နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

++++++++++

စစ်သားနဲ့ အမျိုးသားတွေအပါအဝင် အစ္စရေးဓါးစာခံတွေကို လွှတ်ပေးရမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်စစ်သွေးကြွတွေက သဘောတူလက်ခံလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်တာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဟားမက်စ်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာဖြစ်ပွါးနေတဲ့ စစ်ပွဲတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ပထမအဆင့် အဆိုပြုချက်ကို ကမ်းလှမ်းပြီး နှစ်ပတ်ကျော်ကာလအတွင်း သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ သဘောတူညီချက်ကို လက်မှတ်မထိုးခင် ရာသက်ပန်အပစ်အခတ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောတူရမယ်မှသာ ၆ ပတ်ကြာ ပထမအဆင့်ကို ဆွေးနွေးညှိနှိုင်းခွင့်ပြုမယ်လို့ တောင်းဆိုထားပါတယ်။

အကယ်၍ အစ္စရေးက တောင်းဆိုချက်ကို သဘောတူလက်ခံမယ်ဆိုရင်တော့ ၉ လကြာ စစ်ပွဲကို အဆုံးသတ်စေမယ့် မူဘောင်သဘောတူညီချက်တစ်ခုဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုတွေနဲ့ နီးစပ်တဲ့ ပါလက်စတိုင်းအရာရှိတစ်ဦးက ပြောပါတယ်။

အစ္စရေးရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုကတော့ သဘောတူညီချက် အမှန်တကယ်ရရှိနိုင်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။  “လပေါင်းများစွာအတွင်းမှာ ပထမဆုံးအဖြစ် မျှော်လင့်ချက်အလင်းရောင်ကို ကျတော်တို့ စမြင်နေရပါပြီ”

တဲအဗစ်မြို့က ဆန္ဒပြပွဲတစ်ခုမှာတော့ ဓါးစာခံတွေရဲ့ မိသားစုဝင်တွေက ဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

“နေတန်ယာဟု . . ခင်ဗျားက သဘောတူညီချက်တွေကို ထပ်ခါ ထပ်ခါ ဖောက်ဖျက်နေတာကို ငါတို့တွေ့ရတယ်။ အဲဒီအကြိမ်တိုင်းလည်း ငါတို့ရဲ့ နှလုံးသားတွေကွဲကြေခဲ့ရတယ်။ ဒီတစ်ခါတော့ ငါတို့ရဲ့ နှလုံးသားတွေကို ထပ်မခွဲဖို့ တောင်းဆိုပါတယ်”

တစ်ချိန်တည်းမှာပဲ အစ္စရေးတပ်တွေဟာ ဂါဇာအတွင်း စစ်ရေးတိုက်ခိုက်မှုတွေကို အရှိန်မြင့်နေကြပါတယ်။ ဂါဇာကမ်းမြောင်အလယ်ပိုင်းမှာရှိတဲ့ ရွှေ့ပြောင်းမိသားစုတွေခိုလှုံရာ အလယ်တန်းကျောင်းတစ်ခုကို စနေနေ့က အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ 16 ဦးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့စစ်ဆင်ရေးပြုလုပ်မယ့်နေရာမှာ အရပ်သားတွေထိခိုက်မှုနည်းပါးအောင် သတိပေးမှုတွေ ကြိုတင်ပြုလုပ်ခဲ့တယ်လို့ ဖြေရှင်းထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက