နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခတစ်ခုထဲသာ ကျန်တော့တဲ့အချိန် စစ်ကောင်စီရခိုင်ဝန်ကြီးချုပ် အထူးနေ့လယ်စာစားပွဲ တက်ရောက်နေ

ဒီဇင်ဘာလ (၇)ရက်။

AA က အမ်းမှာ နပခဌာနချုပ်တစ်ခုသာ ကျန်တော့တယ်လို့ ထုတ်ပြန်တဲ့ မနေ့ကအချိန်မှာပဲ စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့မှာ အထူးနေ့လယ်စာစားပွဲ တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းဟာ မနေ့က ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ကို လှည့်လည်ကြည့်ရှုကာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးနေ့လယ်စာစားပွဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီခန့်ရခိုင်ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် အချင်းချင်း စည်းလုံးညီညွတ်ဖို့၊ တပ်ဖွဲ့စိတ်ရှိဖို့အပြင် လုပ်ငန်းအပေါ် ကျွမ်းကျင်မှုရှိဖို့ လေ့ကျင့်ဖို့နဲ့ အထက်အရာရှိတွေရဲ့ အတွေ့အကြုံတွေကို ရယူကြိုးစားဖို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အဓိကကျပြီး တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှလဲ တည်ငြိမ်အေးချမ်းမှာဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းမြို့ကိုလဲ သိမ်းပိုက်နိုင်ဖို့ နပခတိုင်းစစ်ဌာနချုပ် တစ်ခုထဲသာ ကျန်ရှိတော့တာပါ။

ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ရဲ့ တပ်စခန်း (၃၀)ကျော်ကို AA က သိမ်းပိုက်ထားပြီးဖြစ်သလို နပခဌာနချုပ်ကို စစ်ကူမပို့နိုင်တော့တဲ့ အခြေအနေကြောင့် မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တောမြို့မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)ကိုလဲ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို တောင်ကုတ်နဲ့ ဂွမြို့က စစ်ကောင်စီလက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 9 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့