နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာအရေးကိစ္စ တစ်စုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တင်သွင်းဖို့ ပြတ်ပြတ်သားသား လုပ်သင့်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

နိုဝင်ဘာလ (၇)ရက်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကိစ္စ တစ်စုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တင်သွင်းဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလညီလာခံရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့အပေါင်းအပါတွေကို တာဝန်ခံမှုရှိစေရမှာဖြစ်ပြီး နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တရားဥပဒေအရ မျှတမှုနဲ့ ပြန်လည်ကုစားပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ဖို့နဲ့ တာဝန်ခံမှုရှိစေဖို့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ချုပ်ငြိမ်းတာအပြင် အခြားနည်းလမ်း မရှိတာကြောင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကနေ သက်သေအထောက်အထားတွေ စုဆောင်းနိုင်ဖို့အတွက် ထောက်ပံ့ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တာတွေကို ရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးဖို့ လုံခြုံရေးကောင်စီကနေ တောင်းဆိုနိုင်မယ့် အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ကို စဉ်းစားရမယ်လို့ ပြောဆိုထားပါတယ်။

ဒီလို ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ စောင့်ဆိုင်းနေချိန်မှာပဲ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တာတွေကို ရပ်တန့်နိုင်ဖို့နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေ လျော့ကျစေဖို့ နိုင်ငံတကာအနေနဲ့ အရေးယူပိတ်ဆို့ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အခုအချိန်မှာ စစ်ကောင်စီထံကို လေယာဉ်ဆီအပါအဝင် လက်နက်၊ ခဲယမ်း၊ နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ ငွေကြေးတွေ ထောက်ပံ့နေတဲ့ နိုင်ငံတွေအနေနဲ့ မဖြစ်မနေ ရပ်တန့်ရမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီတို့အနေနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အကြံပြုချက်တွေကို အာရုံစိုက်ပြီး အချိန်မီ အရေးယူဖို့ကိုလဲ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့