နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတယွန်က ပြည်သူများအား အလွန်စိတ်မကောင်းဖြစ်ကြောင်း တောင်းပန်စကားဆို

သမ္မတယွန်အား စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို ပယ်ချမည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ဆို

ဒီဇင်ဘာလ (၇) ရက်။

ဒီနေ့ ဒီဇင်ဘာလ (၇) ရက်နေ့တွင် တောင်ကိုရီးယားသမ္မတယွန်ဆော့(က)ယို (Yun Seok-Yeol) က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ၎င်း၏ပထမဆုံးသော သဘောထားမှတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြည်သူများကို တောင်းပန်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရေးမှာ ကမောက်ကမဖြစ်ခဲ့ပြီး ယွန်ကို စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

သူ့ရဲ့ နှစ်မိနစ်စာ ထုတ်ပြန်ချက်မှာ ယွန်က “ဒီအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာမှုဟာ နိုင်ငံတော်ကို အဆုံးစွန်တာဝန်ယူနေတဲ့ သမ္မတအနေနဲ့ အရေးတကြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကြောင့် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် ပြည်သူတွေ အကြီးအကျယ် ထိတ်လန့်သွားရတဲ့အတွက် ကျွန်တော် အလွန်စိတ်မကောင်းဖြစ်ရတာကို စိတ်ရင်းမှန်နဲ့ ဖော်ပြလိုပြီး နှလုံးသားထဲကနေ လှိုက်လှဲစွာ တောင်းပန်ပါတယ်။”

တောင်ကိုးရီးယားပြည်သူတွေ စိုးရိမ်ပူပန်မှုတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်စေခဲ့တယ်လို့ ယွန်က ထပ်လောင်း ပြောကြားခဲ့ပြီး “ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကို ပြန်လည်ပြဌာန်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။

ယွန်က မြောက်ကိုရီးယားကို စာနာပြီး အမျိုးသားဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တယ်လို့ အတိုက်အခံပါတီတွေကို အဓိကစွပ်စွဲကာ ဒီဇင်ဘာလ (၃) ရက်နေ့ညမှာ စစ်အုပ်ချုပ်ရေးကို ရုတ်တရက် ကြေညာခဲ့ပါတယ်။ အထူးသဖြင့် ပါလီမန်တွင် နေရာအများစုရထားတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အကြီးတန်းအစိုးရရှေ့နေတွေကို စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့တာအပြင် အစိုးရရဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို သဘောတူရန် ငြင်းဆိုခဲ့တာကြောင့်လို့ ယွန်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် စစ်အုပ်ချုပ်ရေး ချမှတ်ခြင်းမှ တားဆီးဖို့ လွှတ်တော်အဖွဲ့ဝင်တွေ စည်းလုံးညီညွတ်ခဲ့တဲ့အတွက် ယွန်ဟာ ခြောက်နာရီအတွင်း စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းခဲ့ရပါတယ်။

အဲ့ဒီအချိန်ကစ၍ ယွန်အပေါ် ဖိအားတွေ တိုးလာကာ သူရဲ့အာဏာရပါတီ “ပြည်သူ့အင်အားပါတီ” နဲ့ စစ်တပ်တို့က သူ့ကို စွပ်စွဲပြစ်တင်ရန် တောင်းဆိုခဲ့ကြပါတယ်။

ယွန်ကို တရားဆွဲဆိုနိုင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ဒီနေ့ ၇ ရက်နေ့ ညနေမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သမ္မတယွန်အား စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို ပယ်ချမည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ဖော်ပြနေကြပါတယ်။

သမ္မတယွန်ကို စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ရာ အတိုက်အခံပါတီအပြင် အာဏာရပါတီက ပါတီဝင် (၈) ဦးက ထောက်ခံမဲ ပေးမှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော