao” ဖြေဆိုမည့်တရုတ်ကျောင်းသားများ

AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက