နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုး‌ပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလ (၇)ရက်။

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းကပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ကူမသ်းမြို့မှာပြုလုပ်တဲ့ (၈)ကြိမ်‌မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ ဒေသရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ခေတ်မီနည်းစနစ်တွေ အသုံးပြုပြီး ပြည်သူတွေ စားနပ်ရိက္ခာဖူလုံဖို့အတွက် ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

နောက်ပြီး ၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံတွေထဲမှာ အဆင့်(၈)ဖြစ်ပြီး ပဲတင်ပို့တာဟာ အဆင့်(၂)ဖြစ်တယ်လို့လဲ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာပြုလုပ်တဲ့ မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတယ်ဆိုပြီး ပြောဆိုချက်ဟာ ကုလအပါအဝင် အစီရင်ခံစာတွေရဲ့ ဖော်ပြချက်တွေနဲ့ ကွဲလွဲနေပါတယ်။

စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး (၄)နှစ်နီးပါးကာလထဲ မြန်မာပြည်တွင်းမှာ အကြပ်အတည်းပေါင်းစုံနဲ့ ပြည်သူတွေဟာ ဒုက္ခအမျိုးမျိုး ခံစားနေရပြီး လူမှုဘဝရပ်တည်နိုင်ဖို့ကို ရုန်းကန်နေကြရတယ်လို့ အစီရင်ခံစာတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက် စီးပွားရေးကျဆင်းလာတာနဲ့ ကဏ္ဍပေါင်းစုံ ယိုယွင်းပျက်စီးလာပြီး ကုန်ဈေးနှုန်းမြင့်မားလာတာကြောင့် နိုင်ငံ့လူဦးရေရဲ့ (၄)ပုံ (၁)ပုံခန့်ဟာ စားနပ်ရိက္ခာပြဿနာနဲ့ ကြုံ‌တွေ့နေရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယ လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် အလောင်း ၂၀၀ ကျော် တွေ့ရှိ မြေပြင်ရှိ ဆေးကျောင်းအဆောင်ပေါ် ပျက်ကျရာ ကျောင်းသား ငါးဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 15 Views
ဇွန်လ (၁၂) ရက်။ အိန္ဒိယလေကြောင်းလိုင်း အဲယားအိန္ဒိ ခရီးသည်တင်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း၊ ဂူဂျာရတ်မြို့ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီး ၁ မိနစ်အကြာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယမှာ လန်ဒန်သွားမည့် ခရီးသည်တင်လေယာဉ် လူနေရပ်ကွက်ထဲ ပျက်ကြ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 11 Views
ဇွန်လ ၁၂ ရက်။ ခရီးသည် ၂၄၂ ဦးလိုက်ပါလာတဲ့ အဲယားအိန္ဒိယလေယာဉ်တစ်စင်းဟာ အိန္ဒိယအနောက်ပိုင်းက ဂူဂျာရပ်ပြည်နယ်၊ အာမက်ဒဘတ် (Ahmedabad) မြို့ရှိ နိုင်ငံတကာလေဆိပ်အနီးက လူနေရပ်ကွက်ထဲမှာ ဒီနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ခဏအကြာ
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ