နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်များ

++++++++++++++

နိုဝင်ဘာလ 5 ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်ပါတီက ကာမယ်လာဟဲရစ်ကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ 47 ဦးမြောက်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒေါ်နယ်ထရန့်ဟာ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် သတ်မှတ်ချက်ကို သက်သောင့်သက်သာရယူသွားခဲ့တာဖြစ်ပြီး အမေရိကန်တကျော့ပြန်သမ္မတဖြစ်လာခဲ့တာပါ။ မဲရလဒ်တွေ အားလုံးရေတွက်လို့ မပြီးဆုံးသေးခင်မှာပဲ ဒေါ်နယ်ထရန့်က ဖလော်ရီဒါပြည်နယ် West Palm ကမ်းခြေမှာ သူအနိုင်ရပြီးဆိုတာကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒါဟာ သမိုင်းတလျှောက်အကြီးကျယ်ဆုံးနိုင်ငံရေးအရွေ့ တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဲရလဒ်ရေတွက်မှုတွေမှာ ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့တာကြောင့် မဲရလဒ်တွေရေတွက်မှုအားလုံး မပြီးဆုံးခင်မှာပဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ဒေါ်နယ်ထရန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြတာတွေ လုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သမ္မတရာထူးကို သမိုင်းဝင် ပြန်လည်ရယူနိုင်မှုကြောင့် ဒေါ်နယ်ထရန့်အတွက် ဂုဏ်ယူကြောင်းနဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုပြီး အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာ X ကနေ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ အစ္စရေးကတ်ဇ်ကလည်း “ အမေရိကန်-အစ္စရေးရဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့အတူ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ဖို့ မိစ္ဆာဝန်ရိုးတန်းက အီရန်ကို ရှင်းလင်းသွားမယ်လို့ ရေးသားခဲ့ပါတယ်။

ကာတာဘုရင် အီမာရှိတ်အဲလ်သာနီကတော့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ထပ်မံလက်တွဲသွားနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် အီရန်နိုင်ငံသားတွေရဲ့ စားဝတ်နေရေးထိခိုက်မှာမဟုတ်ဘူးလို့ အီရန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ မစ္စ ဖာတီမက် မိုဟာဂျာရာနီက တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ “ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အီရန်နိုင်ငံရဲ့ အရေးကိစ္စမဟုတ်ပါဘူး။ ကျမတို့ရဲ့ မူဝါဒတွေဟာ လူတစ်ဦးချင်းတစ်ယောက်ချင်းအပေါ်မှာ လိုက်ပြီး ပြောင်းလဲနေမှာလည်း မဟုတ်ပါဘူး။ အရင်ကတည်းကလိုအပ်တဲ့ ကြိုတင်ခန့်မှန်းမှုတွေပြလုပ်ထားတဲ့အတွက် အီရန်နိုင်ငံအတွက် ဘာမှမထိခိုက်နိုင်ဘူးလို့ ယူဆပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဟားမက်စ်စစ်သွေးကြွအုပ်စုကတော့ အမေရိကန်သမ္မတသစ်နဲ့ပတ်သက်ပြီး မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ထားတဲ့ သူ့တို့ရဲ့ ရပ်တည်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲမှာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေး အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။ အမေရိကန်သမ္မတသစ်ကြောင့် နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးတိုးတက်မှု၊ လက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ အခန်းကဏ္ဍသစ်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကာဟာဘာဟီက X စာမျက်နာပေါ်မှာ ရေးသားဖော်ပြခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်လည်း မိမိတို့ရဲ့ မူဝါဒက တစ်သမတ်တည်းဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းရှာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှု၊ Win-Win ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အခြေခံမူတွေနဲ့ အညီ တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆက်လက်ရှုမြင်ကိုင်တွယ်သွားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တီကတော့ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရတာကို ဂုဏ်ပြုစကားပြောဆိုခဲ့ပြီး အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အုတ်မြစ်သဖွယ်ဆက်လက်ခိုင်မာနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ ပံ့ပိုးပေးမှုအတွက် ဆက်လက်အားကိုးကြောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။ သမ္မတထရန့်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ ခိုင်မာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ခေတ်ကို ပြန်မြင်တွေ့ရဖို့နဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ တိကျတဲ့အခြေခံမူတွေကို မျှော်ငလ့်ထားကြောင်း ကိုလည်း ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ရုရှားအစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က အမေရိကန်ရဲ့ ခိုင်မာတဲ့ခြေလှမ်းနဲ့ စကားတွေအပေါ် ကောက်ချက်ဆွဲသွားမှာဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်ကနေ ပြောပါတယ်။ ထရန့်မှာ မိမိတို့အတွက် အသုံးဝင်တဲ့ အရည်အချင်းတစ်ခုရှိကြောင်း၊ ထရန့်ဟာ စီးပွါးရေးသမားတစ်ဦးပီပီ မိုက်မဲတဲ့ မဟာမိတ်တွေအတွက် ငွေကြေးအမြောက်အမြားသုံးစွဲတာမျိုးကို ကြိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

သမတဘိုင်ဒင်သည် ထရန့် ပစ်မှတ်ထားနိုင်သည့် အရာရှိများအတွက် ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 2 Views
ဖြစ်နိုင်ချေရှိသောအမည်များမှာ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ (Mark Milley)၊ လစ်ဇ်ချိန်နီ (Liz Cheney)၊ အဒမ်ရှစ်ဖ် (Adam Schiff) နှင့်
နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကြီးသည် တတိယမြောက် နျူကလီးယားခေတ်ရောက်လုနီးပါးဖြစ်နေပြီဟု ဗြိတိန်စစ်တပ်အကြီးအကဲက သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 2 Views
ဒီဇင်ဘာ (၆) ရက်။ ကမ္ဘာသည် တတိယမြောက် နျူကလီးယားခေတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု ဗြိတိသျှစစ်တပ်၏ အကြီးအကဲက အချက်ပေးလိုက်သည်။ ဒီဇင်ဘာလ
နိုင်ငံတကာသတင်း

အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုးကြောင့် တစ်လကျော်အတွင်း လူ ၂၇ ဦး သေဆုံး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 2 Views
ဒီဇင်ဘာလ (၆) ရက်။ ကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုး လူ ၃၈၂ ဦးတွင် ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦးသေဆံးခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ ယခုရောဂါအသစ်သည်
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား အတိုက်အခံပါတီ ခြောက်ဖွဲ့က သမ္မတယွန်ကို စွပ်စွဲပြစ်တင်တဲ့ ဥပဒေကြမ်းကို တင်သွင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 11 Views
ဒီဇင်ဘာလ (၄) ရက်။ တောင်ကိုရီးယား၏ Yonhap News ၏ဖော်ပြချက်အရ၊ အတိုက်အခံပါတီကြီးဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပါတီအပါအဝင် အတိုက်အခံပါတီခြောက်ခုက သမ္မတယွန်အား အမျိုးသားလွှတ်တော်၌ မွန်းလွဲ (၂း၄၀) နာရီတွင် ပြစ်ချက်တင်ရန် ဥပဒေကြမ်းတင်သွင်းခဲ့သည်။ သမ္မတယွန်က ဒီဇင်ဘာလ ၃
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား ၆ နာရီအတွင်း စစ်အုပ်ချုပ်ရေး ရုတ်သိမ်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 16 Views
++++++++++++++++++++++++++++++++++ သမ္မတယွန်၏ “ ကြိုတင်ပြင်ဆင်ထားသော ရှုံးနိမ့်ခြင်း” သည် အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။ ဒီဇင်ဘာလ (၄) ရက်/ KOREA WAVE။ တောင်ကိုရီးယားသမ္မတယွန်သည် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း ခြောက်နာရီအတွင်း ရုတ်သိမ်းခဲ့သည်။
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတက “အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃) ရက် တောင်ကိုးရီးယားသမ္မတယွန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညမှာ နိုင်ငံကို မိန့်ခွန်းပြောပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ သမ္မတယွန်က အုပ်ချုပ်ရေး စတင်တာဝန်ယူချိန်က စတင်ပြီး အစိုးရအရာရှိတွေကို စွပ်စွဲထားတဲ့ ၂၂
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်အစိုးရမတက်ခင် အမေရိကန်က ဒေါ်လာ ၇၂၅ သန်းတန် လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့မည်ဖြစ်သည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃) ရက်။ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များ၊ လူသုံးမိုင်းများနှင့် အခြားလက်နက်များကို စုစုပေါင်း ဒေါ်လာ ၇၂၅ သန်း ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ဇန်နဝါရီလတွင်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခွင့်အလမ်းကို အဆုံးသတ်သွား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃) ရက်။ တနင်္ဂနွေနေ့က ကျင်းပသည့် ဥဒုံဌာနီ (Udon Thani) ရွေးကောက်ပွဲတွင် အာဏာရပါတီနှင့် အတိုက်အခံခေါင်းဆောင်တို့အကြား အကွဲအပြဲများ ကျယ်ပြန့်လာစေခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခွင့်အလမ်းကို အဆုံးသတ်စေခဲ့သည်။ ဥဒုံဌာနီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲနေရာအတွက်