နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်များ

++++++++++++++

နိုဝင်ဘာလ 5 ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်ပါတီက ကာမယ်လာဟဲရစ်ကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ 47 ဦးမြောက်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒေါ်နယ်ထရန့်ဟာ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် သတ်မှတ်ချက်ကို သက်သောင့်သက်သာရယူသွားခဲ့တာဖြစ်ပြီး အမေရိကန်တကျော့ပြန်သမ္မတဖြစ်လာခဲ့တာပါ။ မဲရလဒ်တွေ အားလုံးရေတွက်လို့ မပြီးဆုံးသေးခင်မှာပဲ ဒေါ်နယ်ထရန့်က ဖလော်ရီဒါပြည်နယ် West Palm ကမ်းခြေမှာ သူအနိုင်ရပြီးဆိုတာကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒါဟာ သမိုင်းတလျှောက်အကြီးကျယ်ဆုံးနိုင်ငံရေးအရွေ့ တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဲရလဒ်ရေတွက်မှုတွေမှာ ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့တာကြောင့် မဲရလဒ်တွေရေတွက်မှုအားလုံး မပြီးဆုံးခင်မှာပဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ဒေါ်နယ်ထရန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြတာတွေ လုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သမ္မတရာထူးကို သမိုင်းဝင် ပြန်လည်ရယူနိုင်မှုကြောင့် ဒေါ်နယ်ထရန့်အတွက် ဂုဏ်ယူကြောင်းနဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုပြီး အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာ X ကနေ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ အစ္စရေးကတ်ဇ်ကလည်း “ အမေရိကန်-အစ္စရေးရဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့အတူ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ဖို့ မိစ္ဆာဝန်ရိုးတန်းက အီရန်ကို ရှင်းလင်းသွားမယ်လို့ ရေးသားခဲ့ပါတယ်။

ကာတာဘုရင် အီမာရှိတ်အဲလ်သာနီကတော့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ထပ်မံလက်တွဲသွားနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် အီရန်နိုင်ငံသားတွေရဲ့ စားဝတ်နေရေးထိခိုက်မှာမဟုတ်ဘူးလို့ အီရန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ မစ္စ ဖာတီမက် မိုဟာဂျာရာနီက တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ “ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အီရန်နိုင်ငံရဲ့ အရေးကိစ္စမဟုတ်ပါဘူး။ ကျမတို့ရဲ့ မူဝါဒတွေဟာ လူတစ်ဦးချင်းတစ်ယောက်ချင်းအပေါ်မှာ လိုက်ပြီး ပြောင်းလဲနေမှာလည်း မဟုတ်ပါဘူး။ အရင်ကတည်းကလိုအပ်တဲ့ ကြိုတင်ခန့်မှန်းမှုတွေပြလုပ်ထားတဲ့အတွက် အီရန်နိုင်ငံအတွက် ဘာမှမထိခိုက်နိုင်ဘူးလို့ ယူဆပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဟားမက်စ်စစ်သွေးကြွအုပ်စုကတော့ အမေရိကန်သမ္မတသစ်နဲ့ပတ်သက်ပြီး မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ထားတဲ့ သူ့တို့ရဲ့ ရပ်တည်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲမှာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေး အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။ အမေရိကန်သမ္မတသစ်ကြောင့် နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးတိုးတက်မှု၊ လက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကာဟာဘာဟီက X စာမျက်နာပေါ်မှာ ရေးသားဖော်ပြခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်လည်း မိမိတို့ရဲ့ မူဝါဒက တစ်သမတ်တည်းဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းရှာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှု၊ Win-Win ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အခြေခံမူတွေနဲ့ အညီ တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆက်လက်ရှုမြင်ကိုင်တွယ်သွားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တီကတော့ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရတာကို ဂုဏ်ပြုစကားပြောဆိုခဲ့ပြီး အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အုတ်မြစ်သဖွယ်ဆက်လက်ခိုင်မာနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ ပံ့ပိုးပေးမှုအတွက် ဆက်လက်အားကိုးကြောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။ သမ္မတထရန့်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ ခိုင်မာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ခေတ်ကို ပြန်မြင်တွေ့ရဖို့နဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ တိကျတဲ့အခြေခံမူတွေကို မျှော်ငလ့်ထားကြောင်း ကိုလည်း ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ရုရှားအစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က အမေရိကန်ရဲ့ ခိုင်မာတဲ့ခြေလှမ်းနဲ့ စကားတွေအပေါ် ကောက်ချက်ဆွဲသွားမှာဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်ကနေ ပြောပါတယ်။ ထရန့်မှာ မိမိတို့အတွက် အသုံးဝင်တဲ့ အရည်အချင်းတစ်ခုရှိကြောင်း၊ ထရန့်ဟာ စီးပွါးရေးသမားတစ်ဦးပီပီ မိုက်မဲတဲ့ မဟာမိတ်တွေအတွက် ငွေကြေးအမြောက်အမြားသုံးစွဲတာမျိုးကို ကြိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ