နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲလေဆိပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဖြစ်

+++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၇) ရက်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက မဇင်လေဆိပ်ကို သိမ်းလိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့ ဇူလိုင်လ (၇) ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သံတွဲမြို့သိမ်းတိုက်ပွဲကို သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ (ရီစင်) နဲ့ ဂွေ့ချောင်းကျေးရွာအကြားမှာ စစ်ကောင်စီရဲ့ ခလရ (၅၅) နဲ့ အာရက္ခတပ်တော်တို့ဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်၊ မနက် (၆) နာရီ (၁၀) မိနစ်မှာ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဇွန်လအတွင်းနဲ့ ဇူလိုင်လ ပထမပတ်အတွင်း အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံး တိုက်ပွဲ ဖြစ်ခဲ့တယ်လို့လည်း AA က ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က သံတွဲအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်းတွေအပါအဝင် တပ်မ ၁၀၁ လက်အောက်ခံ ခြေမြန်နဲ့ ခြေလျင်တပ်ရင်းတွေ၊ ဧရာဝတီအခြေစိုက် တပ်ရင်းတချို့၊ သံတွဲ ပြည်သူ့စစ်တပ်ရင်းတချို့နဲ့ (Myanmar Navy SEALs) ရေတပ်အထူးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့တာကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲဟာ ရခိုင်ပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲတွေအတွင်း အခက်ခဲဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့မှာ AA က သိမ်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီက သံတွဲလေဆိပ်အတွင်း၊ လေဆိပ်အဆောက်အအုံတွေ၊ နာမည်ကြီး ဟိုတယ်တွေထဲကနေ ပြန်လည်ခုခံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ငပလီ (မဇင်) လေဆိပ်အနီးက လေဆိပ်အဆောက်အအုံတွေနဲ့ အဲဒီအနီးနားမှာ ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီကို တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ (၅) ရက်နေ့ မနက်ပိုင်းမှာ ငပလီလေဆိပ်ကို AA က ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သံတွဲဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အလေ-ာင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်က ရုပ်အလေ-ာင်းတွေကို AA ဘက်က ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိမှာ တစ်ခုတည်းကျန်နေတဲ့ ခလရ (၅၅) တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းနေတယ်လို့ သိရပါတယ်။

ခလရ (၅၅) နဲ့ အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနဲ့ အခြားအမည်မသိသေးတဲ့ တပ်ရင်းအချိုတို စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနဲ့ အဲ့ဒီအနီးပတ်ဝန်းကျင်ကနေ ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေတဲ့အတွက် တိုက်ပွဲတွေ အခုအချိန်အထိ ပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 33 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ