နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်မှာ အသက် (၁၃-၁၅) နှစ် ဝန်းကျင် မိန်းခလေးငယ်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၇) ရက်။

ချင်းပြည်မှာ အသက် (၁၃-၁၅) နှစ် ဝန်းကျင် မိန်းခလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်ကြတယ်လို့ CDF CDM SIYIN က မနေ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ကလေးမြို့ကနေ ကား ၆ စီးနဲ့ ချင်းပြည် (Chinland) ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့ဟာ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းမှာ တီးတိန်မြို့နယ် စီးယင်းဒေသရှိ ‌မွာလ်ပီးရွာကို ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီရွာက ကလေးအမေတစ်ဦးနဲ့ ၁၃ နှစ်ဝန်းကျင် မိန်းကလေး နှစ်ဦးကို အလိုမတူ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြပြီး အဲ့ဒီ အမျိုးသမီး (၂) ဦးက ရုန်းထွက် လွတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အသက် (၁၃-၁၅) နှစ် ဝန်းကျင် အရွယ်ရှိ မိန်းခလေးငယ်တစ်ဦးမှာ သူမရဲ့ နေအိမ် မီးဖိုချောင်းထဲမှာ ထမင်းချက်ပြုတ်ရန် ပြင်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက အိမ်ထဲဝင်လာပြီး လူမဆန်စွာ အနိုင်ကျင့် အဓမ္မပြုကျင့်ခဲ့ကြတာကို ကြားသိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအဖြစ်ပျက်နှင့် ပတ်သက်ပြီး ဒေသခံတွေဘက်က စစ်ကြောင်းနဲ့ သက်ဆိုင်တဲ့ စစ်ကောင်စီတာဝန်ရှိသူတွေထံ သွားရောက်တိုင်တန်းခဲ့ကြရာ စစ်ကောင်စီတာဝန်ရှိသူတွေဘက်က နိုင်ထက်စီးနှင်း ပြုမူကာ ငွေကြေးနဲ့ ဖြေရှင်း‌ပေးမယ်လို့ ပြောကြားခဲ့ပြီး ကလေးမြို့ဘက်သို့ စစ်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ‌နိုဝင်ဘာလ (၁၁) ရက်နေ့ ညကလည်း စကစဘက်မှ တီးတိန်မြို့နယ် စီးယင်းဒေသရှိ အာလွယ်ကျေးရွာမှာ လူနေအိမ်များဖောက်ထွင်းပြီး လင်သားရှိ အမျိုးသမီးကို အကြိမ်ကြိမ် အတင်းအဓမ္မ ပြုကျင့်ခဲ့ကြဖူးပါတယ်လို့ သိရပါတယ်။

စကစဘက်မှ လူစိတ်ကင်းမဲ့တဲ့ ဒီအပြုအမူတွေဟာ ချင်းပြည်နယ်ရှိ ချင်းတစ်မျိုးသားလုံးအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားအနိူင်ကျင့်ရုံမျှမက ဂုဏ်သိက္ခာမဲ့ တစ်ဘဝလုံး အရှက်ကွဲရအောင် ဖန်တီးခဲ့ကြတာဖြစ်ကြောင်း သိသာထင်ရှားလှတယ်လို့ ဖော်ပြထားပါတယ်။

အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီစစ်ကောင်စီလုပ်ရပ်တွေကို CDF CDM SIYIN က ရှုတ်ချကြောင်းနဲ့ အပြင်းထန်ဆုံး ပြန်လည် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ နစ်နာသူ မိန်းကလေးရဲ့ အနာဂတ်လုံခြုံမအေးကအစ အစစအရာရာကိုလည်း CDF CDM SIYIN တာဝန်ယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေအားလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ပြီး၊ တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုတရပ် ဖြစ်ပေါ်လာတဲ့အထိ CDF CDM SIYIN အနေနဲ့ မဆုတ်မနှစ် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

CDF CDM SIYIN (စီးရင်း) ဟာ တီးတိန်၊ တွန်းဇံ၊ ကလေးစတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ စီရင်း- ချင်းမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့တပ်ဖွဲ့ ဖြစ်ပြီး ချင်းလန်းကောင်စီ CC ရဲ့ လက်အောက်ခံ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ CDF- CDM SIYIN ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ချင်းညီနောင်နဲ့ CNF/CNA ချင်းလန်းကောင်စီ CC ဦးဆောင်တဲ့ နှစ်ဖွဲ့အကြား တွေ့ထိမှုတွေဖြစ်နေပြီး အချင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာတွေလည်း ရှိနေပါတယ်။

လတ်တလောမှာလည်း မတူပီမှာ ချင်းညီနောင်ရဲ့ မဟာမိတ် အာရက္ခတပ်တော် AA နဲ့ ချင်းလန်းကောင်စီ CC ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့မှုတွေဖြစ်ခဲ့ပြီး AA ဘက်က တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းတော်လှန်ရေးမှာ CNA လမ်းကြောင်းကနေ တော်လှန်ရေးလမ်းကြောင်း ပြောင်းလာတဲ့ ချင်းလန်းကောင်စီ CC က သူ့လက်အောက်မဝင်တဲ့ CDF တွေကို ဆုံထဲထည့်ထောင်းမယ်လို့ ပြောထားပြီး နိုင်ငံရေးလက်ဦးရယူမှုအနေနဲ့ ချင်းပြည်အစိုးရကို တည်ထောင်ကာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား သဘောထားကွဲအောင် လုပ်နေတယ်လို့ ချင်းတော်လှန်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို မတိုက်ဘဲ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခတပ်တော် AA ကို ရန်လုပ်နေသမျှ ချင်းပြည်မှာ စစ်ကောင်စီမကင်းစင်သ၍ ဒီလို အမှုတွေ ဖြစ်နေအုံးမှာဖြစ်တဲ့အတွက် စစ်ကောင်စီကို တပြိုင်တည်း ချင်းပြည်ကနေ မောင်းထုတ်ဖို့ ချင်းလန်းကောင်စီ CC အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 80 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 78 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 68 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 70 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 72 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 67 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 40 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ