နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမှာ CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၇) ရက်။

မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ချင်းလဲန်းကောင်စီ (CC) CNF/CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်အင်အားအများအပြားနဲ့ အခိုင်မာခြေချထားတဲ့ မတူပီမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေစဉ်အတွင်းမှာလည်း ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တို့အကြား ဇွန်လလည်ပိုင်းကတည်းက အချင်းချင်းထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့အထိ ချင်းလဲန်းကောင်စီဘက်က ထိုးစစ်ဆင် ပစ်ခတ်တိုက်က်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့က မတူပီမြို့ကို သိမ်းပိုက်ပြီးဖြစ်ပေမယ့် ချင်းလဲန်းကောင်စီက ချင်းညီနောင်မဟာမိတ်အဖွဲ့ကို ခြုံခိုပစ်ခတ်မှုတာတွေအပြင် ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

မတူပီ-ပလက်ဝလမ်းကြောရှိ လေးဆင်း၊ ဝလံပီ၊ ကလား ၊ ဒိန်ကလိန် ကျေးရွာတို့မှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ဇွန်လ (၂၄) ရက်၊ (၂၅) ရက်နဲ့ ဇူလိုင်လ (၃) ရက်၊ (၅) ရက်၊ (၇) ရက်နေ့တို့မှာလည်း ခြုံခိုပစ်ခတ် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် (၃) ရက်အတွင်း ဒရုန်းဗုံးအလုံးရေ (၃၃) လုံး ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့က ဇူလိုင်လ (၆) ရက်နေ့မှာ CDF-Matupi တပ်မဟာ (၂) က နိုင်ဂျွန်ကိမ်းက အဲ့ဒီ ကျေးရွာတဝိုက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း မီဒီယာမှာ ပြောထားပါတယ်။

တိုက်ပွဲအတွင်းမှာလည်း ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

ဒါပေမဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်၍ ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ