နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်များ

++++++++++++++

နိုဝင်ဘာလ 5 ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်ပါတီက ကာမယ်လာဟဲရစ်ကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ 47 ဦးမြောက်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒေါ်နယ်ထရန့်ဟာ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် သတ်မှတ်ချက်ကို သက်သောင့်သက်သာရယူသွားခဲ့တာဖြစ်ပြီး အမေရိကန်တကျော့ပြန်သမ္မတဖြစ်လာခဲ့တာပါ။ မဲရလဒ်တွေ အားလုံးရေတွက်လို့ မပြီးဆုံးသေးခင်မှာပဲ ဒေါ်နယ်ထရန့်က ဖလော်ရီဒါပြည်နယ် West Palm ကမ်းခြေမှာ သူအနိုင်ရပြီးဆိုတာကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒါဟာ သမိုင်းတလျှောက်အကြီးကျယ်ဆုံးနိုင်ငံရေးအရွေ့ တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဲရလဒ်ရေတွက်မှုတွေမှာ ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့တာကြောင့် မဲရလဒ်တွေရေတွက်မှုအားလုံး မပြီးဆုံးခင်မှာပဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ဒေါ်နယ်ထရန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြတာတွေ လုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သမ္မတရာထူးကို သမိုင်းဝင် ပြန်လည်ရယူနိုင်မှုကြောင့် ဒေါ်နယ်ထရန့်အတွက် ဂုဏ်ယူကြောင်းနဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုပြီး အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာ X ကနေ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ အစ္စရေးကတ်ဇ်ကလည်း “ အမေရိကန်-အစ္စရေးရဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့အတူ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ဖို့ မိစ္ဆာဝန်ရိုးတန်းက အီရန်ကို ရှင်းလင်းသွားမယ်လို့ ရေးသားခဲ့ပါတယ်။

ကာတာဘုရင် အီမာရှိတ်အဲလ်သာနီကတော့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ထပ်မံလက်တွဲသွားနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် အီရန်နိုင်ငံသားတွေရဲ့ စားဝတ်နေရေးထိခိုက်မှာမဟုတ်ဘူးလို့ အီရန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ မစ္စ ဖာတီမက် မိုဟာဂျာရာနီက တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ “ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အီရန်နိုင်ငံရဲ့ အရေးကိစ္စမဟုတ်ပါဘူး။ ကျမတို့ရဲ့ မူဝါဒတွေဟာ လူတစ်ဦးချင်းတစ်ယောက်ချင်းအပေါ်မှာ လိုက်ပြီး ပြောင်းလဲနေမှာလည်း မဟုတ်ပါဘူး။ အရင်ကတည်းကလိုအပ်တဲ့ ကြိုတင်ခန့်မှန်းမှုတွေပြလုပ်ထားတဲ့အတွက် အီရန်နိုင်ငံအတွက် ဘာမှမထိခိုက်နိုင်ဘူးလို့ ယူဆပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဟားမက်စ်စစ်သွေးကြွအုပ်စုကတော့ အမေရိကန်သမ္မတသစ်နဲ့ပတ်သက်ပြီး မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ထားတဲ့ သူ့တို့ရဲ့ ရပ်တည်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲမှာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေး အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။ အမေရိကန်သမ္မတသစ်ကြောင့် နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးတိုးတက်မှု၊ လက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကာဟာဘာဟီက X စာမျက်နာပေါ်မှာ ရေးသားဖော်ပြခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်လည်း မိမိတို့ရဲ့ မူဝါဒက တစ်သမတ်တည်းဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းရှာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှု၊ Win-Win ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အခြေခံမူတွေနဲ့ အညီ တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆက်လက်ရှုမြင်ကိုင်တွယ်သွားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တီကတော့ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရတာကို ဂုဏ်ပြုစကားပြောဆိုခဲ့ပြီး အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အုတ်မြစ်သဖွယ်ဆက်လက်ခိုင်မာနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ ပံ့ပိုးပေးမှုအတွက် ဆက်လက်အားကိုးကြောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။ သမ္မတထရန့်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ ခိုင်မာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ခေတ်ကို ပြန်မြင်တွေ့ရဖို့နဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ တိကျတဲ့အခြေခံမူတွေကို မျှော်ငလ့်ထားကြောင်း ကိုလည်း ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ရုရှားအစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က အမေရိကန်ရဲ့ ခိုင်မာတဲ့ခြေလှမ်းနဲ့ စကားတွေအပေါ် ကောက်ချက်ဆွဲသွားမှာဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်ကနေ ပြောပါတယ်။ ထရန့်မှာ မိမိတို့အတွက် အသုံးဝင်တဲ့ အရည်အချင်းတစ်ခုရှိကြောင်း၊ ထရန့်ဟာ စီးပွါးရေးသမားတစ်ဦးပီပီ မိုက်မဲတဲ့ မဟာမိတ်တွေအတွက် ငွေကြေးအမြောက်အမြားသုံးစွဲတာမျိုးကို ကြိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 19 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 41 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 36 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့