နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

++++++++++

စစ်သားနဲ့ အမျိုးသားတွေအပါအဝင် အစ္စရေးဓါးစာခံတွေကို လွှတ်ပေးရမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်စစ်သွေးကြွတွေက သဘောတူလက်ခံလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်တာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဟားမက်စ်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာဖြစ်ပွါးနေတဲ့ စစ်ပွဲတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ပထမအဆင့် အဆိုပြုချက်ကို ကမ်းလှမ်းပြီး နှစ်ပတ်ကျော်ကာလအတွင်း သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ သဘောတူညီချက်ကို လက်မှတ်မထိုးခင် ရာသက်ပန်အပစ်အခတ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောတူရမယ်မှသာ ၆ ပတ်ကြာ ပထမအဆင့်ကို ဆွေးနွေးညှိနှိုင်းခွင့်ပြုမယ်လို့ တောင်းဆိုထားပါတယ်။

အကယ်၍ အစ္စရေးက တောင်းဆိုချက်ကို သဘောတူလက်ခံမယ်ဆိုရင်တော့ ၉ လကြာ စစ်ပွဲကို အဆုံးသတ်စေမယ့် မူဘောင်သဘောတူညီချက်တစ်ခုဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုတွေနဲ့ နီးစပ်တဲ့ ပါလက်စတိုင်းအရာရှိတစ်ဦးက ပြောပါတယ်။

အစ္စရေးရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုကတော့ သဘောတူညီချက် အမှန်တကယ်ရရှိနိုင်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။  “လပေါင်းများစွာအတွင်းမှာ ပထမဆုံးအဖြစ် မျှော်လင့်ချက်အလင်းရောင်ကို ကျတော်တို့ စမြင်နေရပါပြီ”

တဲအဗစ်မြို့က ဆန္ဒပြပွဲတစ်ခုမှာတော့ ဓါးစာခံတွေရဲ့ မိသားစုဝင်တွေက ဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

“နေတန်ယာဟု . . ခင်ဗျားက သဘောတူညီချက်တွေကို ထပ်ခါ ထပ်ခါ ဖောက်ဖျက်နေတာကို ငါတို့တွေ့ရတယ်။ အဲဒီအကြိမ်တိုင်းလည်း ငါတို့ရဲ့ နှလုံးသားတွေကွဲကြေခဲ့ရတယ်။ ဒီတစ်ခါတော့ ငါတို့ရဲ့ နှလုံးသားတွေကို ထပ်မခွဲဖို့ တောင်းဆိုပါတယ်”

တစ်ချိန်တည်းမှာပဲ အစ္စရေးတပ်တွေဟာ ဂါဇာအတွင်း စစ်ရေးတိုက်ခိုက်မှုတွေကို အရှိန်မြင့်နေကြပါတယ်။ ဂါဇာကမ်းမြောင်အလယ်ပိုင်းမှာရှိတဲ့ ရွှေ့ပြောင်းမိသားစုတွေခိုလှုံရာ အလယ်တန်းကျောင်းတစ်ခုကို စနေနေ့က အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ 16 ဦးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့စစ်ဆင်ရေးပြုလုပ်မယ့်နေရာမှာ အရပ်သားတွေထိခိုက်မှုနည်းပါးအောင် သတိပေးမှုတွေ ကြိုတင်ပြုလုပ်ခဲ့တယ်လို့ ဖြေရှင်းထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 10 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက် စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင်
နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက် ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့် ဆူဆန် ကောလင်းစ် (Susan Collins) တို့သည် ဒီမိုကရက် အားလုံးနှင့်အတူ “နိုး”
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback)
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။ တနင်္လာနေ့တွင် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်၏ “ကြီးကျယ် လှပသော ဥပဒေကြမ်း”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ရသည်ဟုနယ်မြေရှိ အကြီးဆုံး ဆေးရုံအကြီးအကဲက ဆိုသည်။
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါသည်။ ဂျင်ဟောင်ဇို (Zhenhao Zou) အသက်