နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခတစ်ခုထဲသာ ကျန်တော့တဲ့အချိန် စစ်ကောင်စီရခိုင်ဝန်ကြီးချုပ် အထူးနေ့လယ်စာစားပွဲ တက်ရောက်နေ

ဒီဇင်ဘာလ (၇)ရက်။

AA က အမ်းမှာ နပခဌာနချုပ်တစ်ခုသာ ကျန်တော့တယ်လို့ ထုတ်ပြန်တဲ့ မနေ့ကအချိန်မှာပဲ စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့မှာ အထူးနေ့လယ်စာစားပွဲ တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းဟာ မနေ့က ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ကို လှည့်လည်ကြည့်ရှုကာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးနေ့လယ်စာစားပွဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီခန့်ရခိုင်ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် အချင်းချင်း စည်းလုံးညီညွတ်ဖို့၊ တပ်ဖွဲ့စိတ်ရှိဖို့အပြင် လုပ်ငန်းအပေါ် ကျွမ်းကျင်မှုရှိဖို့ လေ့ကျင့်ဖို့နဲ့ အထက်အရာရှိတွေရဲ့ အတွေ့အကြုံတွေကို ရယူကြိုးစားဖို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အဓိကကျပြီး တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှလဲ တည်ငြိမ်အေးချမ်းမှာဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းမြို့ကိုလဲ သိမ်းပိုက်နိုင်ဖို့ နပခတိုင်းစစ်ဌာနချုပ် တစ်ခုထဲသာ ကျန်ရှိတော့တာပါ။

ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ရဲ့ တပ်စခန်း (၃၀)ကျော်ကို AA က သိမ်းပိုက်ထားပြီးဖြစ်သလို နပခဌာနချုပ်ကို စစ်ကူမပို့နိုင်တော့တဲ့ အခြေအနေကြောင့် မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တောမြို့မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)ကိုလဲ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို တောင်ကုတ်နဲ့ ဂွမြို့က စစ်ကောင်စီလက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 6 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 6 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 11 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 16 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်း တပ်မ(၃၃)ကနေ ထွက်လာတဲ့ စခယာဉ်တန်း
မြန်မာသတင်း

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ထရန့်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 9 Views
ဇန်နဝါရီလ (၂၃) ရက်။ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် သမ္မတထရန့်က ပြောပါတယ်။ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သမ္မတထရန့်က ယူကရိန်းကို
မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 12 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်‌တွေ တားဆီးဖို့၊