နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေကို ဟန့်တားပေးဖို့ တရုတ်ကို မြောက်ပိုင်းမဟာမိတ်တွေ တောင်းဆို

ဩဂုတ်လ (၇)ရက်။

စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုကျူးလွန်နေတာတွေကို တရုတ်နိုင်ငံက အဓိကထားပြီး ဟန့်တားပေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ မနေ့က ထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့၊ ရွာတွေက ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အစရှိတဲ့ လူထုအဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ ‌ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ဟန့်တားပေးဖို့ နိုင်ငံတကာမိသားစုတွေကို တိုက်တွန်းထားပါမယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ကောင်စီ‌တပ်တွေ လုံး၀ကင်းစင်သွားပြီဖြစ်ကာ ညီနောင်မဟာမိတ် (၃)ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကင်းဝေးစေဖို့ လမ်းညွှန်ထားတဲ့အတိုင်း နေထိုင်သွားလာကြဖို့ အသိပေးထားပါတယ်။

တိုက်ပွဲတွေထဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့၊ ရွာတွေက ပြည်သူတွေကို တိုက်လေယာဉ်တွေနဲ့ ‌ဗုဲးကြဲတိုက်ခိုက်ကာ ကြီးမားတဲ့ စစ်ရာဇ၀တ်မှုတွေကို  ကျူးလွန်နေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဒေသခံပြည်သူတွေ နေထိုင်သွားလာတဲ့ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ တံတားတွေနဲ့ မြို့၊ ရွာတွေကို တိုက်လေယာဉ်တွေနဲ့ ဖျက်အားပြင်းဗုံးတွေနဲ့ တိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။

ဒီလို ပေါင် (၅၀၀)ဗုံးတွေနဲ့ ဖျက်အားပြင်းဗုံးအမျိုးမျိုးနဲ့ ကြဲချတိုက်ခိုက်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်ဦးမြို့က ရွှေပန်းတိမ်ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ၊ ငွေကျပ် သိန်း(၂၅၀)ခန့်နဲ့ ရွှေထည်ပစ္စည်းတွေပါသွားခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 2 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ‌ညောင်ဦးမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မဏိစည်သူဈေးရှိ အောင်ပြည့်ဖြိုး ရွှေပန်းတိမ်ဆိုင်
မြန်မာသတင်း

ပလက်ဝမှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ကြိုးစားသွားမယ်လို့ IKACC ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ပလက်ဝမြို့နယ်မှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားသွားမယ်လို့ ခူမီး(ချင်း)မျိုးနွယ်စုရေးရာအတိုင်ပင်ခံကောင်စီ(IKACC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကာတာနိုင်ငံမှာကျင်းပတဲ့ အေစီဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝနကြီး တက်ရောက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 5 Views
အောက်တိုဘာလ (၄)ရက်။ မနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)ရဲ့ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီထိပ်သီးအစည်းအဝေးကို အေစီဒီနိုင်ငံက အဖွဲ့ဝင်နိုင်ငံပေါင်း (၃၂)နိုင်ငံက ကိုယ်စားလှယ်တွေ
မြန်မာသတင်း

စက်သုံးဆီဝယ်တဲ့အခါ ကတ်အသုံးပြုပြီးဝယ်ယူဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ပြည်တွင်းမှာ စက်သုံးဆီတွေကို ဝယ်ယူခွင့်ကတ်ပြားပုံစံတွေနဲ့ ဝယ်ယူနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စက်သုံးဆီအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခုက စက်သုံးဆီဝယ်ဖို့ ဝယ်ယူခွင့်ကတ်တွေဆိုပြီး နမူနာပုံစံထွက်လာတာတွေ့ရတယ်။ ဘယ်လိုမျိုးလုပ်မယ်ဆိုတာတော့ သေချာမသိရသေးဘူး၊ ပြောနေကြတာတော့
မြန်မာသတင်း

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားဖို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 5 Views
အောက်တိုဘာလ (၄)ရက်။ ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားကြဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ပသွားရောက်လုပ်ကိုင်မယ့်သူတွေဟာ အလုပ်အကိုင်ပတ်စ်ပို့(PJ)နဲ့ OWIC လျှောက်ထားတာတို့ကို မပြုလုပ်ဘဲ PV ကိုသာ လျှောက်ထားပြီး လေကြောင်းခရီးနဲ့ ပြည်ပထွက်ဖို့
မြန်မာသတင်း

အင်အား (၂၀၀၀၀)ကျော်နဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ PNA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလ (၃၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ (၆)ရှိ ရန်ကင်းစစ်ဒေသမှာ အင်အား (၂၀၀၀၀)ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PNA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်အား (၂၀၀၀၀)ကျော်ပါတဲ့ စစ်သင်တန်းဆင်းပွဲကို
မြန်မာသတင်း

တစ်လတာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ကျော်သေဆုံးပြီး (၄၁)ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ရှုံးစစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးခဲ့ကာ (၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်ပြီး
1027 Operations မြန်မာသတင်း

လားရှိုးမြို့ တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခံရ၊ (၃)လတာထဲ အရပ်သား (၃၀)ကျော်သေဆုံးပြီး (၉၀)‌ကျော် ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၂နာရီ (၁၃)မိနစ်ကနေ (၅)နာရီကျော်အထိ