နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖက်ဆစ်ဝါဒပြန်အသက်သွင်းနေတဲ့ စစ်အုပ်စုယန္တရား ယိုယွင်းပျက်စီးလာနေပြီလို့ NUG ပြော

+++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၇)ရက်။

ဖက်ဆစ်ဝါဒ ပြန်အသက်သွင်းနေတဲ့ စစ်အုပ်စုယန္တရား ယိုယွင်းပျက်စီးလာနေပြီလို့ NUG ရဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့ သ၀ဏ်လွှာထဲ ပြောဆိုထားချက်အရ သိရပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်ကာ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ သမိုင်းတလျှောက် အရက်စက်ဆုံး ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေတာလို့ ဆိုပါတယ်။

ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေတဲ့ကာလမှာ ကျောင်းသားလူငယ်ထုအနေနဲ့ သမဂ္ဂစိတ်ဓါတ်နဲ့ အချိန်မဆိုင်းဘဲ ပြည်သူလူထုနဲ့အတူ ရှေ့တန်းကနေ တော်လှန်ရုန်းကန်နေကြတယ်လို့ ဖော်ပြထားပါတယ်။

အခုလို မျိုးဆက်သစ် ကျောင်းသားလူငယ်ထုတွေရဲ့ စုစည်းညီညွတ်မှု၊ တီထွင်ဆန်းသစ်နိုင်တာတို့အပြင် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစုတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီလို့ ရေးသားထားပါတယ်။

ဒါ့ပြင် NUG အနေနဲ့လဲ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရာမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့ အနစ်နာခံတာတွေကို အောက်မေ့သတိရနေတယ်လို့ ပြောဆိုထားပါတယ်။

အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်စေဖို့ နိုင်ငံတ၀န်းက မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရင်ကထက် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်နေပြီး အောင်ပွဲဆွတ်ခူးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ သ၀ဏ်လွှာထဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 5 Views
ခေတ်မျက်လုံးပရိဿတ်များ ခေတ်မျက်လုံးရဲ့ဒီတနင်္ဂနွေနေ့ LIVE ဆွေးနွေးမဲ့ ခေါင်းစဥ်ကတော့ အများစိတ်ဝင်စားနေတဲ့ “အာဂျင်တီးနားဝရမ်းနဲ့စကစ” “တရုတ်ဖိအားနဲ့ TNLA” “ထိုင်းဖြတ်တောက်မှုနဲ့ BGF” ဖြစ်ပါတယ်
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်ကောင်စီဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ည (၁၂)နာရီအချိန်က လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွေဟာ နရွဲပင်ဂိတ်စခန်း၊
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းစိန်ထောင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park က ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံခြားသား (၈၀၀)နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေကျူးလွန်တဲ့ နိုင်ငံခြားသား (၇၉၉)ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကနေတဆင့် မြန်မာနိုင်ငံကို
မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၅)ရက်နေ့က ကနဲလေးစခန်းကို
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ